” လူငယ်တွေကြားမှာရေပန်းစားနေတဲ့ ဟာသဗီဒီယိုဖိုင်လေးလို ရိုက်ပြခဲ့တဲ့ မောင်ချိုလေး “

မောင်ချိုကတော့ လက်ရှိမှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသည်းယားစဖွယ် ဗီဒီယိုလေးကိုတင်ခဲ့တာကြောင့် ပရိသတ်တွေအသည်းပိုနေရတယ်လို့ သိရပါတယ်။ ချစ်စရာဗီဒီယိုလေးကတော့ လတ်တလော လူငယ်တွေကြားမှာရေပန်းစားနေတဲ့ ဗီဒီယိုဖိုင်လေးလို လုပ်ပြခဲ့တာကြောင့်လို့ဆိုရမှာပါ။စာမေးပွဲဖြေနေရတဲ့ ပရိသတ်ကြီးတွေကတော့ ဗီဒီယိုဖိုင်လေးကိုသိကြမှာပါ။ စာတွေကျက်ရလွန်းလို့ ခေါင်းထဲရောက်သွားအောင် စာတွေကို စာအုပ်ထဲကနေ ခေါင်းထဲကိုခပ်ထည့်နေတဲ့ ဟာသဗီဒီယိုဖိုင်လေးဖြစ်ပြီး အဝေးသင်စာမေးပွဲဖြေရတော့မယ့် မောင်ချိုအတွက် ” အခုတော့ ဒီလိုလေးပါပဲ ” ဆိုတဲ့စာသားလေးနဲ့ ဖော်ပြခဲ့တာဖြစ်ပြီး ကြည့်ရှူသူသောင်းချီရှိကာ ပရိသတ်တွေပွဲကျစေခဲ့တဲ့ဗီဒီလို့တောင်ဆိုရမှာပါ။

ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season ( 3 )ရဲ့ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီးတော့ First Runner-up ဆုရှင်လေးလည်းဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေအပြင် ဒိုင်တွေရဲ့အားပေးမှုကိုပါ ရရှိခဲ့သူလေးလို့ ဆိုရမှာပါ။ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေက မောင်ချိုလို့ချစ်စနိုးနဲ့ခေါ်ဆိုကြတာပဲ ဖြစ်ပါတယ်။ ဘယ်လိုနေနေ ချစ်ပေးတဲ့ပရိသတ်အခိုင်အမာရရှိထားတဲ့ ချမ်းမြေ့မောင်ချိုလေးဟာ သူမပရိသတ်တွေအပေါ်မှာလည်း ရင်းရင်းနှီးနှီးနဲ့ ပရိသတ်တွေကို တန်ဖိုးထားတတ်သူလေးပဲ ဖြစ်ပါတယ်။


အနုပညာအလုပ်တွေဆက်တိုက်လုပ်လာပြီး ပွဲတော်တော်များများမှာ ပါဝင်သီဆိုဖျော်ဖြေကာ အောင်မြင်မှုရရှိနေတဲ့အဆိုတော်တစ်ဦးပဲ လို့ဆိုရမှာပါ။ အဆိုဘက်တွင်သာမက ပရိသတ်တွေကို ဂစ်တာကိုယ်တိုင်တီးကာ သီချင်းဆိုပြလေ့ရှိသူလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း သူ့ရဲ့ဆရာတွေကိုသွားရောက်ကန်တော့ခဲ့ပါသေးတယ်။ချစ်စရာကောင်းလွန်းတဲ့ မောင်ချိုရဲကဗီဒီယိုဖိုင်လေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : ChanMyae Maung Cho
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Shwe Poe – CeleGabar

error: Content is protected !!