” နာမည်ကြီးမင်းသမီးကြီးနဲ့ အိမ်ထောင်ပြုခါနီး ကျောင်းဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်း ဝတ္ထုရေးနေတဲ့ မကြီးစိုး “

စိုးမြတ်သူဇာဟာ အနုပညာအလုပ်တွေကို စိတ်ရောကိုယ်ပါနစ်ပြီးတော့ လုပ်ကိုင်တတ်တာကြောင့် အကောင်းဆုံးအကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန်နဲ့ သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းတောင် လေးစားအားကျရတဲ့ အနုပညာရှင်တစ်ယောက်ပါ။လက်ရှိမှာတော့ မကြီးစိုးကတော့ အချစ်ဝတ္ထုတစ်ပုဒ်ရေးသားနေတာဖြစ်ပြီး ဒီဝတ္ထုရဲ့အခြေခံထားတဲ့ ဇာတ်လမ်းလေးကတော့ နာမည်ကြီးမင်းသမီးကြီးနဲ့ အိမ်ထောင်ပြုခါနီး ကျောင်းဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်း ဝတ္ထုရေးနေတာလို့ သိရပါတယ်။

သူကတော့ စာရေးတဲ့အချိန်တွေဆို စာလေး(၅)ကြောင်းလောက်ရေးပြီးပျင်းလာရင် Mobile legends ဂိမ်းလေး(၂)ပွဲလောက်ဆော့လိုက် စာလေးပြန်ရေးလိုက်နဲ့ ရေးနေတာဆို အခု တော်တော်လေးပြီးနေပြီလို့ ပြောထားပါတယ်။စိုးမြတ်သူဇာကတော့ လူငယ်တွေနဲ့အပြိုင် Mobile legends ဂိမ်းဆော့ တဲ့ နေရာမှာလည်း ဝါသနာကြီးသူတစ်ယောက်လို့ဆိုနိုင်ပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဂိမ်းနဲ့ ပတ်သက်တာတွေကို ဖော်ပြလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

သူကတော့ စာပေအရေးအသားဘက်မှာလည်း ပရိသတ်အမာခံ ရှိနေပြီး သူရေးသားခဲ့တဲ့ စာအုပ်တွေကတော့ “အချစ်စစ်စစ်များ” ၊” မောင့်အတွက် “၊”ယုံကြည်၍ ခံစားရသည်၊ ခံစားရ၍ ယုံကြည်”၊”ချစ်မိတဲ့အခါ”၊”အနားသတ်သစ္စာ”၊”Feeling 35” စသည်တို့ပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ စိုးမြတ်သူဇာ ရေးသားနေတဲ့နာမည်ကြီးမင်းသမီးကြီးနဲ့ အိမ်ထောင်ပြုခါနီး ကျောင်းဆရာလေးတို့ရဲ့ အချစ်ဇာတ်လမ်း ဝတ္ထုလေးကတော့ ပြီးခါနီးနေပြီတဲ့နော်။

Source: Exclusive on CeleGabar
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!