“ချစ်သူငယ်လေး ဟိန်းမင်းသူရဲ့မွေးနေ့မှာ အမှန်အကန်ဆုတောင်းပေးခဲ့တဲ့ လွင်ခန့်မောင်”

ဒီနေ့ အောက်တိုဘာလ(၂၅)ရက်နေ့လေးကတော့ အဆိုတော် ဟိန်းမင်းသူရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ ဟိန်းမင်းးသူဟာ နိုင်ငံခြားဆန်တဲ့မျက်နှာ၊အရပ်အမောင်းနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံတို့ကြောင့် ပရိသတ်တွေရဲ့မျက်လုံးထဲမှာ တစ်မျိုးဆန်းပြီး အားပေးမှုရရှိခဲ့တယ်ဆိုလည်း မမှားပါဘူး။ ချစ်တဲ့ ပရိသတ်တချို့ကလည်း ဂျက်စတင်ဘီဘာနဲ့တူတာကြောင့် မြန်မာပြည်ရဲ့ဂျေဘီလို့တင်စားခေါ်ကြပါသေးတယ်။

ဟိန်းမင်းသူဟာ အဆိုတော်တစ်ယောက်အနေနဲ့ရပ်တည်နေတာဖြစ်ပေမယ့် ခန္ဓာကိုယ်တည်ဆောက်မှုအပိုင်းကို အရမ်းအလေးထားတာကြောင့် အမိုက်စားခန္ဓာကိုယ်နဲ့ မိန်းကလေးထုကြီးပါးစပ်ဖျားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ကိုယ်ကိုတိုင်ခန္ဓာကိုယ်ကို စနစ်တကျထိန်းသိမ်းထားပေမယ့် ၀၀ကစ်ကစ်နဲ့ ချစ်ဖို့ကောင်းတဲ့မိန်းကလေးတွေအတွက် သီဆိုထားတဲ့ “ဝလုံးလေး”ဆိုတဲ့ သီချင်းလေးကလည်း လူငယ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။

ချစ်ခင်ရတဲ့ သူငယ်ချင်းများစွာရှိတဲ့ထဲက ဟိန်းမင်းသူနဲ့ Stylistတစ်ယောက်ဖြစ်တဲ့ လွင်ခန့်မောင်ဟာဆိုရင် တော်တော်လေး အတွဲညီတယ်ဆိုရမှာပါ။ ဒီနေ့ကျရောက်တဲ့ ချစ်သူငယ်ချင်းရဲ့မွေးနေ့လေးမှာ “ Happy Birthday ပါ ဟိန်းမင်းသူရေ…ဒီထက်မက အောင်မြင်ပြီး ဝင်ငွေတွေအများကြီး ဝင်ပါစေ..ဒီထက်မကလည်း ဖွန်ကြောင်နိုင်ပါစေ..ဒီထက်မကလည်း အနိုင်ကျင့်နိုင်ပါစေ… ဒီထက်မကလဲ ကိတ်ပါစေ…ဒီထက်မက ဒီထက်မကတွေပဲ ဖြစ်ပါစေ” ဆိုပြီး ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။
Source – Lwin Khant Maung
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ခ်စ္သူငယ္ေလး ဟိန္းမင္းသူရဲ႕ေမြးေန႔မွာ အမွန္အကန္ဆုေတာင္းေပးခဲ့တဲ့ လြင္ခန္႔ေမာင္”

ဒီေန႔ ေအာက္တုိဘာလ(၂၅)ရက္ေန႔ေလးကေတာ့ အဆိုေတာ္ ဟိန္းမင္းသူရဲ႕ေမြးေန႔ေလးပဲျဖစ္ပါတယ္။ ဟိန္းမင္းးသူဟာ ႏိုင္ငံျခားဆန္တဲ့မ်က္ႏွာ၊အရပ္အေမာင္းနဲ႔ ခႏၶာကုိယ္တည္ေဆာက္ပံုတုိ႔ေၾကာင့္ ပရိသတ္ေတြရဲ႕မ်က္လံုးထဲမွာ တစ္မ်ိဳးဆန္းျပီး အားေပးမွုရရွိခဲ့တယ္ဆိုလည္း မမွားပါဘူး။ ခ်စ္တဲ့ ပရိသတ္တခ်ိဳ႕ကလည္း ဂ်က္စတင္ဘီဘာနဲ႕တူတာေၾကာင့္ ျမန္မာျပည္ရဲ႕ေဂ်ဘီလို႔တင္စားေခၚၾကပါေသးတယ္။

ဟိန္းမင္းသူဟာ အဆိုေတာ္တစ္ေယာက္အေနနဲ႕ရပ္တည္ေနတာျဖစ္ေပမယ့္ ခႏၶာကိုယ္တည္ေဆာက္မွုအပိုင္းကို အရမ္းအေလးထားတာေၾကာင့္ အမုိက္စားခႏၶာကိုယ္နဲ႔ မိန္းကေလးထုၾကီးပါးစပ္ဖ်ားမွာ ေရပန္းစားေနတာ ျဖစ္ပါတယ္။ကိုယ္ကိုတိုင္ခႏၶာကိုယ္ကို စနစ္တက်ထိန္းသိမ္းထားေပမယ့္ ၀၀ကစ္ကစ္နဲ႔ ခ်စ္ဖို႕ေကာင္းတဲ့မိန္းကေလးေတြအတြက္ သီဆိုထားတဲ့ “၀လံုးေလး”ဆိုတဲ့ သီခ်င္းေလးကလည္း လူငယ္ေတြၾကားမွာေရပန္းစားခဲ့ပါတယ္။

ခ်စ္ခင္ရတဲ့ သူငယ္ခ်င္းမ်ားစြာရွိတဲ့ထဲက ဟိန္းမင္းသူနဲ႔ Stylistတစ္ေယာက္ျဖစ္တဲ့ လြင္ခန္႔ေမာင္ဟာဆိုရင္ ေတာ္ေတာ္ေလး အတြဲညီတယ္ဆိုရမွာပါ။ ဒီေန႔က်ေရာက္တဲ့ ခ်စ္သူငယ္ခ်င္းရဲ႕ေမြးေန႔ေလးမွာ “ Happy Birthday ပါ ဟိန္းမင္းသူေရ…ဒီထက္မက ေအာင္ျမင္ျပီး ၀င္ေငြေတြအမ်ားၾကီး ၀င္ပါေစ..ဒီထက္မကလည္း ဖြန္ေၾကာင္ႏိုင္ပါေစ..ဒီထက္မကလည္း အႏိုင္က်င့္ႏုိင္ပါေစ… ဒီထက္မကလဲ ကိတ္ပါေစ…ဒီထက္မက ဒီထက္မကေတြပဲ ျဖစ္ပါေစ” ဆိုျပီး ဆုေတာင္းေပးခဲ့တာျဖစ္ပါတယ္။
Source – Lwin Khant Maung
Rainbow- Cele Gabar

error: Content is protected !!