“နိုင်ငံ့အကျိုးပြုဇာတ်လမ်းဖြစ်တာကြောင့် ဆံပင်ပုံစံတွေပါ ပြောင်းလဲထားပါတယ်ဆိုတဲ့ တိုင်ရွန်”

တိုင်ရွန်ကတော့ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး လက်ရှိအချိန်မှာတော့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေစတင်ရရှိနေပြီပဲဖြစ်ပါတယ်။ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေအထိပါဝင်သရုပ်ဆောင်နေပြီး မကြာမီအချိန်မှာတော့ ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ နိုင်ငံအကျိုးပြုဇာတ်ကားတစ်ကားကို စတင်ရိုက်ကူးတော့မှာပါ။

တိုင်ရွန်တစ်ယောက် ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကြီးကတော့ “LEGENDS OF WARRIORS (တစစ်တမက် ကိုယ်နဲ့သက်ကို)”လို့နာမည်ပေးထားပြီး တိုင်ရွန်ကဒီဇာတ်ကားကြီးမှာ (၁၉၄၅)ခုနှစ် အစောပိုင်းက တိုက်ပွဲသတင်းထောက် ဖေခင် အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာလို့လည်း သိရှိရပါတယ်။ခေတ်လူငယ်တစ်ယောက်ဖြစ်တဲ့ တိုင်ရွန်ဟာ နိုင်ငံအကျိုးပြု စစ်ကားကိုရိုက်ကူးမှာဖြစ်တာကြောင့်လိုအပ်တဲ့ ပြောင်းလဲမှုတွေအနေနဲ့

“အဝတ်စားတွေပြင်ဆင်ရတယ်။ ဖိနပ်တို့၊နောက်ပြီးတော့ ဝိုင်ကြိုးလို့ခေါ်တဲ့ကြိုးတွေဦးထုတ်တွေ ဆံပင်ပုံစံဆိုလည်း အခုထောက်တွေမရှိတော့ဘူး ဆံပင်ကိုလည်းပြားအောင်ဖြီးရမယ် အများကြီးလုပ်ရဦးမယ် ဆံပင်ကလည်းဒီထက်လည်းပါးရဦးမယ်။”လို့ ပြောင်းလဲပြင်ဆင်နေရတာတွေနဲ့ ပတ်သက်ပြီး ပြောပြလာပါတယ်။CeleGabar ပရိသတ်ကြီးရေ တိုင်ရွန်ရဲ့ ပထမဆုံးခေါင်းဆောင်မင်းသားအဖြစ်ရိုက်ကူးခွင့်ရတဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုစကားလေးတွေပြောသွားပေးပါဦး။

Source – Exclusive On CeleGabar
CleoPaTra – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

 





CleoPaTra – CeleGabar

error: Content is protected !!