” တခြားကောင်မလေးများနှင့် ဓာတ်ပုံရိုက်ရင် မပြုံးပြရဘူးလို့ ချစ်သူကမှာထားလား ဆိုပြီး ရဲရင့်အောင်ကို ဆေးထိုးလိုက်တဲ့ ပိုပို “

လတ်တလောမှာတော့ပိုပိုဟာ ” တေးသံသာ Appitizer Grand ” ဖွင့်ပွဲကိုတက်ရောက်ခဲ့တာပဲ ဖြစ်ပြီး ပွဲတက်ပုံရိပ်တွေကို သူ့ရဲ့ပရိသတ်တွေကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ ရဲရင့်အောင်နဲ့လည်း အမှတ်တရပုံရိပ်တွေ ကိုရိုက်ကူးခဲ့သေးတာ ဖြစ်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ” တခြားကောင်မလေးများနှင့် ဓာတ်ပုံရိုက်လျှင်မပြုံးပြရဘူးလို့ချစ်သူက မှာထားသောအခါမတွေ့တာကြာလို့ သားကြီးကို စတာ ” ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

အဆိုတော်ပိုပိုကတော့ မိဘတွေမရှိတော့ပေမယ့်လည်း ကိုယ်တိုင်တစ်ဦးတည်း ကိုယ့်ဒူးကိုယ်ချွန်ကာ ရပ်တည်လာနိုင်သူတစ်ဦးလို့ဆိုရမှာပါ။ သူ့ဘဝအကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်တဲ့အပြင် သူ့သီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်ပါ။မိဘအစားအဘွားနဲ့အတူတူနေခဲ့ရတဲ့ ပိုပိုကတော့ သူ့အဘွား ဖြစ်စေချင်ခဲ့တဲ့ ပညာတတ်တစ်ယောက်ဖြစ်ဖို့ အလုပ်တွေမအားတဲ့ကြားထဲက ဘွဲ့ရအောင် ကြိုးစားနေသူလေးပါ။

ဒီနှစ်မှာတော့ သူ့ရဲ့ One Lady Show အတွက် အခက်အခဲတွေ ပြင်ဆင်မှုတွေရှိနေတဲ့ကြားထဲကနေ စာမေးပွဲအတွက် သီးသန့် အချိန်ပေးထားကာ စာတွေလုပ်နေတယ်လို့ သိရပါတယ်။ပိုပိုကတော့ လက်ရှိမှာ အဝေးသင်ဥပဒေစတုတ္တနှစ်ကို ရောက်ရှိကာ စာမေးပွဲဖြေဖို့အတွက်ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း ရဲရင့်အောင်နဲက ပိုပိုတို့ရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : ဝတ်ရည်မိုး
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” တျခားေကာင္မေလးမ်ားႏွင့္ ဓာတ္ပံု႐ိုက္ရင္ မျပံဳးျပရဘူးလို႔ ခ်စ္သူကမွာထားလား ဆိုၿပီး ရဲရင့္ေအာင္ကို ေဆးထိုးလိုက္တဲ့ ပိုပို ”

လတ္တေလာမွာေတာ့ပိုပိုဟာ ” ေတးသံသာ Appitizer Grand ” ဖြင့္ပြဲကိုတက္ေရာက္ခဲ့တာပဲ ျဖစ္ၿပီး ပြဲတက္ပံုရိပ္ေတြကို သူ႕ရဲ႕ပရိသတ္ေတြကို ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ ဖြင့္ပြဲကို တက္ေရာက္ခဲ့တဲ့ ရဲရင့္ေအာင္နဲ႕လည္း အမွတ္တရပံုရိပ္ေတြ ကိုရုိက္ကူးခဲ့ေသးတာ ျဖစ္ၿပီး သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ အမွတ္တရပံုရိပ္ေလးေတြနဲ႕အတူ ” တျခားေကာင္မေလးမ်ားႏွင့္ ဓာတ္ပံု႐ိုက္လွ်င္မျပံဳးျပရဘူးလို႔ခ်စ္သူက မွာထားေသာအခါမေတြ႕တာၾကာလို႔ သားႀကီးကို စတာ ” ဆိုၿပီး ေရးသားေဖာ္ျပခဲ့ပါတယ္။

အဆိုေတာ္ပိုပိုကေတာ့ မိဘေတြမရွိေတာ့ေပမယ့္လည္း ကိုယ္တိုင္တစ္ဦးတည္း ကိုယ့္ဒူးကိုယ္ခြၽန္ကာ ရပ္တည္လာႏိုင္သူတစ္ဦးလို႕ဆိုရမွာပါ။ သူ႕ဘဝအေၾကာင္းကိုလည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ေဖာ္ထုတ္ေျပာျပထား သူေလးလည္း ျဖစ္တဲ့အျပင္ သူ႕သီခ်င္းေတာ္ေတာ္မ်ားမ်ားကို ကေလးလူႀကီးမေ႐ြးႏွစ္သက္သေဘာက်ၾကတာေၾကာင့္ ပရိသတ္အခိုင္အမာရရွိထားသူတစ္ေယာက္ပါ။မိဘအစားအဘြားနဲ႕အတူတူေနခဲ့ရတဲ့ ပိုပိုကေတာ့ သူ႕အဘြား ျဖစ္ေစခ်င္ခဲ့တဲ့ ပညာတတ္တစ္ေယာက္ျဖစ္ဖို႕ အလုပ္ေတြမအားတဲ့ၾကားထဲက ဘြဲ့ရေအာင္ ႀကိဳးစားေနသူေလးပါ။

ဒီနွစ္မွာေတာ့ သူ႕ရဲ႕ One Lady Show အတြက္ အခက္အခဲေတြ ျပင္ဆင္မႈေတြရွိေနတဲ့ၾကားထဲကေန စာေမးပြဲအတြက္ သီးသန္႕ အခ်ိန္ေပးထားကာ စာေတြလုပ္ေနတယ္လို႕ သိရပါတယ္။ပိုပိုကေတာ့ လက္ရွိမွာ အေဝးသင္ဥပေဒစတုတၱႏွစ္ကို ေရာက္ရွိကာ စာေမးပြဲေျဖဖို႕အတြက္ျပင္ဆင္ေနတာပဲ ျဖစ္ပါတယ္။ CeleGabar ပရိသတ္ႀကီးလည္း ရဲရင့္ေအာင္နဲက ပိုပိုတုိ႕ရဲ႕ ပြဲတက္ပံုရိပ္ေလးေတြကိုၾကည့္ၿပီး သေဘာက်ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : ဝတ္ရည္မိုး
Shwe Poe – CeleGabar

error: Content is protected !!