“နေကာမျက်မှန်တပ်ပြီး လမ်းလျှောက်ထွက်နေတဲ့ ခိုင်းနှင်းဝေရဲ့ သမီးလေး ရွှန်းရွှန်း”

နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီးခိုင်နှင်းဝေရဲ့ သမီးချောလေးဖြစ်တဲ့ သမီးလေး ရွှန်းဝတီခိုင်ကို ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါ။ချစ်စရာကောင်းပြီးအရွယ်နဲ့မလိုက်အောင်သွက်လတ်တာကြောင့် လည်း ပရိသတ်တွေက အသည်းတွေယားနေကြတာပဲဖြစ်ပါတယ်။မကြာခဏဆိုသလိုလည်း အိုက်တင်အမူအရာလေးတွေကို အမျိုးမျိုးလုပ်ပြတတ်တာကြောင့် မေမေခိုင်နှင်းဝေကိုယ်တိုင်ကလည်း သမီးလေးကို အချစ်တွေပိုနေရတာပါ။

လတ်တလောမှာလည်း သမီးလေးရွှန်းရွှန်းဟာ ညနေခင်းလမ်းလျှောက်ထွက်နေရင် မထင်မှတ်လောက်အောင် ပဲပေးနေတဲ့ဗီဒီယိုလေးကို မေမေခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလိုက်ပြန်တာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ သမီးလေးရွှန်ရွှန်းဟာ နေကာမျက်မှန်ကိုတက်ပြီး အရုပ်လေးကိုလက်ကနေကိုင်ကာ စတိုင်အပြည့်နဲ့လမ်းလျှောက်နေတာပဲဖြစ်ပါတယ်။”နေကာမျက်မှန်ကြီးနဲ့ လမ်းလျှောက်ထွက်တဲ့ ပဲစိန်မ ရွှန်းရွှန်”လို့လည်း မေမေခိုင်နှင်းဝေကိုယ်တိုင်က သမီးဖြစ်သူကို အရွှန်းဖောက်ထားပါသေးတယ်။

သမီးလေးရဲ့ လမ်းလျှောက်နေတဲ့ အမူအရာကို ကြည့်ပြီး မေမေခိုင်နှင်းဝေအပါအဝင် ပရိသတ်တွေအားလုံးက သဘောကျနှစ်သက်ပြီး ရွှန်းရွှန်းလေးရဲ့ စတိုင်တွေကိုလည်း သဘောကျနေကြပါသေးတယ်။CeleGabar ပရိသတ်ကြီးတို့ရေ သမီးလေးရွှန်းရွှန်းရဲ့ နေကာမျက်မှန်နဲ့ စတိုင်အပြည့်လမ်းလျှောက်ထွက်နေတဲ့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။


Source : Khine Hnin Wai
Chilli – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Source : Khine Hnin Wai
Chilli – CeleGabar

error: Content is protected !!