” ရိုမန့်တစ်ဆန်ဆန် ချစ်သူလေးကို ချစ်တဲ့အကြောင်းတွေ ရင်ဖွင့်လိုက်တဲ့ ထွန်းထွန်း “

ထွန်းထွန်းကတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ ပြည်သူချစ်အနုပညာရှင် အဆိုတော် သရုပ်ဆောင်မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။တစ်ခတ်တစ်ခါက မိန်းကလေးပရိသတ်တွေသာမက ယောကျာ်းလေးပရိသတ်တွေပါ အားပေးခြင်းခံခဲ့ရတဲ့ ယောကျာ်းလေးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ” Example ” အဖွဲ့ဝင်တစ်ယောက်ပါ။ သူ့ရဲ့ သီချင်းတွေကိုပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့အပြင် သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆုကို ဆွတ်ခူးထားနိုင်သူတစ်ယောက်ပါ။

ထွန်းထွန်းဟာ အရင်ချစ်သူကောင်မလေးနဲ့ပြတ်ပြီးတဲ့နောက်မှာ တစ်ယောက်ထဲ Single အဖြစ်နဲ့ နေထိုင်လာတာအချိန်ကြာမြင့်ခဲ့ပေမယ့်လက်ရှိမှာတော့ ထွန်းထွန်းဟာ ချစ်စရာလေယာဉ်မယ်လေးနဲ့ အချစ်တစ်ခုကိုတည်ဆောက်ထားကာ ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို သည်းသည်းလှုပ် ချစ်ခင်ပေးကြတာပဲ ဖြစ်ပါတယ်။ချစ်သူလေးရဲ့ Live တွေမှာလည်း ပါဝင်ကာ စနောက်လေ့ရှိပြီး စိတ်ချမ်းသာတဲ့ ချစ်သူရည်းစားဘဝလေးကိုပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။

သူ့ရဲ့ချစ်သူလေယာဉ်မယ်လေးရဲ့ အသက်(၂၄)နှစ်ပြည့်မွေးနေ့ရက်မြတ်လေးနဲ့ သူတို့ရဲ့ Anniversary ဖြစ်ကြောင်းကို သူ့ရဲ့ My Day မှာဝေမျှခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း ချစ်သူလေးအပေါ်ထားထားတဲ့ စိတ်ကို သူ့ရဲ့ My Day မှာ ရင်ဖွင့်ခဲ့တာပါ။ ရင်ဖွင့်ထားတဲ့စာသားလေးကတော့ ” အကောင်းဆုံးတွေပဲပေးချင်တယ်။ အတူတူရှိနေတဲ့အချိန်တွေမှာလည်း ဂရုစိုက်လို့ကိုမဝဘူး ။ အလုပ်တွေရှိနေလို့မအားနေရင်လည်း သူအဆင်မပြေတာ ဘာရှိမလဲလို့တွေးနေမိတယ်။ မသိဘူးချစ်တယ်။” ဆိုတဲ့စာသားလေးနဲ့ ရိုမန့်တစ်ဆန်ဆန်ချစ်ကြောင်းကို ပြောခဲ့တာပါ။ CeleGabar ပရိသတ်ကြီးလည်း ထွန်းထွန်းလို ချစ်တတ်တဲ့သူတွေ ပိုင်ဆိုင်ထားပြီလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : A Nyein Phyu
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” ရုိ္မန္႕တစ္ဆန္ဆန္ ခ်စ္သူေလးကို ခ်စ္တဲ့အေၾကာင္းေတြ ရင္ဖြင့္လိုက္တဲ့ ထြန္းထြန္း ”

ထြန္းထြန္းကေတာ့ အထူးမိတ္ဆက္ေပးစရာမလိုတဲ့ ျပည္သူခ်စ္အႏုပညာရွင္ အဆိုေတာ္ သ႐ုပ္ေဆာင္မင္းသား တစ္လက္ပဲ ျဖစ္ပါတယ္။တစ္ခတ္တစ္ခါက မိန္းကေလးပရိသတ္ေတြသာမက ေယာက်ာ္းေလးပရိသတ္ေတြပါ အားေပးျခင္းခံခဲ့ရတဲ့ ေယာက်ာ္းေလးအဆိုေတာ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ ” Example ” အဖြဲ႕ဝင္တစ္ေယာက္ပါ။ သူ႕ရဲ႕ သီခ်င္းေတြကိုပရိသတ္ေတြၾကားမွာ ေရပန္းစားေအာင္ျမင္ခဲ့တဲ့အျပင္ သ႐ုပ္ေဆာင္ဘက္မွာလည္း အကယ္ဒမီဆုကို ဆြတ္ခူးထားႏုိင္သူတစ္ေယာက္ပါ။

ထြန္းထြန္းဟာ အရင္ခ်စ္သူေကာင္မေလးနဲ႔ျပတ္ၿပီးတဲ့ေနာက္မွာ တစ္ေယာက္ထဲ Single အျဖစ္နဲ႔ ေနထိုင္လာတာအခ်ိန္ၾကာျမင့္ခဲ့ေပမယ့္လက္ရွိမွာေတာ့ ထြန္းထြန္းဟာ ခ်စ္စရာေလယာဥ္မယ္ေလးနဲ႕ အခ်စ္တစ္ခုကိုတည္ေဆာက္ထားကာ ပရိသတ္ေတြကလည္း သူတို႕စံုတြဲေလးကို သည္းသည္းလႈပ္ ခ်စ္ခင္ေပးၾကတာပဲ ျဖစ္ပါတယ္။ခ်စ္သူေလးရဲ႕ Live ေတြမွာလည္း ပါဝင္ကာ စေနာက္ေလ့ရွိၿပီး စိတ္ခ်မ္းသာတဲ့ ခ်စ္သူရည္းစားဘဝေလးကိုပိုင္ဆိုင္ထားတယ္လို႕ ဆိုရမွာပါ။

သူ႕ရဲ႕ခ်စ္သူေလယာဥ္မယ္ေလးရဲ႕ အသက္(၂၄)ႏွစ္ျပည့္ေမြးေန႕ရက္ျမတ္ေလးနဲ႕ သူတို႕ရဲ႕ Anniversary ျဖစ္ေၾကာင္းကို သူ႕ရဲ႕ My Day မွာေဝမွ်ခဲ့ပါေသးတယ္။ ဒီေန႕မွာလည္း ခ်စ္သူေလးအေပၚထားထားတဲ့ စိတ္ကို သူ႕ရဲ႕ ႕ My Day မွာ ရင္ဖြင့္ခဲ့တာပါ။ ရင္ဖြင့္ထားတဲ့စာသားေလးကေတာ့ ” အေကာင္းဆံုးေတြပဲေပးခ်င္တယ္။ အတူတူရွိေနတဲ့အခ်ိန္ေတြမွာလည္း ဂရုစိုက္လို႕ကိုမဝဘူး ။ အလုပ္ေတြရွိေနလို႕မအားေနရင္လည္း သူအဆင္မေျပတာ ဘာရွိမလဲလို႕ေတြးေနမိတယ္။ မသိဘူးခ်စ္တယ္။” ဆိုတဲ့စာသားေလးနဲ႕ ရုိမန္႕တစ္ဆန္ဆန္ခ်စ္ေၾကာင္းကို ေျပာခဲ့တာပါ။ CeleGabar ပရိသတ္ႀကီးလည္း ထြန္းထြန္းလို ခ်စ္တတ္တဲ့သူေတြ ပိုင္ဆိုင္ထားၿပီလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Sourcre :Htin Aung Tun
Shwe Poe – CeleGabar

error: Content is protected !!