“ခင်ပွန်းဖြစ်သူနဲ့ မင်္ဂလာဆောင်တုန်းကပုံလေးတွေကို ပြန်လည်မျှဝေလိုက်တဲ့ ဆုပန်ထွာ”

တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံရုပ်ရှင်လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးချောလေး ဆုပန်ထွာကတော့ လက်ရှိမှာ ပရိသတ်တွေတောင်မှအားကျရလောက်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ဆုပန်ထွာက သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ (၂၀၁၅)ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ ထိမ်းမြားလက်ထပ်မင်္ဂလာအခမ်းအနားကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Santa Monic ကမ်းခြေမှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆုပန်ထွာတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းဟာ (၄)နှစ်ကျော် (၅)နှစ်နီးပါးရှိနေခဲ့ပြီဖြစ်ပြီး တစ်ယောက်ကို တစ်ယောက်နားလည်မှုအပြည့်နဲ့ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ စုံတွဲလေးတစ်တွဲလို့လည်း ဆိုရမှာပါ။လတ်တလောမှာတော့ ဆုပန်ထွာက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သူတို့ဇနီးမောင်နှံနှစ်ဦး မင်္ဂလာဆောင်ခဲ့တုန်းကပုံလေးတွေကို အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြခဲ့ပါသေးတယ်။

လက်ရှိမှာလည်း ဆုပန်ထွာဟာ အနုပညာဖျော်ဖြေရေးအလုပ်တွေနဲ့ အမေရိကန်နိုင်ငံကိုစက်တင်ဘာလ လလယ်ပိုင်းလောက်ကတည်းကရောက်ရှိနေတာလည်း ဖြစ်ပါတယ်။အခုလို သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေလိုက်တဲ့ အချိန်မှာတော့ မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို လွမ်းနေတဲ့ အကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။CeleGabar ပရိသတ်ကြီးတွေကိုလည်း ပန်ပန်တို့ ရဲ့ အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source : Supan Htwar
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Source : Supan Htwar
Chilli – CeleGabar

error: Content is protected !!