“သီတင်းကျွတ်ပိတ်ရက်မှာ နေပြည်တော် အလည်သွားခဲ့တဲ့ မြတ်ရတနာကျော်တို့မိသားစုလေး”

ပျော်ရွှင်ချမ်းမြေ့စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် Ah boy နဲ့သရုပ်ဆောင် မြတ်ရတနာကျော်တို့ဟာဆိုရင် ပရိသတ်တွေ အားကျနှစ်သက်ကြတဲ့ စုံတွဲပဲဖြစ်ပါတယ်။မြတ်ရတနာကျော်ကိုဆိုရင် ထျန်ခေးရဲ့ “ချစ်လွန်းလို့ပါ” သီချင်းဗွီဒီယိုလေးထဲကစပြီး ချစ်စရာအပြုံးလေးနဲ့မိန်းကလေးတစ်ယောက်အဖြစ် ပရိသတ်တွေက သတိထားမိလာတယ်လို့ဆိုရမှာပါ။ကလေးတစ်ယောက်ရပြီးချိန်မှာတောင် အလှမပျက်ပဲ ပိုပိုလှလာလို့ အမျိုးသမီးပရိသတ်တွေကြားမှာရေပန်းစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

သမီးလေး Scarlett ကိုမွေးဖွားပြီးတဲ့နောက်ပိုင်း ပွဲတစ်ချို့လောက်ပဲတက်ဖြစ်ပြီး သမီးလေးအတွက်ပဲ အချိန်ပေးဖြစ်နေတဲ့အတွက် မြတ်ရတနာကျော်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို မတွေ့ရပေမယ့်လည်း ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိနေဆဲဖြစ်ပါတယ်။အရင်လက ကျင်းပခဲ့တဲ့ သမီးလေး စကားလက်ရဲ့ တစ်နှစ်ပြည့်မွေးနေ့မှာဆိုရင်လည်း အများနဲ့မတူ တမူထူးခြားအောင် အင်္ဂလိပ်နာမည်ကြီး ကာတွန်းဇာတ်ကောင်ပုံစံတွေနဲ့ ဝတ်ဆင်ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒါအပြင့် ဖေဖေ Ah Boy နဲ့ မေမေ မြတ်ရတနာကျော်တို့က ခရီးသွား Blog လေးတစ်ခုလုပ်ထားပြီး ဒီ Blog လေးမှာ အခုဆိုရင် မြတ်တို့မိသားစုကိုချစ်ခင်အားပေးသူနှစ်သိန်းကျော်သွားပြီဖြစ်ပါတယ်။ ဒီ Blog လေးမှာဆိုရင် မြတ်တို့သွားခဲ့သမျှ ခရီးစဉ်တွေနဲ့ ကြည့်ရှုသူတွေသွားတဲ့အခါမှာလည်း အဆင်ပြေပြေစားသောက်နိုင်အောင် စားသောက်ဆိုင်တွေထည့်သွင်းဖော်ပြထားတဲ့ ဗွီဒီယိုလေးတွေတင်ပေးလေ့ရှိပါတယ်။အခုတစ်ခေါက်မှာလည်း ဒီသီတင်းကျွတ်ပိတ်ရက်မှာ နေပြည်တော်အိမ်လေးကို သွားရောက်လည်ပတ်ခဲ့တဲ့ မြတ်တို့မိသားစုရဲ့ချစ်စဖွယ်ဗွီဒီယိုဖိုင်လေးကို ပရိသတ်ကြီးသိအောင် ဝေမျှပေးလိုက်ပါတယ်။

Source – Myat Yadanar Kyaw
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“သီတင္းကၽြတ္ပိတ္ရက္မွာ ေနျပည္ေတာ္ အလည္သြားခဲ့တဲ့ ျမတ္ရတနာေက်ာ္တုိ႔မိသားစုေလး”

ေပ်ာ္ရႊင္ခ်မ္းေျမ႕စရာမိသားစုဘ၀ေလးကို ပိုင္ဆိုင္ထားတဲ့ အဆိုေတာ္ Ah boy နဲ႔သရုပ္ေဆာင္ ျမတ္ရတနာေက်ာ္တုိ႔ဟာဆိုရင္ ပရိသတ္ေတြ အားက်နွစ္သက္ၾကတဲ့ စံုတြဲပဲျဖစ္ပါတယ္။ျမတ္ရတနာေက်ာ္ကိုဆိုရင္ ထ်န္ေခးရဲ႕ “ခ်စ္လြန္းလို႔ပါ” သီခ်င္းဗြီဒီယိုေလးထဲကစျပီး ခ်စ္စရာအျပံဳးေလးနဲ႔မိန္းကေလးတစ္ေယာက္အျဖစ္ ပရိသတ္ေတြက သတိထားမိလာတယ္လို႔ဆိုရမွာပါ။ကေလးတစ္ေယာက္ရျပီးခ်ိန္မွာေတာင္ အလွမပ်က္ပဲ ပိုပိုလွလာလို႔ အမ်ိဳးသမီးပရိသတ္ေတြၾကားမွာေရပန္းစားေနသူတစ္ေယာက္လည္းျဖစ္ပါတယ္။

သမီးေလး Scarlett ကိုေမြးဖြားျပီးတဲ့ေနာက္ပုိင္း ပြဲတစ္ခ်ိဳ႕ေလာက္ပဲတက္ျဖစ္ျပီး သမီးေလးအတြက္ပဲ အခ်ိန္ေပးျဖစ္ေနတဲ့အတြက္ ျမတ္ရတနာေက်ာ္ရဲ႕ အႏုပညာလွုပ္ရွားမွုေတြကို မေတြ႔ရေပမယ့္လည္း ပရိသတ္ရဲ႕ လက္ခံအားေပးမွုကို ရရွိေနဆဲျဖစ္ပါတယ္။အရင္လက က်င္းပခဲ့တဲ့ သမီးေလး စကားလက္ရဲ႕ တစ္ႏွစ္ျပည့္ေမြးေန႔မွာဆိုရင္လည္း အမ်ားနဲ႔မတူ တမူထူးျခားေအာင္ အဂၤလိပ္နာမည္ၾကီး ကာတြန္းဇာတ္ေကာင္ပံုစံေတြနဲ႔ ၀တ္ဆင္က်င္းပခဲ့တာျဖစ္ပါတယ္။

ဒါအျပင့္ ေဖေဖ Ah Boy နဲ႔ ေမေမ ျမတ္ရတနာေက်ာ္တို႔က ခရီးသြား Blog ေလးတစ္ခုလုပ္ထားျပီး ဒီ Blog ေလးမွာ အခုဆိုရင္ ျမတ္တို႔မိသားစုကိုခ်စ္ခင္အားေပးသူနွစ္သိန္းေက်ာ္သြားျပီျဖစ္ပါတယ္။ ဒီ Blog ေလးမွာဆိုရင္ ျမတ္တို႔သြားခဲ့သမွ် ခရီးစဥ္ေတြနဲ႔ ၾကည့္ရွုသူေတြသြားတဲ့အခါမွာလည္း အဆင္ေျပေျပစားေသာက္ႏုိင္ေအာင္ စားေသာက္ဆုိင္ေတြထည့္သြင္းေဖာ္ျပထားတဲ့ ဗြီဒီယိုေလးေတြတင္ေပးေလ့ရွိပါတယ္။အခုတစ္ေခါက္မွာလည္း ဒီသီတင္းကၽြတ္ပိတ္ရက္မွာ ေနျပည္ေတာ္အိမ္ေလးကို သြားေရာက္လည္ပတ္ခဲ့တဲ့ ျမတ္တို႔မိသားစုရဲ႕ခ်စ္စဖြယ္ဗြီဒီယိုဖုိင္ေလးကို ပရိသတ္ၾကီးသိေအာင္ ေ၀မွ်ေပးလိုက္ပါတယ္။
Source – Myat Yadanar Kyaw
Rainbow – Cele Gabar

error: Content is protected !!