“ကျော်ကျော်တစ်ယောက် ဘုရားတရားပိုလုပ်ရအောင် ကူညီခဲ့တဲ့ ခန့်စည်သူ”

သရုပ်ဆောင်မင်းသားချောလေးဖြစ်တဲ့ ကျော်ကျော်ကတော့ ဒီနေ့ အောက်တိုဘာလ (၂၅)ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာနေက ခန့်စည်သူကို ကျေးဇူးတင်ကြောင်းဖော်ပြလာပါတယ်။အခုလိုကျော်ကျော်က ခန့်စည်သူကို ကျေးဇူးတင်နေရတဲ့ အကြောင်းအရင်းကတော့ ပဌာန်းကျမ်းစာအုပ်တွေကိုလက်ဆောင်အဖြစ်လှူဒါန်းပေးတာကြောင့်ပဲဖြစ်ပြီး “ပဌာန်းကျမ်းများကို လက်ဆောင်အဖြစ်လှူဒါန်းပေးပါသော ကိုခန့်ကို ကျေးဇူးများကြီးတင်ပါတယ်။ သာဓုလည်းခေါ်ဆိုပါတယ်အကိုရေ”ဆိုပြီးဖော်ပြထားတာပဲဖြစ်ပါတယ်။

ခန့်စည်သူကတော့ ကိုယ်တိုင်လည်း ဘုရားတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေကို မကြာခဏဆိုသလို ပြုလုပ်တတ်တာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ ရုပ်ရှင်ရိုက်ကူးရေးတွေနဲ့ ရောက်ရှိသွားတဲ့ နေရာဒေသတွေမှာလည်း လိုအပ်တဲ့ လှူဒါန်းမှုကို အမြဲလိုလိုပြုလုပ်လေ့ရှိပြီး လက်ရှိမှာလည်း ညီတစ်ယောက်လိုချစ်ခင်ရတဲ့ ကျော်ကျော်တစ်ယောက် ပဌာန်းရွတ်ဖတ်ပူဇော်နိုင်အောင် ပဌာန်းကျမ်းစာအုပ်တွေကို လှူဒါန်းခဲ့ပြန်ပါတယ်။

ကျော်ကျော်ကတော့အခုလို လှူဒါန်းခဲ့တဲ့ အတွက် ခန့်စည်သူကို ကျေးဇူးတင်စကားဆိုထားတဲ့အပြင် “ကိုခန့်လည်း ဒီထက်မကအောင်မြင်ပါစေ။လူပျိုကြီးဘဝမှလည်း အမြန်ဆုံးကျွတ်ပါစေ အသဲကွဲနေရင်လည်း အမြန်ဆုံးပြန်စိပါစေလို့ ဆုတောင်းပေးပါတယ် ချစ်သောအကိုကြီးခင်ဗျ”လို့လည်း စနောက်ပြီးပြောဆိုထားပါသေးတယ်။ပရိသတ်တွေကတော့ ကျော်ကျော်ရဲ့ အသဲကွဲရင်လည်း အမြန်ဆုံးပြန်စိပါစေဆိုတဲ့ ဆုတောင်းစကားလေးကြောင့် လူပျိုကြီး ခန့်စည်သူတစ်ယောက် ချစ်သူများရနေပြီလားလို့လည်း မေးမြန်းနေကြပါသေးတယ်။

Source : Kyaw Naing Oo
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

“ေက်ာ္ေက်ာ္တစ္ေယာက္ ဘုရားတရားပိုလုပ္ရေအာင္ ကူညီခဲ့တဲ့ ခန္႕စည္သူ”

သ႐ုပ္ေဆာင္မင္းသားေခ်ာေလးျဖစ္တဲ့ ေက်ာ္ေက်ာ္ကေတာ့ ဒီေန႕ ေအာက္တိုဘာလ (၂၅)ရက္ေန႕မွာ သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာေနက ခန္႕စည္သူကို ေက်းဇူးတင္ေၾကာင္းေဖာ္ျပလာပါတယ္။အခုလိုေက်ာ္ေက်ာ္က ခန္႕စည္သူကို ေက်းဇူးတင္ေနရတဲ့ အေၾကာင္းအရင္းကေတာ့ ပဌာန္းက်မ္းစာအုပ္ေတြကိုလက္ေဆာင္အျဖစ္လွဴဒါန္းေပးတာေၾကာင့္ပဲျဖစ္ၿပီး “ပဌာန္းက်မ္းမ်ားကို လက္ေဆာင္အျဖစ္လွဴဒါန္းေပးပါေသာ ကိုခန္႔ကို ေက်းဇူးမ်ားႀကီးတင္ပါတယ္။ သာဓုလည္းေခၚဆိုပါတယ္အကိုေရ”ဆိုၿပီးေဖာ္ျပထားတာပဲျဖစ္ပါတယ္။

ခန္႕စည္သူကေတာ့ ကိုယ္တိုင္လည္း ဘုရားတရားကိုင္းရွိဳင္းၿပီး အလွဴအတန္းေတြကို မၾကာခဏဆိုသလို ျပဳလုပ္တတ္တာလည္း ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။ ႐ုပ္ရွင္႐ိုက္ကူးေရးေတြနဲ႕ ေရာက္ရွိသြားတဲ့ ေနရာေဒသေတြမွာလည္း လိုအပ္တဲ့ လွဴဒါန္းမႈကို အၿမဲလိုလိုျပဳလုပ္ေလ့ရွိၿပီး လက္ရွိမွာလည္း ညီတစ္ေယာက္လိုခ်စ္ခင္ရတဲ့ ေက်ာ္ေက်ာ္တစ္ေယာက္ ပဌာန္းရြတ္ဖတ္ပူေဇာ္ႏိုင္ေအာင္ ပဌာန္းက်မ္းစာအုပ္ေတြကို လွဴဒါန္းခဲ့ျပန္ပါတယ္။

ေက်ာ္ေက်ာ္ကေတာ့အခုလို လႉဒါန္းခဲ့တဲ့ အတြက္ ခန္႕စည္သူကို ေက်းဇူးတင္စကားဆိုထားတဲ့အျပင္ “ကိုခန္႔လည္း ဒီထက္မကေအာင္ျမင္ပါေစ။လူပ်ိဳႀကီးဘဝမွလည္း အျမန္ဆံုးက်ြတ္ပါေစ အသဲကြဲေနရင္လည္း အျမန္ဆံုးျပန္စိပါေစလို႔ ဆုေတာင္းေပးပါတယ္ ခ်စ္ေသာအကိုႀကီးခင္ဗ်”လို႕လည္း စေနာက္ၿပီးေျပာဆိုထားပါေသးတယ္။ပရိသတ္ေတြကေတာ့ ေက်ာ္ေက်ာ္ရဲ႕ အသဲကြဲရင္လည္း အျမန္ဆံုးျပန္စိပါေစဆိုတဲ့ ဆုေတာင္းစကားေလးေၾကာင့္ လူပ်ိဳႀကီး ခန္႕စည္သူတစ္ေယာက္ ခ်စ္သူမ်ားရေနၿပီလားလို႕လည္း ေမးျမန္းေနၾကပါေသးတယ္။

Source : Kyaw Naing Oo
Chilli – CeleGabar

x
error: Content is protected !!