မင်းရဲ့မမကထက်မြက်တဲ့မိန်းမဆိုပြီးတော့ ဈေးဗန်းခင်းလိုက်တဲ့ မိစန္ဒီရဲ့ Tik Tok ဗီဒီယိုလေး
ပါးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းတဲ့အဆိုတော်မလေးမိစန္ဒီကိုတော့ လူတော်တော်များများသိကြမှာပါ။မိစန္ဒီဟာချစ်စရာကောင်းသလို တခါတလေမှာခပ်မိုက်မိုက်ဖက်ရှင်စတိုင်တွေနဲ့လည်းအထာကျတတ်သူလေးပါ။အခုဆိုရင် လေးခုမြောက်အယ်လ်ဘမ်ဖြစ်တဲ့ “သတ္တိခဲ” ကိုထွက်ရှိထားပါတယ်။
ဒီအယ်လ်ဘမ်ထဲမှာတော့ အဆွေးသီချင်းလေးတွေပါဝင်သလို စိတ်ခွန်အားပေးတဲ့သီချင်းလေးတွေလည်းပါဝင်ပါတယ်။အဲ့ဒီအထဲက “ဈေးဗန်း” ဆိုတဲ့သီချင်းကတော့ လူငယ်တွေကြားမှာအရမ်းကိုရေပန်းစားနေတာပါ။ဒီသီချင်းလေးနဲ့ပဲ “Tik Tok” မှာလူတော်တော်များများက ပျော်ပျော်ရွှင်ရွှင်ဆော့နေကြတာပါ။အဲ့ဒီအတွက်လည်း မိစန္ဒီကတော့ ပျော်ရွှင်ကျေနပ်နေရပါပြီ။အခုဆိုရင် သူကိုယ်တိုင်တော့သိပ်မဆော့ဖြစ်တဲ့ “Tik Tok” မှာ ဒီသီချင်းလေးနဲ့ဆော့ထားပါတယ်။
“ဈေးဗန်း”သီချင်းလေးထဲက မမဈေးဗန်းခင်းမယ် ဆိုတဲ့ သီချင်းအပိုဒ်လေးနဲ့အတူ ဆော့ထားတာဖြစ်ပါတယ်။ခရမ်းရောင်ဝတ်စုံလေးကို ဝတ်ပြီး ကိုယ်ပိုင်သီချင်းလေးကို မမတစ်ယောက်လိုဟန်ပန်အမူအရာတွေနဲ့ ချစ်ဖို့ကောင်းလွန်းနေပါတယ်။ဒီဗီဒီယိုလေးတင်လိုက်ပြီးမကြာခင်မှာပဲ ပရိသတ်တော်တေ်ာများများကကြည့်ရှုပြီး သဘောတွေကျနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကို မိစန္ဒီတစ်ယောက် ဖေ့ဘွတ်ခ်မှာပြန်လည်တင်ထားပေးပါတယ်။ ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေလိုက်ပါတယ်နော်….။
Source : MiSandi
Moe – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်
Source : MiSandi
Moe – CeleGabar
error: Content is protected !!