” စာမေးပွဲဖြေဆိုနေတဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသူကျောင်းသားပရိသတ်တွေကို ဖြေနိုင်လားလို့ ဂရုတစိုက် မေးခွန်းထုတ်လိုက်တဲ့ စိုင်းစိုင်း “

ဒီနေ့ကတော့ အဝေးသင်တက္ကသိုလ်ကျောင်းသားတွေ စာမေးပွဲဖြေဆိုတဲ့နေ့ ဖြစ်ပြီး ပရိသတ်တွေကိုအမြဲဂရုစိုက်တတ်တဲ့ စိုင်းစိုင်းကတော့ ” ဒီနေ့ ဖြေနိုင်တဲ့ ရုပ်လေးတွေ ပြပါဦး ” ဆိုတဲ့ စာသားလေးနဲ့ ဂရုတစိုက် မေးခွန်းထုတ်လိုက်တာပဲ ဖြစ်ပါတယ်။လူမှုကွန်ရက်စာမျက်နှာမှာ တင်ပြီး တစ်နာရီတောင်မကြာခင်မှာပဲ နှုတ်ခမ်းနီမလေးတွေရဲ့ မှတ်ချက်ဝင်ပေးတဲ့ နှုန်းဟာ ထောင်ချီခဲ့တာလို့ဆိုရမှာပါ။ပရိသတ်တွေအပေါ်အမြဲ ဂရုစိုက်တတ်တဲ့ ဦးစိုင်းကတော့ တာဝန်ကျေမြဲကျေဆဲ ဖြစ်တဲ့အပြင် ပရိသတ်တွေရဲ့တုံ့ပြန်မှုကလည်း အရမ်းကိုကောင်းလွန်းတဲ့အနုပညာရှင်တစ်ဦးလို့ဆိုရမှာပါ။

အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကတော့ မသိသူမရှိသလောက်ပါပဲနော်။HipHop လောကမှာ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့ စိုင်းစိုင်းကတော့ တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားအောင် လုပ်နိုင်သော အနုပညာရှင်တစ်ဦးလို့ ဆိုရမှာပါ။အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်ဖြစ်တာကြောင့် တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းခံရတာတွေတော့ရှိပေမယ့် သူ့ကို Troll တဲ့သူတွေကို ပညာသားပါပါ တုံ့ပြန်ကာ ပရိသတ်တွေကို အချစ်ကို ပိုမိုတိုးလာအောင် ပြုလုပ်တတ်ပါသေးတယ်နော်။

အဆိုဘက်မှသာမက သရုပ်ဆောင်အပိုင်းမှာလည်း ဝါသနာပါတဲ့ စိုင်းစိုင်းကတော့ ဂီတရုပ်ရှင်လို့တောင်ဆိုရမယ့် ဂီတနဲ့ပါင်းစပ်ထားတဲ့ ” ပိတောက်ကတဲ့ ဂီတ ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်ကပဲ ရိုက်ကူးပြီးစီးခဲ့တာပါ။ စိုင်းစိုင်းကတော့ အခုချိန်ထိ သူ့ရဲ့အချစ်ရေးကိစ္စကို ဖွင့်မပြောသေးဘဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ နေနေတာကြောင့်ပရိသတ်တွေကတော့အထူးစိတ်ဝင်စားခြင်းခံရတဲ့သူတွေထဲမှာ စိုင်းစိုင်းအချစ်ရေးကတော့ထိပ်ဆုံးကပါပဲနော်။ အလုပ်တွေမအားတဲ့ကြားထဲက ပရိသတ်တွေအတွက် အမောပြေစာသားလေးတွေနဲ့ အမြဲဂရုစိုက်တတ်တဲ့ စိုင်းစိုင်းကို သဘောကျရင် CeleGabar ပရိသတ်ကြီးလည်း မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Sai Sai Kham Leng
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း





Shwe Poe – CeleGabar

error: Content is protected !!