” လေးနက်တဲ့အဓိပ္ပာယ်တွေနဲ့ နန်းဆု ရဲ့ ဖုန်းကာဗာလေး “

လှပတဲ့အသားအရေနဲ့ အရုပ်မလေးပမာ လှရက်လွန်းသူ ရှမ်း၊တရုတ်ကပြားမလေး နန်းဆုရတီစိုးရဲ့ (၂)နှစ်ကျော် လက်တွဲလာတဲ့ အချစ်ရေးကတော့ အခြေအနေတွေတင်းမာနေတာလည်းဖြစ်ပါတယ်။လက်ရှိ သူရဲ့အချစ်ရေးအခြေအနေကို ထင်ဟပ်နေသယောင် စာလေးတစ်စောင်နဲပအတူ ဖုန်းကာဗာလေးကို ဖေ့စ်ဘွတ်ခ်အကောင့် My Day မှာတင်ထားပါတယ်။တင်ထားတဲ့ စာလေးကတော့ ” သဝေထိုးခခွေးယပင့်”ချေ” ဆိုတဲ့စကားလုံးထက် ကျွန်မကပိုချေနိုင်ပါသေးတယ်။အချစ်ကကျွန်မအတွက်တော့ အရေးမပါခဲ့ပါဘူး။ဒါပေမဲ့”သူ” ဆိုတဲ့သူဝင်လာပြီးတဲ့နောက် ကျွန်မအတွက် အရမ်းနက်ရှိင်းတဲ့ခံစားချက်တွေ အချစ်အမုန်းအလွမ်းတွေသာမက သံယောဇဉ်တွေ “အိုးးးးးးစုံနေတာပါရှင့်”….

အချိန်တွေကြာခဲ့ပါပြီ ဒါတွေမပြောတော့ပါဘူး အခုလဲကျွန်မအတွက်တော့ အချစ်မလိုတော့ပါဘူးလေ။ဒါပေမယ့် ကျွန်မခံစားချက်တွေကို ဒီမှာပါဝင်တဲ့ဖုန်းကာဗာလေးတွေက ပြောပြပါလိမ့်နော်။အမုန်းဆိုတဲ့နောက်ကွယ်မှာ တကယ်တမ်းတော့အချစ်ရှိပါသေးတယ်။တစ်ချိန်တုန်းက “နင့်ကိုငါချစ်တယ်” ဆိုတဲ့စကားဟာ အခုချိန်ထိအသက်ဝင်နေတုန်းပါပဲ ရှင်ရယ်…..ဒီကာဗာလေးတွေထဲမှာ ကျွန်မရဲ့ရှင့်အပေါ်ထားတဲ့ အချစ်တွေအမုန်းတွေထည့်ပေးထားပါတယ်။ရှင့်ကိုနောက်ဆုံးအနေနဲ့ ပြောချင်တဲ့ စကားတစ်ခွန်းကျန်သေးတာမို့လို့ ရှင်ဒီဖုန်းကာဗာလေးမှာပဲ အဖြေရှာကြည့်လိုက်တော့နော်။” ဆိုတဲ့ လေးနက်တဲ့အဓိပ္ပာယ်တွေနဲ့ တင်ထားပါတယ်။

နန်းဆုတစ်ယောက်ကတော့ (၂)နှစ်ကျော်လက်တွဲလာတဲ့ ချစ်သူ အဆိုတော် G-Fatt နဲ့အတူ အရင်ကလို့ ပွဲတတ်တာတွေ တွဲသွားတွဲလာတွေ သိပ်မရှိတော့တာကြောင့် ပရိသတ်တွေကတော့ အနေအေးနေတဲ့ သူတို့အချစ်ရေးကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ နန်းဆုတစ်ယောက်ရဲ့လေးနက်တဲ့အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဖုန်းကာဗာထဲက နောက်ဆုံးအနေနဲ့ ပြောချင်တဲ့ စကားတစ်ခွန်းကဘာဖြစ်မလဲ။

Source: Nansu Yati Soe
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!