” စာတွေကျက်ရလွန်းလို့ အလှတောင်မပြင်ချင်တော့ဘူးဆိုတဲ့ ပိုပို “

ပိုပိုကတော့ လက်ရှိမှာ အဝေးသင်ဥပဒေစတုတ္တနှစ်ကို ရောက်ရှိကာ စာမေးပွဲဖြေနေတာပဲဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ မိဘတွေမရှိတော့ပေမယ့်လည်း ကိုယ်တိုင်တစ်ဦးတည်း ကိုယ့်ဒူးကိုယ်ချွန်ကာ ရပ်တည်လာနိုင်သူတစ်ဦးလို့ဆိုရမှာပါ။ သူ့ဘဝအကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြောပြထား သူလေးလည်း ဖြစ်တဲ့အပြင် သူ့သီချင်းတော်တော်များများကို ကလေးလူကြီးမရွေးနှစ်သက်သဘောကျကြတာကြောင့် ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်ပါ။

မိဘအစားအဘွားနဲ့အတူတူနေခဲ့ရတဲ့ ပိုပိုကတော့ သူ့အဘွား ဖြစ်စေချင်ခဲ့တဲ့ ပညာတတ်တစ်ယောက်ဖြစ်ဖို့ အလုပ်တွေမအားတဲ့ကြားထဲက ဘွဲ့ရအောင် ကြိုးစားနေသူလေးပါ။ဒီနှစ်မှာတော့ သူ့ရဲ့ One Lady Show အတွက် အခက်အခဲတွေ ပြင်ဆင်မှုတွေရှိနေတဲ့ကြားထဲကနေ စာမေးပွဲအတွက် သီးသန့် အချိန်ပေးထားကာ စာတွေလုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့စာမေးပွဲကို အာရုံစိုက်နေရလို့ အလှတောင်မပြင်ချင်တော့ကြောင်းကို ” စာကျက်ခြင်းသည် စိတ်ကိုရှူပ်ထွေးစေ၏ ။ စာဆိုတာ ပကာသန တွေများလားဒါနဲ့ အလှမပြင်ပဲ ကျောင်းသွားလို့ရလား …စာတွေကျက်ရလွန်းလို့ မလှချင်တော့ဘူး ။ ” လို့ ဆိုကာ ပရိသတ်တွေကို ရင်ဖွင့်ခဲ့တာပါ။CeleGabar ပရိသတ်ကြီးရော ပိုပို့နဲ့ခံစားချက်တိုက်ဆိုင်နေတဲ့သူများရှိလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : ဝတ်ရည်မိုး
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” စာေတြက်က္ရလြန္းလို႕ အလွေတာင္မျပင္ခ်င္ေတာ့ဘူးဆိုတဲ့ ပိုပို ”

ပိုပိုကေတာ့ လက္ရွိမွာ အေဝးသင္ဥပေဒစတုတၱႏွစ္ကို ေရာက္ရွိကာ စာေမးပြဲေျဖေနတာပဲျဖစ္ပါတယ္။ အဆိုေတာ္ပိုပိုကေတာ့ မိဘေတြမရွိေတာ့ေပမယ့္လည္း ကိုယ္တိုင္တစ္ဦးတည္း ကိုယ့္ဒူးကိုယ္ခြၽန္ကာ ရပ္တည္လာႏိုင္သူတစ္ဦးလို႕ဆိုရမွာပါ။ သူ႕ဘဝအေၾကာင္းကိုလည္း ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ေဖာ္ထုတ္ေျပာျပထား သူေလးလည္း ျဖစ္တဲ့အျပင္ သူ႕သီခ်င္းေတာ္ေတာ္မ်ားမ်ားကို ကေလးလူႀကီးမေ႐ြးႏွစ္သက္သေဘာက်ၾကတာေၾကာင့္ ပရိသတ္အခိုင္အမာရရွိထားသူတစ္ေယာက္ပါ။

မိဘအစားအဘြားနဲ႕အတူတူေနခဲ့ရတဲ့ ပိုပိုကေတာ့ သူ႕အဘြား ျဖစ္ေစခ်င္ခဲ့တဲ့ ပညာတတ္တစ္ေယာက္ျဖစ္ဖို႕ အလုပ္ေတြမအားတဲ့ၾကားထဲက ဘြဲ့ရေအာင္ ႀကိဳးစားေနသူေလးပါ။ဒီနွစ္မွာေတာ့ သူ႕ရဲ႕ One Lady Show အတြက္ အခက္အခဲေတြ ျပင္ဆင္မႈေတြရွိေနတဲ့ၾကားထဲကေန စာေမးပြဲအတြက္ သီးသန္႕ အခ်ိန္ေပးထားကာ စာေတြလုပ္ေနတယ္လို႕ သိရပါတယ္။

လက္ရွိမွာေတာ့စာေမးပြဲကို အာရုံစိုက္ေနရလို႕ အလွေတာင္မျပင္ခ်င္ေတာ့ေၾကာင္းကို ” စာက်က္ျခင္းသည္ စိတ္ကိုရႉပ္ေထြးေစ၏ ။ စာဆိုတာ ပကာသန ေတြမ်ားလားဒါန႔ဲ အလွမျပင္ပဲ ေက်ာင္းသြားလို႔ရလား …စာေတြက်က္ရလြန္းလို႔ မလွခ်င္ေတာ့ဘူး ။ ” လို႕ ဆိုကာ ပရိသတ္ေတြကို ရင္ဖြင့္ခဲ့တာပါ။CeleGabar ပရိသတ္ႀကီးေရာ ပိုပို႕နဲ႕ခံစားခ်က္တိုက္ဆိုင္ေနတဲ့သူမ်ားရွိလားဆိုတာ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : ဝတ္ရည္မိုး
Shwe Poe – CeleGabar

error: Content is protected !!