” Season (2) ထွက်ရှိဦးမည့် ရိုမန့်တစ်ဒရမ်မာဇာတ်ကား ” Love Alarm” “

အောက်တိုဘာလ(၃၀)ရက်နေ့မှာတော့ ” Love Alarm” ဒရမ်မာဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Kim So Hyun၊ Song Kang နွင့် Jung Ga Ram တို့ကတော့ Season(2) ထွက်ရှိလာမည့်အတည်ပြုချက်ကို ထုတ်ပြန်ချက်ကို ကြေငြာပြီး ကြည့်ရှုသူများအား သူတို့၏ပံ့ပိုးမှုအတွက်ကျေးဇူးတင်ကြောင်းပြောကြားခဲ့တဲ့ ဗီဒီယိုဖိုင်ကိုတော့ မင်းသမီးချောလေး Kim So Hyun ရဲ့ Instagram မှာတင်ထားပါတယ်။

ဒီဒရမ်မာဇာတ်လမ်းတွဲလေးကတော့ နာမည်ကြီး Webtoon စီးရီးကိုအခြေခံပြီး ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ဇာတ်လမ်းမှာတော့ ကိုယ်ချစ်တဲ့သူကို ခံစားချက်တွေ နှုတ်ကဖွင့်ပြောစရာမလိုပဲ Love Alarmဆိုတဲ့ app ကနေတစ်ဆင့် သိနိုင်တဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲကိုတော့ ဒီနှစ်သြဂုတ်လမှာ ထုတ်လွင့်ပြသခဲ့ပါတယ်။

ကဲ CeleGabar ပရိသတ်ကြီးရေ ” Love Alarm” ဒရမ်မာဇာတ်လမ်းတွဲကတော့ Season(2) ထွက်ရှိလာမည့်အတည်ပြုချက်ကို ထုတ်ပြန် ကြေငြာလိုက်ပါပြီနော်။

Source: Kim So Hyun’s Instagram
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!