“မြန်မာအိုင်ဒေါ ဆန်ကာတင်စာရင်းမှာ ချင်းလူမျိုးသုံးဦးပါလို့ ပျော်နေတဲ့ သက်မွန်မြင့်”

ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ မြန်မာအိုင်ဒေါ Season-4 ရဲ့ ဆန်ကာတင်စာရင်းကတော့ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ မြန်မာအိုင်ဒေါဟာဆိုရင် Season-1 ထဲကပရိသတ်ရဲ့လျှမ်းလျှမ်းတောက်အားပေးမှုကို ရရှိလာတာဖြစ်ပြီး လူကြည့်အများဆုံး အစီအစဉ်တွေထဲက တစ်ခုအဖြစ် ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ပြိုင်ပွဲဝင်အချို့က ဆန်ကာတင်အဆင့်မရောက်ခင်ထဲက ပရိသတ်အချို့ရဲ့ အင်တိုက်အားတိုက်ဝန်းရံမှုကို ရရှိနေကြပြီလဲဖြစ်ပါတယ်။


မနေ့ညက ဆန်ကာတင်ရွေးချယ်ပွဲမှာဆိုရင် ကိုယ်ဝန်းရံခဲ့တဲ့ ပြိုင်ပွဲဝင်တချို့ပါလာလို့ ပျော်နေကြတဲ့သူတွေရှိသလို မပါလာတဲ့အတွက် ဝေဖန်ပြောဆိုမှုတွေလည်း မြင့်တက်နေတာဖြစ်ပါတယ်။ ဆန်ကာတင်(၁၁)ယောက်စာရင်းမှာတော့ အေးမြဖြူ၊စနေလင်းကျော်၊ခြူးစစ်ဟန်၊အက်စတာဒေါ့သ်ချင်းဆုန်၊ Benjamin Sum၊ နှင်းအိအိဝင်း ၊စောခရစ်မူးလာ၊ယောကီး၊တန်ခွန်ကျော်၊ထက်အဉ္ဇလီ၊နော်စေးစေးထူးတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

မိမိဝန်းရံခဲ့တဲ့ပြိုင်ပွဲဝင်တွေပါလာလို့ပျော်နေတဲ့ထဲမှာ ပြည်သူ့အချစ်တော်မင်းသမီး သက်မွန်မြင့်လည်း အပါအဝင်ဖြစ်ပါတယ်။ သက်မွန်မြင့်ဟာ ချင်းတိုင်းရင်းသူတစ်ယောက်ဖြစ်တာနဲ့အညီ ဆန်ကာတင်စာရင်းမှာ ချင်းတိုင်းရင်းသားသုံးဦးဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်၊ယောကီး၊ Benjamin Sum တို့ပါဝင်ခဲ့တာကြောင့် ပျော်နေကြောင်းကို “ချင်းသုံးယောက်တောင်ပါတယ် ရေး….”ဆိုပြီး သူမရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာရေးသားခဲ့တာဖြစ်ပါတယ်။ သက်မွန်မြင့်ဟာ မကြာခင်မှာရုံတင်ပြသတော့မှာဖြစ်တဲ့ “သခင်ကြီးနဲ့ငါးပိတို့စရာ”ဇာတ်ကားမှာလည်း အဓိကဇာတ်ကောင်မင်းသမီးအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
Source – Thet Mon Myint
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ျမန္မာအိုင္ေဒါ ဆန္ကာတင္စာရင္းမွာ ခ်င္းလူမ်ိဳးသံုးဦးပါလို႔ ေပ်ာ္ေနတဲ့ သက္မြန္ျမင့္”

ပရိသတ္စိတ္၀င္စားမွုျမင့္တက္ေနတဲ့ ျမန္မာအုိင္ေဒါ Season-4 ရဲ႕ ဆန္ကာတင္စာရင္းကေတာ့ ထြက္ေပၚလာျပီျဖစ္ပါတယ္။ ျမန္မာအုိင္ေဒါဟာဆိုရင္ Season-1 ထဲကပရိသတ္ရဲ႕လွ်မ္းလွ်မ္းေတာက္အားေပးမွုကို ရရွိလာတာျဖစ္ျပီး လူၾကည့္အမ်ားဆံုး အစီအစဥ္ေတြထဲက တစ္ခုအျဖစ္ ရပ္တည္လာခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာဆိုရင္ ျပိဳင္ပြဲ၀င္အခ်ိဳ႕က ဆန္ကာတင္အဆင့္မေရာက္ခင္ထဲက ပရိသတ္အခ်ိဳ႕ရဲ႕ အင္တိုက္အားတိုက္၀န္းရံမွုကို ရရွိေနၾကျပီလဲျဖစ္ပါတယ္။
မေန႔ညက ဆန္ကာတင္ေရြးခ်ယ္ပြဲမွာဆိုရင္ ကိုယ္၀န္းရံခဲ့တဲ့ ျပိဳင္ပြဲ၀င္တခ်ိဳ႕ပါလာလို႔ ေပ်ာ္ေနၾကတဲ့သူေတြရွိသလုိ မပါလာတဲ့အတြက္ ေ၀ဖန္ေျပာဆိုမွုေတြလည္း ျမင့္တက္ေနတာျဖစ္ပါတယ္။ ဆန္ကာတင္(၁၁)ေယာက္စာရင္းမွာေတာ့ ေအးျမျဖဴ၊စေနလင္းေက်ာ္၊ျခဴးစစ္ဟန္၊အက္စတာေဒါ့သ္ခ်င္းဆုန္၊ Benjamin Sum၊ ႏွင္းအိအိ၀င္း ၊ေစာခရစ္မူးလာ၊ေယာကီး၊တန္ခြန္ေက်ာ္၊ထက္အဥၨလီ၊ေနာ္ေစးေစးထူးတို႔ ပါ၀င္ခဲ့တာျဖစ္ပါတယ္။

မိမိ၀န္းရံခဲ့တဲ့ျပိဳင္ပြဲ၀င္ေတြပါလာလို႔ေပ်ာ္ေနတဲ့ထဲမွာ ျပည္သူ႔အခ်စ္ေတာ္မင္းသမီး သက္မြန္ျမင့္လည္း အပါအ၀င္ျဖစ္ပါတယ္။ သက္မြန္ျမင့္ဟာ ခ်င္းတုိင္းရင္းသူတစ္ေယာက္ျဖစ္တာနဲ႔အညီ ဆန္ကာတင္စာရင္းမွာ ခ်င္းတိုင္းရင္းသားသံုးဦးျဖစ္တဲ့ အက္စတာေဒါ့သ္ခ်င္းဆုန္၊ေယာကီး၊ Benjamin Sum တို႔ပါ၀င္ခဲ့တာေၾကာင့္ ေပ်ာ္ေနေၾကာင္းကို “ခ်င္းသံုးေယာက္ေတာင္ပါတယ္ ေရး….”ဆိုျပီး သူမရဲ႕ေဖ့ဘြတ္ခ္စာမ်က္နွာမွာေရးသားခဲ့တာျဖစ္ပါတယ္။ သက္မြန္ျမင့္ဟာ မၾကာခင္မွာရံုတင္ျပသေတာ့မွာျဖစ္တဲ့ “သခင္ၾကီးနဲ႔ငါးပိတို႔စရာ”ဇာတ္ကားမွာလည္း အဓိကဇာတ္ေကာင္မင္းသမီးအျဖစ္ သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။
Source – Thet Mon Myint
Rainbow – Cele Gabar

error: Content is protected !!