“နေမကောင်းဖြစ်နေတာတောင် ရှူတင် အပျက်မခံခဲ့တဲ့ သဇင်ထူးမြင့်”

သဇင်ထူးမြင့်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေစတင်ရရှိနေတဲ့ တက်သစ်စအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဟာသလူရွှင်တော် ဦးခင်လှိုင်ရဲ့ သမီးချောလေးဖြစ်ပြီး ပုရိသတွေရဲ့ အားပေးဝန်းရံခြင်းကို အများဆုံခံရတဲ့ မျိုးဆက်သစ်အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ချောမောလှပပြီးချစ်စဖွယ်ကောင်းတဲ့ အမူအရာလေးတွေကြောင့် ဖခင်ဖြစ်သူဦးခင်လှိုင်တစ်ယောက်က ယောက်ျားလေးပရိသတ်တွေရဲ့ ယောက္ခမလို့ စနောက်ခေါ်ဝေးခြင်းကို ခံနေရပါသေးတယ်။

ဦးခင်လှိုင်ရဲ့ အနုပညာအမွေကို ဆက်ဆံနေတဲ့ မျိုးဆက်သစ်အနုပညာရှင်လေး သဇင်ထူးမြင့်ကတော့ ဝါသနာပါလှတဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေရင်း အချိန်တိုတိုအတွင်းမှာ အောင်မြင်မှုတွေလည်းတော်တော်များများ ရရှိနေပါပြီ။သီချင်း MTV၊Short Flimတွေနဲ့ ကြော်ငြာ တွေကိုလည်း ပါဝင်ရိုက်ကူးနေပြီး လက်ရှိမှာတော့ “ဆုံစည်းခွင့်”ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးနေပါသေးတယ်။အနုပညာအလုပ်တွေနဲ့ ပတ်သတ်လာရင် အမြဲတမ်းလိုလို တက်တက်ကြွကြွနဲ့ လုပ်ဆောင်လေ့ရှိတဲ့ သဇင်ထူးမြင့်ကတော့

လတ်တလောမှာလည်း နေမကောင်းဖြစ်လို့ ဆေးရုံတက်ခဲ့ရတာတောင် နောက်နေ့မှာ ရှူတင်ကို အပျက်မခံဘဲ ရောက်အောင်သွားခဲ့တဲ့ အထိကြိုးစားခဲ့တာပါ။ပရိသတ်တွေကသဇင်ထူးမြင့်ရယ်လို့ အားပေးလက်ခံကြတဲ့ အချက်တွေထဲမှာ အနုပညာအလုပ်တွေကို အလေးထားဂရုစိုက်တာကြောင့်လည်း ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ နေမကောင်းဖြစ်နေတာတောင် ရှူတင်အပျက်မခံတဲ့ သဇင်ထူးမြင့်လေး မြန်မြန်နေပြန်ကောင်းလာအောင် ဆုတောင်းပေးခဲ့ကြပါဦး။

Source : Thazin Htoo Myint
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Chilli – CeleGabar

error: Content is protected !!