“ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့် (သို့) မင်းသမီးရှုံးလောက်အောင်လှတဲ့ မင်းရာဇာရဲ့သမီးလေး”

မင်းရာဇာကတော့ မြန်မာ့သရုပ်ဆောင်လောကမှာ ပရိသတ်တွေကို အစစ်အမှန်တွေပဲ ချပြလေ့ရှိတဲ့ အက်ရှင်မင်းသားကောင်းတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ ဗွီဒီယိုဇာတ်ကားကောင်းများစွာကို ရိုက်ကူးထားပြီး အနုပညာလောကမှာ ခိုင်မာတဲ့နေရာတစ်ခု ရရှိနေသူတစ်ယောက်ဖြစ်ပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုဖြစ်တဲ့ Line Walker-2 မှာလည်း ပါဝင်ရိုက်ကူးခွင့်ရခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။


မင်းရာဇာဟာ အက်ရှင်မင်းသားတစ်ယောက်ဖြစ်တာနဲ့အညီ ခန္ဓာကိုယ်ကိုကောင်းမွန်စွာ တည်ဆောက်ထားတာဖြစ်ပြီး ခပ်မိုက်မိုက် အကြမ်းစားအက်ရှင်အစစ်အမှန်တွေကို ပရိသတ်အတွက်ချပြပေးနိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ ဗွီဒီယိုလောက ပျက်စီးသွားပြီးနောက်မှာ မင်းရာဇာတို့လို အမှန်တကယ်ကြိုးစားနေသူတွေအတွက် ပေါကားဆိုပြီး ရောပြောခံရတာတွေ၊ အက်ရှင်မင်းသားတွေဆိုပြီး ဈေးနှိမ်ခံရတာတွေရှိလာတဲ့အတွက် စိတ်မကောင်းဖြစ်မိပေမယ့် ပရိသတ်အတွက် ကွဲပြားတဲ့ တင်ဆက်မှုတွေနဲ့ ပြန်လာဖို့ ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။


လက်ရှိမှာ ချစ်ရတဲ့ဇနီး နဲ့အတူ သမီးလေးတစ်ယောက်၊သားလေးတစ်ယောက်နဲ့ ဘဝကိုအေးချမ်းပျော်ရွှင်စွာဖြတ်သန်းနေတာဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဘဝအမောတွေရှိနေပါစေ ချစ်ရတဲ့သမီးလေးနဲ့ သားလေးရဲ့မျက်နှာကိုမြင်ရရင်ပျော်ရွှင်ကျေနပ်နေလေ့ရှိသူတစ်ယောက်ပါ။ ဒါ့အပြင် သမီးလေးကတော့ နိုင်ငံခြားမင်းသမီးလေးအလား လှပတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ မင်းရာဇာကတော့ သမီးလေးရဲ့ပုံလေးတွေ အမြဲတင်လေ့ရှိပြီး ချောမောပြေပြစ်လှတဲ့မျက်နှာကြောင့် ပရိသတ်တွေအချစ်ပိုနေရသူလေးလဲ ဖြစ်ပါတယ်။ ချောမောလှပတဲ့ သမီးလေးရဲ့ပုံရိပ်တစ်ချို့ကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။သမီးလေးက ဖေဖေမင်းရာဇာနဲ့တူလို့ ချောတာလား မေမေနဲ့တူလို့ချောတာလား ဖြေပေးခဲ့ပါဦးနော်။


Source – Min Yar Zar
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်






Source – Min Yar Zar
Rainbow – Cele Gabar

error: Content is protected !!