” ဟော်လိုးဝင်းနေ့ အမှီ စုန်းမလေးလိုဝတ်ဆင်ကာ ကျောင်းသို့သွားရောက်ခဲ့တဲ့ Ivyလေး “

အခုခေတ်မှာ အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်လေးတွေကို ပရိသတ်တွေက လက်ခံချစ်ပေးလာကြပါပြီနော်။ပရိသတ်တွေ လက်ခံအားပေးတဲ့ မျိုးဆက်သစ်လေးထဲက အေသင်ချိုဆွေရဲ့ သမီးလေး Ivy ကိုတော့ အထူးမိတ်ဆက်စရာမလိုတော့ပါဘူး။ ပရိသတ်တွေက သည်းသည်းလှုပ်ချစ်ပေးကာ We Love တွေပါ ဖွဲ့ကာ အားပေးခံရတဲ့ သူလေးပါပဲ။

အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်လောက်တည်းက ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ သီချင်းတွေထဲက အဆိုရှင်တစ်ယောက် ဖြစ်တဲ့အပြင် အခုချိန်ထိ ပရိသတ်တွေချစ်ခင်အားပေးခံနေရသူတစ်ယောက်လို့ ဆိုရမှာယပါ။ နှစ်အနည်းငယ်လောက်အနုပညာအလုပ်တွေမလုပ်ပဲပျောက်ကွယ်သွားပေမယ့် Single Mother အဖြစ်ရဲရဲဝံ့ဝံ့ ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့ပြီး အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားပြန်လုပ်နေတာပါနော်။

လက်ရှိမှာတော့ Ivyလေးဟာ KG ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ချစ်စရာကောင်းလှတဲ့ ဟန်ပန်အမူအရာလေးတွေကို မေမေအေသင်က ဗီဒီယိုလေးတွေ နဲ့ အတူ ချစ်တဲ့ပရိသတ်တွေအတွက် အမြဲဝေမျှပေးလေ့ရှိပါတယ်။ Ivy လေးဟာ လက်ရှိမှာတော့ ဟော်လိုးဝင်းနေ့လေးကို ဂုဏ်ပြုတဲ့အနေနဲ့ စုန်းမလေးလိုဝတ်ဆင်ကာ ကျောင်းသို့သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ချစ်စရာစုန်းမလေးကတော့ ကျောင်းမှာဆော့ကစားကာ အလုပ်ရှုပ်နေကြောင်းကို ” Busy witch လေးပါနော် ။စကားမစပ် စုန်းမလေးကချစ်ဖို့ကောင်းလိုက်တာနော် ” ဆိုပြီး သမီလေးကို ချစ်မဝဖြစ်နေကြောင်းကို လူမှုကွန်ရက်စာမျက်ပေါ်ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီးလည်း Ivy လေးရဲ့ စုန်းမ ပုံစံလေးကို ချစ်ရင်မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : AThen Cho Swe
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” ေဟာ္လိုးဝင္းေန႕ အမွီ စုန္းမေလးလိုဝတ္ဆင္ကာ ေက်ာင္းသို႔သြားေရာက္ခဲ့တဲ့ Ivyေလး ”

အခုေခတ္မွာ အႏုပညာရွင္ေတြရဲ႕ မ်ိဳးဆက္သစ္ေလးေတြကို ပရိသတ္ေတြက လက္ခံခ်စ္ေပးလာၾကပါၿပီေနာ္။ပရိသတ္ေတြ လက္ခံအားေပးတဲ့ မ်ိဳးဆက္သစ္ေလးထဲက ေအသင္ခ်ိဳေဆြရဲ႕ သမီးေလး Ivy ကိုေတာ့ အထူးမိတ္ဆက္စရာမလိုေတာ့ပါဘူး။ ပရိသတ္ေတြက သည္းသည္းလႈပ္ခ်စ္ေပးကာ We Love ေတြပါ ဖြဲ႕ကာ အားေပးခံရတဲ့ သူေလးပါပဲ။

ေအသင္ခ်ိဳေဆြကေတာ့ ဆယ္ေက်ာ္သက္ေလာက္တည္းက ပရိသတ္ပါးစပ္ဖ်ားမွာေရပန္းစားခဲ့တဲ့ သီခ်င္းေတြထဲက အဆိုရွင္တစ္ေယာက္ ျဖစ္တဲ့အျပင္ အခုခ်ိန္ထိ ပရိသတ္ေတြခ်စ္ခင္အားေပးခံေနရသူတစ္ေယာက္လို႔ ဆိုရမွာယပါ။ ႏွစ္အနည္းငယ္ေလာက္အႏုပညာအလုပ္ေတြမလုပ္ပဲေပ်ာက္ကြယ္သြားေပမယ့္ Single Mother အျဖစ္ရဲရဲဝံ့ဝံ့ ပရိသတ္ေတြေရွ႕ ျပန္ေရာက္လာခဲ့ၿပီး အႏုပညာအလုပ္ေတြကိုႀကိဳးႀကိဳးစားစားျပန္လုပ္ေနတာပါေနာ္။

လက္ရွိမွာေတာ့ Ivyေလးဟာ KG ေက်ာင္းသူေလးတစ္ေယာက္ျဖစ္ၿပီး သူမရဲ႕ခ်စ္စရာေကာင္းလွတဲ့ ဟန္ပန္အမူအရာေလးေတြကို ေမေမေအသင္က ဗီဒီယိုေလးေတြ နဲ႔ အတူ ခ်စ္တဲ့ပရိသတ္ေတြအတြက္ အၿမဲေဝမွ်ေပးေလ့ရွိပါတယ္။ Ivy ေလးဟာ လက္ရွိမွာေတာ့ ေဟာ္လိုးဝင္းေန႔ေလးကို ဂုဏ္ျပဳတဲ့အေနနဲ႔ စုန္းမေလးလိုဝတ္ဆင္ကာ ေက်ာင္းသို႔သြားေရာက္ခဲ့တယ္လို႔ သိရပါတယ္။ ခ်စ္စရာစုန္းမေလးကေတာ့ ေက်ာင္းမွာေဆာ့ကစားကာ အလုပ္ရႈပ္ေနေၾကာင္းကို ” Busy witch ေလးပါေနာ္ ။စကားမစပ္ စုန္းမေလးကခ်စ္ဖို႔ေကာင္းလိုက္တာေနာ္ ” ဆိုၿပီး သမီေလးကို ခ်စ္မဝျဖစ္ေနေၾကာင္းကို လူမႈကြန္ရက္စာမ်က္ေပၚေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ CeleGabar ပရိသတ္ႀကီးလည္း Ivy ေလးရဲ႕ စုန္းမ ပံုစံေလးကို ခ်စ္ရင္မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : AThen Cho Swe
Shwe Poe – CeleGabar
ေဇာ္ဂ်ီဗားရွင္း

error: Content is protected !!