“တစ်ယောက်ကတီး တစ်ယောက်ကဆိုပြီး ဂီတမှာစီးမျောနေကြတဲ့ တင်ဇာမော်နဲ့ချောစုခင်”

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ဂီတလောကရဲ့ဘုရင်မတွေ ဖြစ်တဲ့ တင်ဇာမော် နဲ့ ချောစုခင်တို့ကတော့ ယနေ့တိုင်ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိနေဆဲဖြစ်ပါတယ်။ တင်ဇာမော်ဟာ လက်ရှိမှာ မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ မြန်မာအိုင်ဒေါ Season-4 ရဲ့ဒိုင်လူကြီးတစ်ယောက်အနေနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူဟာ နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာခဲ့တဲ့အချိန်မှစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာတာဖြစ်ပါတယ်။ သူပြန်လာပြီးနောက် ထွက်ရှိခဲ့တဲ့ သီချင်းများထဲမှ“ဧည့်သည်” သီချင်းကတော့ တင်ဇာမော်ရဲ့ပရိသတ်တွေအတွက် စောင့်ရကျိုးနပ်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့တယ်ဆိုရမှာပါ။

ချောစုခင်ကတော့ မြန်မာနိုင်ငံရဲ့ ကြီးငယ်မရွေးနှစ်သက်ကျတဲ့ အဆိုတော်တစ်ယောက်လို့ဆိုရမှာပါ။ တစ်ခေတ်တစ်ခါက မိန်းကလေးတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ သီချင်းပေါင်းများစွာကို သီဆိုခဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိမှာ အနုပညာအလုပ်တွေလုပ်တာသိပ်မတွေ့ရတော့ပေမယ့် ပရိသတ်ရဲ့အားပေးချစ်ခင်မှုကို ရရှိနေဆဲအနုပညာရှင်တစ်ယောက်ဆိုလို့ဆိုရမှာပါ။

တင်ဇာမော်နဲ့ချောစုခင်တို့ဟာ ဟိုးအရင်ထဲက ပေါင်းလာကြတဲ့ ဂီတညီအစ်မများဖြစ်တဲ့အပြင် အခုအချိန်မှာလည်း ချစ်ချစ်ခင်ခင်နေကြတာကိုတွေ့ရမှာပါ။ ဂီတကိုရူးသွပ်ကြတဲ့သူတွေပီပီ တွေ့ဖြစ်တဲ့အချိန်လေးမှာတောင် တင်ဇာမော်ကဂစ်တာတီး ချောစုခင်က သီချင်းသီဆိုပြီး ဖြတ်သန်းခဲ့ကြတာဖြစ်ပါတယ်။ သီချင်းမှာစီးမြောနှစ်ဝင်နေတဲ့ ဂီတဘုရင်မနှစ်ယောက်ရဲ့ ဗွီဒီယိုဖိုင်လေးနဲ့ ပုံရိပ်တချို့ကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။


Source – Chaw Su Khin
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“တစ္ေယာက္ကတီး တစ္ေယာက္ကဆိုျပီး ဂီတမွာစီးေမ်ာေနၾကတဲ့ တင္ဇာေမာ္နဲ႔ေခ်ာစုခင္”

တစ္ေခတ္တစ္ခါက ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ဂီတေလာကရဲ႕ဘုရင္မေတြ ျဖစ္တဲ့ တင္ဇာေမာ္ နဲ႔ ေခ်ာစုခင္တို႔ကေတာ့ ယေန႔တိုင္ပရိသတ္ရဲ႕ခ်စ္ခင္အားေပးမွုကို ရရွိေနဆဲျဖစ္ပါတယ္။ တင္ဇာေမာ္ဟာ လက္ရွိမွာ ျမန္မာႏုိင္ငံရဲ႕ေအာင္ျမင္ေက်ာ္ၾကားလူၾကိဳက္မ်ားတဲ့ ျမန္မာအုိင္ေဒါ Season-4 ရဲ႕ဒိုင္လူၾကီးတစ္ေယာက္အေနနဲ႔ေဆာင္ရြက္ေနတာျဖစ္ပါတယ္။ သူဟာ ႏုိင္ငံျခားမွ ျပန္လည္ေရာက္ရွိလာခဲ့တဲ့အခ်ိန္မွစျပီး အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္လာတာျဖစ္ပါတယ္။ သူျပန္လာျပီးေနာက္ ထြက္ရွိခဲ့တဲ့ သီခ်င္းမ်ားထဲမွ“ဧည့္သည္” သီခ်င္းကေတာ့ တင္ဇာေမာ္ရဲ႕ပရိသတ္ေတြအတြက္ ေစာင့္ရက်ိဳးနပ္ခဲ့တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ခဲ့တယ္ဆိုရမွာပါ။

ေခ်ာစုခင္ကေတာ့ ျမန္မာႏုိင္ငံရဲ႕ ၾကီးငယ္မေရြးႏွစ္သက္က်တဲ့ အဆိုေတာ္တစ္ေယာက္လို႔ဆိုရမွာပါ။ တစ္ေခတ္တစ္ခါက မိန္းကေလးေတြရဲ႕ပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့တဲ့ သီခ်င္းေပါင္းမ်ားစြာကို သီဆိုခဲ့သူတစ္ေယာက္ဆိုလည္း မမွားပါဘူး။ လက္ရွိမွာ အႏုပညာအလုပ္ေတြလုပ္တာသိပ္မေတြ႔ရေတာ့ေပမယ့္ ပရိသတ္ရဲ႕အားေပးခ်စ္ခင္မွုကို ရရွိေနဆဲအႏုပညာရွင္တစ္ေယာက္ဆိုလို႔ဆိုရမွာပါ။

တင္ဇာေမာ္နဲ႔ေခ်ာစုခင္တုိ႔ဟာ ဟိုးအရင္ထဲက ေပါင္းလာၾကတဲ့ ဂီတညီအစ္မမ်ားျဖစ္တဲ့အျပင္ အခုအခ်ိန္မွာလည္း ခ်စ္ခ်စ္ခင္ခင္ေနၾကတာကိုေတြ႔ရမွာပါ။ ဂီတကိုရူးသြပ္ၾကတဲ့သူေတြပီပီ ေတြ႔ျဖစ္တဲ့အခ်ိန္ေလးမွာေတာင္ တင္ဇာေမာ္ကဂစ္တာတီး ေခ်ာစုခင္က သီခ်င္းသီဆိုျပီး ျဖတ္သန္းခဲ့ၾကတာျဖစ္ပါတယ္။ သီခ်င္းမွာစီးေျမာနွစ္၀င္ေနတဲ့ ဂီတဘုရင္မႏွစ္ေယာက္ရဲ႕ ဗြီဒီယိုဖိုင္ေလးနဲ႔ ပံုရိပ္တခ်ိဳ႕ကို ဆယ္လီကမာၻပရိသတ္ၾကီးအတြက္မွ်ေ၀ေပးလုိက္ပါတယ္ေနာ္။
Source – Chaw Su Khin
Rainbow – Cele Gabar

error: Content is protected !!