” ချစ်သားလေးရဲ့ (၁၃)နှစ်တာဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးတွေကို မွေးနေ့အမှတ်တရအဖြစ်ချပြလိုက်တဲ့ စိုးမြတ်နန္ဒာ “

နိုင်ငံကျော်မင်းသမီး စိုးမြတ်နန္ဒာကတော့ အောက်တိုဘာလ(၂၉)ရက်နေ့မှာ ကျရောက်တဲ့ ချစ်သားလေး မြတ်သောမောင် ရဲ့ (၁၃)နှစ်ပြည့်မွေးနေ့မှာ သားသားလေးရဲ့ (၁၃)နှစ်တာဖြတ်သန်းခဲ့တဲ့ပုံရိပ်လေးနဲ့အတူ “၁၃ နှစ်ပြည့်သွားတဲ့ သားတော်မောင်လေး -လောကဓံကိုခံနိုင်တဲ့သူဖြစ်ပါစေ -သက်ရှည်ကျန်းမာပါစေ -ကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်သူဖြစ်ပါစေ ” လို့ မွေးနေ့ဆုမွန်ကောင်းတောင်း ပေးထားပါတယ်။

စိုးမြတ်နန္ဒာကတော့ (၁၃)နှစ်ပြည့်မွေးနေ့မှာ သားသားလေးရဲ့ (၁၃)နှစ်တာဖြတ်သန်းခဲ့တဲ့ပုံရိပ်လေးဖြစ်တဲ့ သားလေးကိုယ်ဝန်ရချိန်က စပြီး ယနေ့အချိန်အထိ အမှတ်တရပုံလေးကို သိမ်းဆည်းထားတာဆိုရင် သားလေးအပေါ်ဘယ်လောက်ချစ်လည်းဆိုတာသိနိုင်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေခဲ့တာလည်းဖြစ်ပါတယ်။သူကတော့ သရုပ်ဆောင်ပိုင်းမှာ ပြောစရာမလိုအောင် ကိုပိုင်နိုင်မှုကြောင့် (၂၀၀၁)ခုနှစ်တွင် “အချစ်ကို မွေးဖွားခြင်း”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပိုဆုကိုရရှိခဲ့ပြီး (၂၀၀၄)ခုနှစ်မှာလည်း “ချစ်ခြင်းငယ် ပြိုင်” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အမျိုးသမီး ဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။

စိုးမြတ်နန္ဒာကတော့ ညီမ(၄)ယောက် စုပေါင်းဖွင့်ထားတဲ့ “မင်းသမီး”ပိုးထည်တိုက်ကို ဦးစီးနေတာဖြစ်ပြီး သားလေးမြတ်သောမောင်ကို ပြုစုပျိုးထောင်ရင်းသာ ဘဝကို အေးချမ်းစွာဖြတ်နေတာပါ။CeleGabar ပရိသတ်ကြီးအတွက် နိုင်ငံကျော်မင်းသမီး စိုးမြတ်နန္ဒာရဲ့ ချစ်သားလေး မြတ်သောမောင် ရဲ့ (၁၃)နှစ်ပြည့်မွေးနေ့မှာ သားသားလေးရဲ့ (၁၃)နှစ်တာဖြတ်သန်းခဲ့တဲ့ပုံရိပ်လေးကိုမျှဝေလိုက်ပါတယ်။

Source: SOE MYAT NANDAR
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

” ခ်စ္သားေလးရဲ႕ (၁၃)ႏွစ္တာျဖတ္သန္းခဲ့တဲ့ ပုံရိပ္ေလးေတြကို ေမြးေန႔အမွတ္တရအျဖစ္ခ်ျပလိုက္တဲ့ စိုးျမတ္နႏၵာ ”

ႏိုင္ငံေက်ာ္မင္းသမီး စိုးျမတ္နႏၵာကေတာ့ ေအာက္တိုဘာလ(၂၉)ရက္ေန႔မွာ က်ေရာက္တဲ့ ခ်စ္သားေလး ျမတ္ေသာေမာင္ ရဲ႕ (၁၃)ႏွစ္ျပည့္ေမြးေန႔မွာ သားသားေလးရဲ႕ (၁၃)ႏွစ္တာျဖတ္သန္းခဲ့တဲ့ပုံရိပ္ေလးနဲ႔အတူ “၁၃ ႏွစ္ျပည့္သြားတဲ့ သားေတာ္ေမာင္ေလး -ေလာကဓံကိုခံႏိုင္တဲ့သူျဖစ္ပါေစ -သက္ရွည္က်န္းမာပါေစ -ကိုယ့္ကိုကိုယ္ေစာင့္ေရွာက္ႏိုင္သူျဖစ္ပါေစ ” လို႔ ေမြးေန႔ဆုမြန္ေကာင္းေတာင္း ေပးထားပါတယ္။

စိုးျမတ္နႏၵာကေတာ့ (၁၃)ႏွစ္ျပည့္ေမြးေန႔မွာ သားသားေလးရဲ႕ (၁၃)ႏွစ္တာျဖတ္သန္းခဲ့တဲ့ပုံရိပ္ေလးျဖစ္တဲ့ သားေလးကိုယ္၀န္ရခ်ိန္က စၿပီး ယေန႔အခ်ိန္အထိ အမွတ္တရပံုေလးကို သိမ္းဆည္းထားတာဆိုရင္ သားေလးအေပၚဘယ္ေလာက္ခ်စ္လည္းဆိုတာသိႏိုင္ပါတယ္။ လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြနဲ႔ ေဝးကြာေနခဲ့တာလည္းျဖစ္ပါတယ္။သူကေတာ့ သ႐ုပ္ေဆာင္ပိုင္းမွာ ေျပာစရာမလိုေအာင္ ကိုပိုင္ႏိုင္မႈေၾကာင့္ (၂၀၀၁)ခုႏွစ္တြင္ “အခ်စ္ကို ေမြးဖြားျခင္း”႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ပိုဆုကိုရရွိခဲ့ၿပီး (၂၀၀၄)ခုႏွစ္မွာလည္း “ခ်စ္ျခင္းငယ္ ၿပိဳင္” ႐ုပ္ရွင္ဇာတ္ကားႀကီးျဖင့္ အမ်ိဳးသမီး ဇာတ္ပို႔ဆုကို ထပ္မံရရွိခဲ့ပါတယ္။

စိုးျမတ္နႏၵာကေတာ့ ညီမ(၄)ေယာက္ စုေပါင္းဖြင့္ထားတဲ့ “မင္းသမီး”ပိုးထည္တိုက္ကို ဦးစီးေနတာျဖစ္ၿပီး သားေလးျမတ္ေသာေမာင္ကို ျပဳစုပ်ိဳးေထာင္ရင္းသာ ဘ၀ကို ေအးခ်မ္းစြာျဖတ္ေနတာပါ။CeleGabar ပရိသတ္ႀကီးအတြက္ ႏိုင္ငံေက်ာ္မင္းသမီး စိုးျမတ္နႏၵာရဲ႕ ခ်စ္သားေလး ျမတ္ေသာေမာင္ ရဲ႕ (၁၃)ႏွစ္ျပည့္ေမြးေန႔မွာ သားသားေလးရဲ႕ (၁၃)ႏွစ္တာျဖတ္သန္းခဲ့တဲ့ပုံရိပ္ေလးကိုမွ်ေ၀လိုက္ပါတယ္။

error: Content is protected !!