“ကလေးတွေအလစ်မှာ ငယ်မူပြန်ချင်နေတဲ့ ခင်လှိုင်”

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဟာသလူရွှင်တော်ဦးခင်လှိုင်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းကနေ အခုအချိန်ထိ အနုပညာလောကမှာ အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ဦးခင်လှိုင်ကတော့ ချစ်ရတဲ့ ဇနီး၊သား(၂)ယောက်၊သမီး(၁)ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားတာပဲဖြစ်ပါတယ်။

လက်ရှိမှာလည်း ဦးခင်လှိုင်ရဲ့ သားသမီးတွေဟာ အရွယ်အသီးသီးရောက်နေကြပြီး သားဖြစ်သူ နေရဲ နဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်တို့ဟာလည်း မျိုးဆက်သစ်အနုပညာရှင်လေးတွေအနေနဲ့ အနုပညာလောကကို စတင်လျှောက်လှမ်းနေကာ အောင်မြင်မှုတွေလည်း အသီးသီးရရှိနေကြပြီလည်းဖြစ်ပါတယ်။ဦးခင်လှိုင်ကတော့ သားသမီးတွေအတွက်ကိုလည်း ဖခင်ကောင်းပီသတဲ့အပြင် သူ့ရဲ့ချစ်ဇနီးအပေါ်မှာလည်း ခင်ပွန်းကောင်းပီသလှတဲ့သူတစ်ယောက်ပါ။

ရွှေလက်တွဲလာတာအချိန်ကြာမြင့်လာပြီဖြစ်ပေမဲ့လည်း ဒီနေ့ဒီအချိန်အထိ ဇနီးဖြစ်သူအပေါ်မှာချစ်ခင်ကြင်နာမှုအပြည့်အဝရှိနေသေးတာပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း ဦးခင်လှိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ “ကလေးတွေအလစ်မှာ ငယ်မူပြန်ကြတာပေါ့ မငွေသိမ်းရေ”ဆိုပြီး ဇနီးဖြစ်သူနဲ့ ပုဂံမှာရိုက်ထားတဲ့ ပုံလေးတွေနဲ့ အတူအရွှန်ဖောက်ပြီးဖော်ပြလာတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ဦးခင်လှိုင်တို့ဇနီးမောင်နှံရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source : Khin Hlaing
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

“ကေလးေတြအလစ္မွာ ငယ္မူျပန္ခ်င္ေနတဲ့ ခင္လႈိင္”

႐ုပ္ရွင္နဲ႕ ဗီဒီယို သ႐ုပ္ေဆာင္ ဟာသလူရႊင္ေတာ္ဦးခင္လႈိင္ကေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္တစ္ခုေက်ာ္ကတည္းကေန အခုအခ်ိန္ထိ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြကို ထိန္းသိမ္းထားႏိုင္တဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ဦးခင္လႈိင္ကေတာ့ ခ်စ္ရတဲ့ ဇနီး၊သား(၂)ေယာက္၊သမီး(၁)ေယာက္နဲ႕ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကိုတည္ေဆာက္ထားတာပဲျဖစ္ပါတယ္။

လက္ရွိမွာလည္း ဦးခင္လႈိင္ရဲ႕ သားသမီးေတြဟာ အရြယ္အသီးသီးေရာက္ေနၾကၿပီး သားျဖစ္သူ ေနရဲ နဲ႕ သမီးျဖစ္သူ သဇင္ထူးျမင့္တို႕ဟာလည္း မ်ိဳးဆက္သစ္အႏုပညာရွင္ေလးေတြအေနနဲ႕ အႏုပညာေလာကကို စတင္ေလွ်ာက္လွမ္းေနကာ ေအာင္ျမင္မႈေတြလည္း အသီးသီးရရွိေနၾကၿပီလည္းျဖစ္ပါတယ္။ဦးခင္လႈိင္ကေတာ့ သားသမီးေတြအတြက္ကိုလည္း ဖခင္ေကာင္းပီသတဲ့အျပင္ သူ႕ရဲ႕ခ်စ္ဇနီးအေပၚမွာလည္း ခင္ပြန္းေကာင္းပီသလွတဲ့သူတစ္ေယာက္ပါ။

ေရႊလက္တြဲလာတာအခ်ိန္ၾကာျမင့္လာၿပီျဖစ္ေပမဲ့လည္း ဒီေန႕ဒီအခ်ိန္အထိ ဇနီးျဖစ္သူအေပၚမွာခ်စ္ခင္ၾကင္နာမႈအျပည့္အဝရွိေနေသးတာပဲျဖစ္ပါတယ္။ လတ္တေလာမွာလည္း ဦးခင္လႈိင္က သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနၿပီးေတာ့ “ကေလးေတြအလစ္မွာ ငယ္မူျပန္ၾကတာေပါ့ မေငြသိမ္းေရ”ဆိုၿပီး ဇနီးျဖစ္သူနဲ႕ ပုဂံမွာ႐ိုက္ထားတဲ့ ပံုေလးေတြနဲ႕ အတူအရႊန္ေဖာက္ၿပီးေဖာ္ျပလာတာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရ ဦးခင္လႈိင္တို႕ဇနီးေမာင္ႏွံရဲ႕ ခ်စ္စရာေကာင္းလွတဲ့ ပံုေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source : Khin Hlaing
Chilli – CeleGabar

error: Content is protected !!