“မေမေ မယ်လိုဒီကို အိုက်တင်တွေပြန်သင်ပေးနေတဲ့ သားသားလေးသိဒ္ဓိစစ်”

ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေးမယ်လိုဒီရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ မယ်လိုဒီတစ်ယောက် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သိပ်မတွေ့ရတော့ပေမဲ့လည်း သူ့ကိုချစ်ခင်ပြီးအားပေးတဲ့ ပရိသတ်တွေကတော့ လျော့နည်းသွားခြင်းမရှိပါဘူး။မယ်လိုဒီဟာ လက်ရှိမှာ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး မယ်လိုဒီရဲ့သားသားလေးဟာလည်း အရွယ်နဲ့မလိုက်အောင် ချစ်ဖို့ကောင်းလှတာကြောင့် မေမေမယ်လိုဒီလိုပဲ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်။

မယ်လိုဒီရဲ့ သားသားလေး သိဒ္ဓိစစ်ဟာဆိုရင် ယဉ်ကျေးလိမ္မာပြီး မိဘအပေါ်ကို သိတတ်တဲ့ သားလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ဘုရားတရားကိုလည်း ကိုင်းရှိုင်းပြီး မေမေမယ်လိုဒီပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေတိုင်းမှာ သားသားလေးကကိုယ်တိုင်ပါဝင်လုပ်ဆောင်လေ့ရှိပါတယ်။အခုလိုသားသားလေးရဲ့ ယဉ်ကျေးလိမ္မာတဲ့ အပြုအမူတွေကြောင့် ပရိသတ်တွေက သားသားလေးကို အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာလည်း မယ်လိုဒီက သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သားသားလေးက သူ့ကို အိုင်တင်တွေပြန်သင်ပေးနေတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြထားတာပဲဖြစ်ပါတယ်။သားသားလေးက ငိုပြတဲ့ အိုက်တင်လေးကို လုပ်ပြနေတာဖြစ်ပြီး မေမေမယ်လိုဒီကတော့ သားသားလေးရဲ့ အိုက်တင်တွေကို သဘောကျနေတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ အကယ်ဒမီဆုရမင်းသမီး မေမေကို အိုက်တင်ပြန်သင်ပေးနေတဲ့ သားသားသဒ္ဓိစစ်ရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။


Source : Melody Myo
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Source : Melody Myo
Chilli – CeleGabar

error: Content is protected !!