” သရဲများညမှာ ရည်းစားအသစ်ရသွားပြီဆိုတဲ့ နေခြည်ဦး “

နေခြည်ဦးကတော့ မိတ်ကပ်Blogger တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ သူတစ်ယောက်ပါ။ Blogger တစ်ယောက်ဖြစ်နေစဉ်တည်းက အားပေးတဲ့ အမာခံပရိသတ်တွေ အခိုင်အမာရရှိထားပြီး သရုပ်ဆောင်ဘက်ကို ထပ်မံ အားစိုက်တော့လည်း ပရိသတ်တွေက ပိုမိုအားပေးခြင်းခံလာရသူလေးတစ်ယောက်ပါ။သွက်သွက်လက်ကလက်လေးနဲ့အမြဲပွင့်လင်းလွန်းတဲ့ ဟန်ပန်လေးကြောင့် ပရိသတ်တွေအချစ်ပိုနေရသူလေးလို့တောင်ဆိုရမှာပါ။

သူ့ရဲ့အချစ်ရေးကတော့ ချစ်သူကောင်လေးနဲ့ (၂)နှစ်ကြာလက်တွဲပြီးနောက် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာ မကြာသေးပါဘူးနော်။ပရိသတ်တွေကလည်း အလွန်အားကျခဲ့ရတဲ့ သူမတို့စုံတွဲလေးအတွက် စိတ်မကောင်းဖြစ်နေကြတာလို့ ဆိုရမှာပါနော်။ဒီနေ့မှာတော့ ချီချီဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကို အံံအားသင့်စေမယ့် စကားလေးနဲ့ စနောက်ခဲ့ပါတယ်။

” ဒီ သရဲများည မှာတော့ နေခြည်ဦးတစ်ယောက် သစ္စာတရားအရမ်းကြီးမားတဲ့ဘဲလေးတစ်ယောက် ရရှိသွားလေပြီ ” ဆိုပြီး ပုံလေးတစ်ပုံနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ပုံထဲမှာတော့ အရိုးခြောက်ပုံလေးနဲ့ တွဲရိုက်ထားတာကြောင့် ချီချီတစ်ယောက်အရွှန်းဖောက်တယ်လို့ထင်မှတ်နေကြတာပါ။ချီချီကိုချစ်တဲ့ ပရိသတ်တွေကတော့ တစ်ယောက်ထဲနေပြီး ပရိတသ်တွေကိုပဲ ချစ်ပေးပါဆိုတဲ့ မှတ်ချက်တွေပေးနေကြတာပါ။CeleGabar ပရိသတ်ကြီးရော ချီချီတစ်ယောက်တကယ်ပဲ ရည်းစားထားတော့မလားဆိုတာ ထင်မြင်ချက်လေးပေးခဲ့ပါဦးနော်။

Source : Nay Chi Oo
Shwe Poe – Cele Gabar
ဇော်ဂျီဗားရှင်း

” သရဲမ်ားညမွာ ရည္းစားအသစ္ရသြားၿပီဆိုတဲ့ ေနျခည္ဦး ”

ေနျခည္ဦးကေတာ့ မိတ္ကပ္Blogger တစ္ေယာက္ျဖစ္ၿပီး သ႐ုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာတဲ့ သူတစ္ေယာက္ပါ။ Blogger တစ္ေယာက္ျဖစ္ေနစဥ္တည္းက အားေပးတဲ့ အမာခံပရိသတ္ေတြ အခိုင္အမာရရွိထားၿပီး သ႐ုပ္ေဆာင္ဘက္ကို ထပ္မံ အားစိုက္ေတာ့လည္း ပရိသတ္ေတြက ပိုမိုအားေပးျခင္းခံလာရသူေလးတစ္ေယာက္ပါ။သြက္သြက္လက္ကလက္ေလးနဲ႔အၿမဲပြင့္လင္းလြန္းတဲ့ ဟန္ပန္ေလးေၾကာင့္ ပရိသတ္ေတြအခ်စ္ပိုေနရသူေလးလို႔ေတာင္ဆိုရမွာပါ။

သူ႔ရဲ႕အခ်စ္ေရးကေတာ့ ခ်စ္သူေကာင္ေလးနဲ႔ (၂)ႏွစ္ၾကာလက္တြဲၿပီးေနာက္ ႏွစ္ဦးသေဘာတူ လမ္းခြဲခဲ့တာ မၾကာေသးပါဘူးေနာ္။ပရိသတ္ေတြကလည္း အလြန္အားက်ခဲ့ရတဲ့ သူမတို႔စုံတြဲေလးအတြက္ စိတ္မေကာင္းျဖစ္ေနၾကတာလို႔ ဆိုရမွာပါေနာ္။ဒီေန႔မွာေတာ့ ခ်ီခ်ီဟာ သူ ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ပရိသတ္ေတြကို အံံအားသင့္ေစမယ့္ စကားေလးနဲ႔ စေနာက္ခဲ့ပါတယ္။

” ဒီ သရဲမ်ားည မွာေတာ့ ေနျခည္ဦးတစ္ေယာက္ သစၥာတရားအရမ္းႀကီးမားတဲ့ဘဲေလးတစ္ေယာက္ ရရွိသြားေလၿပီ ” ဆိုၿပီး ပံုေလးတစ္ပံုနဲ႕အတူ သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ ပံုထဲမွာေတာ့ အရုိးေျခာက္ပံုေလးနဲ႕ တြဲရုိက္ထားတာေၾကာင့္ ခ်ီခ်ီတစ္ေယာက္အရႊန္းေဖာက္တယ္လို႕ထင္မွတ္ေနၾကတာပါ။ခ်ီခ်ီကိုခ်စ္တဲ့ ပရိသတ္ေတြကေတာ့ တစ္ေယာက္ထဲေနၿပီး ပရိတသ္ေတြကိုပဲ ခ်စ္ေပးပါဆိုတဲ့ မွတ္ခ်က္ေတြေပးေနၾကတာပါ။CeleGabar ပရိသတ္ႀကီးေရာ ခ်ီခ်ီတစ္ေယာက္တကယ္ပဲ ရည္းစားထားေတာ့မလားဆိုတာ ထင္ျမင္ခ်က္ေလးေပးခဲ့ပါဦးေနာ္။

Source : Nay Chi Oo
Shwe Poe – Cele Gabar

error: Content is protected !!