” Love Equation ရုပ်ရှင်ဇာတ်ကားကို ညဉ့်နက်အထိ ရိုက်ကူးနေခဲ့တဲ့ ဖွေးစိန်လေး”

မြန်မာအနုပညာလောကရဲ့ထိပ်တန်း မင်းသား၊မင်းသမီး (၄)လက်နဲ့ ရိုက်ကူးနေတဲ့Love Equation ရုပ်ရှင်ဇာတ်ကားကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေ အထူးစိတ်ဝင်စားခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ ပါဝင်တဲ့အနုပညာရှင်တွေကတော့ ဒေါင်း၊ခါရာ၊သက်မွန်မြင့် နဲ့ဖွေးဖွေးတို့ပဲ ဖြစ်ပြီး တကယ့် ဒိတ်ဒိတ်ကြဲ ဝါရင့်သဘာရင့် မင်းသမီး(၂)လက်ရဲ့ အားပြိုင်မှုတွေကို မြင်တွေ့ရတော့မယ်လို့တောင် ဆိုရမှာပါ။

လတ်တလောမှာ ဖွေးစိန်လေးကတော့ Love Equation ရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကွင်းကပုံရိပ်လေးတွေကို မကြာမကြာ ပရိသတ်တွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဝေမျှပေးလေ့ရှိပါတယ်။ လက်ရှိမှာတော့ မနေ့က ည(၁၂)အထိရိုက်ကူးနေရကြောင်းကို သူ့ရဲ့ My Day ကနေဖော်ပြခဲ့တာပါ။ ခါရာအတူ ရိုက်ကူးနေတဲ့အကြောင်းကို ဗီဒီယိုလေးတင်ထားခဲ့တာပဲ ဖြစ်ပြီး ပရိသတ်တွေကလည်း မိန်းကလေးတွေအသည်းစွဲ မင်းသားနှစ်လက်နဲ့ ဘယ်လိုအထာကျကျ ဇာတ်ကွက်တွေနဲ့ ဖွေးစိန်လေးကိုတွေ့ရမလဲဆိုပြီး အထူးစိတ်ဝင်စားနေကြတယ်လို့ဆိုရမှာပါ။

ဖွေးဖွေးဟာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၃)ဆုပိုင်ရှင်ဖြစ်တဲ့အပြင် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာကိုရရှိထားသူဖြစ်ပေမယ့် ဟိတ်ဟန်မရှိဘဲ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူလည်းဖြစ်ပါတယ်။ ဘယ်ဇာတ်ကောင်ကိုပဲရိုက်ရိုက် ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်တတ်တဲ့သူကတော့ ဇာတ်ကားတစ်ကားစတင်ရိုက်တော့မယ်ဆို အမြဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့အနုပညာဝမ်းစာကို အပြည့်ဖြည့်တတ်သူပဲ ဖြစ်ပါတယ်။ဒါကြောင့် Love Equation ရုပ်ရှင်ဇာတ်ကားမှာလည်း ဖွေးဖွေးရဲ့ ညဉ့်နက်အထိ အလုပ်တွေကြိုးစားနေတဲ့ အကြောင်းကို CeleGabar ပရိသတ်ကြီး သိအောင်တင်ပြပေးလိုက်ပါတယ်။

Source : Phway Phway
Shwe Poe – CeleGabar
ဇော်ဂျီဗားရှင်း

” Love Equation ႐ုပ္ရွင္ဇာတ္ကားကို ညဥ့္နက္အထိ ရုိက္ကူးေနခဲ့တဲ့ ေဖြးစိန္ေလး”

ျမန္မာအႏုပညာေလာကရဲ႕ထိပ္တန္း မင္းသား၊မင္းသမီး (၄)လက္နဲ႔ ႐ိုက္ကူးေနတဲ့Love Equation ႐ုပ္ရွင္ဇာတ္ကားကေတာ့ ႐ုပ္ရွင္ခ်စ္ပရိသတ္ေတြ အထူးစိတ္ဝင္စားျခင္းခံေနရတာပဲ ျဖစ္ပါတယ္။ဒီဇာတ္ကားေလးမွာ ပါဝင္တဲ့အႏုပညာရွင္ေတြကေတာ့ ေဒါင္း၊ခါရာ၊သက္မြန္ျမင့္ နဲ႔ေဖြးေဖြးတို႔ပဲ ျဖစ္ၿပီး တကယ့္ ဒိတ္ဒိတ္ႀကဲ ဝါရင့္သဘာရင့္ မင္းသမီး(၂)လက္ရဲ႕ အားၿပိဳင္မႈေတြကို ျမင္ေတြ႕ရေတာ့မယ္လို႔ေတာင္ ဆိုရမွာပါ။

လတ္တေလာမွာ ေဖြးစိန္ေလးကေတာ့ Love Equation ႐ုပ္ရွင္ဇာတ္ကားရဲ႕ ႐ိုက္ကြင္းကပုံရိပ္ေလးေတြကို မၾကာမၾကာ ပရိသတ္ေတြကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနေဝမွ်ေပးေလ့ရွိပါတယ္။ လက္ရွိမွာေတာ့ မေန႔က ည(၁၂)အထိ႐ိုက္ကူးေနရေၾကာင္းကို သူ႔ရဲ႕ My Day ကေနေဖာ္ျပခဲ့တာပါ။ ခါရာအတူ ႐ိုက္ကူးေနတဲ့အေၾကာင္းကို ဗီဒီယိုေလးတင္ထားခဲ့တာပဲ ျဖစ္ၿပီး ပရိသတ္ေတြကလည္း မိန္းကေလးေတြအသည္းစြဲ မင္းသားႏွစ္လက္နဲ႕ ဘယ္လိုအထာက်က် ဇာတ္ကြက္ေတြနဲ႕ ေဖြးစိန္ေလးကိုေတြ႕ရမလဲဆိုၿပီး အထူးစိတ္ဝင္စားေနၾကတယ္လို႕ဆိုရမွာပါ။

ေဖြးေဖြးဟာ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆု (၃)ဆုပိုင္ရွင္ျဖစ္တဲ့အျပင္ အႏုပညာလမ္းေၾကာင္းမွာ ေအာင္ျမင္မႈမ်ားစြာကိုရရွိထားသူျဖစ္ေပမယ့္ ဟိတ္ဟန္မရွိဘဲ ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္း ေဖာ္ေဖာ္ေ႐ြေ႐ြ ဆက္ဆံတတ္သူလည္းျဖစ္ပါတယ္။ ဘယ္ဇာတ္ေကာင္ကိုပဲ႐ိုက္႐ိုက္ က်ရာဇာတ္႐ုပ္ကိုပီျပင္ေအာင္သ႐ုပ္ေဆာင္တတ္တဲ့သူကေတာ့ ဇာတ္ကားတစ္ကားစတင္႐ိုက္ေတာ့မယ္ဆို အၿမဲ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔အႏုပညာဝမ္းစာကို အျပည့္ျဖည့္တတ္သူပဲ ျဖစ္ပါတယ္။ဒါေၾကာင့္ Love Equation ႐ုပ္ရွင္ဇာတ္ကားမွာလည္း ေဖြးေဖြးရဲ႕ ညဥ့္နက္အထိ အလုပ္ေတြႀကိဳးစားေနတဲ့ အေၾကာင္းကို CeleGabar ပရိသတ္ႀကီး သိေအာင္တင္ျပေပးလိုက္ပါတယ္။

Source : Phway Phway
Shwe Poe – CeleGabar

error: Content is protected !!