” မကျွမ်းကျင်တဲ့ အကပိုင်းကိုကြိုးစားလေ့ကျင့်ရင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေကိုချပြလာတဲ့ မေကဗျာ “
တစ်ခေတ်တစ်ခါကတည်းကနေ ယနေ့အချိန်အထိ အနုပညာလောကတွင် ပရိသတ်ရဲ့အာပေးချစ်ခင်မှုအခိုင်အမာဖြင့် ရပ်တည်နေတဲ့ မေကဗျာကတော့ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွင့်ပြသနေတဲ့ ” Dancing with the Star Myanmar” အစီအစဉ်မှာပါဝင် ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမကျွမ်းကျင်တဲ့ အကပိုင်းကိုကြိုးစားလေ့ကျင့်ရင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေကို “ဒဏ်ရာများနှင့် Dancing မှတ်ပလား မန်းလေးသွားတဲ့သူတောင်ရောက်တော့မယ် ကိုယ်တွေခုထိမအိပ်ရ လန်းလန်းရေ “လို့ သူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
မေကဗျာကတော့ Dancing with the stars ပြိုင်ပွဲမှာတော့ တွဲဖက်ဖြစ်တဲ့ Dake Dake နဲ့အတူ နိုင်ငံကျော်အဆိုတော် လေဒီဂါဂါရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Pocker Face” သီချင်းကို Tango အကဖြင့်ကပြ ယှဉ်ပြိုင်ခဲ့ပါတယ်။ဒီပွဲမှာတော့ စတားတွေဖြစ်တဲ့ ဟန်တီ၊မျိုးကိုကိုစန်း၊ဆုအိမ့်စံ၊သဇင်နွယ်ဝင်း၊နန်းချစ်နဒီဇော် တို့ရဲ့အကောင်းဆုံးယှဉ်ပြိုင်မှုတွေကိုလည်းတွေ့ခဲ့ရမှာပါ။
အဖေ ဖြစ်သူနဲ့ သမီးဖြစ်သူကြားက တင်းမာနေတဲ့ ဆက်ဆံရေးတစ်ခုကို ဒါရိုက်တာ အာကာရဲ့ ကြည့်နေကြ ဇာတ်အေးပုံစံမျိုးမဟုတ်ဘဲ အက်ရှင် ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ ” ကမ္ဘာနှစ်ထပ် ” ဇာတ်ကားမှာ မေကဗျာကတော့ သုသုလေးရဲ့ အမေဖြစ်သူ အိန္ဒြေ အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။CeleGabar ကြီးရေ မေကဗျာရဲ့ မကျွမ်းကျင်တဲ့ အကပိုင်းကိုကြိုးစားလေ့ကျင့်ရင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေ အမြန်ဆုံးသက်သာပျောက်ကင်းအောင် ဆုတောင်းပေးခဲ့ကြဦးနော်။
Source: May Kabyar
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
error: Content is protected !!