“အသက်(၅၄)ပြည့်ပြီဖြစ်တဲ့ ကမ္ဘာကျော်သရုပ်ဆောင် ရှရွတ်ခမ်း”

ဒီနေ့ကျရောက်တဲ့ အောက်တိုဘာလ(၂)ရက်နေ့လေးကတော့ ကမ္ဘာကျော်သရုပ်ဆောင် ရှရွတ်ခမ်းရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။ရှရွတ်ခမ်းဟာ နိုဝင်ဘာလ(၂)ရက်၊၁၉၆၅ ခုနှစ် မှာမွေးဖွားခဲ့တာဖြစ်တဲ့အတွက် ဒီနေ့မှာ အသက်(၅၄)နှစ်ပြည့်တာဖြစ်ပါတယ်။ ရှရွတ်ခမ်းဟာ ဘောလိဝုဒ်ရုပ်ရှင်လောကမှာ အအောင်မြင်ခဲ့ဆုံးလို့သတ်မှတ်ရမှာပါ။ သူဟာဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားပေါင်း (၈၀)ကျော်ခန့်မှာ သရုပ်ဆောင်ခဲ့ပြီး ဖလင်ဖဲလ်(Flimfare Awards) ၁၄ ဆုရရှိခဲ့ပြီးဖြစ်ပါတယ်။

ရှရွတ်ခမ်းဟာ အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး သူကြီးပြင်းခဲ့တဲ့အရပ်ဒေသကတော့ ရာဂျန်ဒရာ နာဂါမှာလို့ဆိုရမှာပါ။ သူဟာ ဒေလီမှာရှိတဲ့ စိန့်ကိုလန်ဘကျောင်းမှာတက်ခဲ့ပြီး ဟော်ကီနဲ့ဘောလုံးအားကစားမှာ ထူးချွန်ခဲတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ခမ်းဟာ အားကစားဘဝနဲ့အသက်မွေးဖို့စဉ်းစားခဲ့ဖူးပေမယ့် သူရခဲ့တဲ့လက်မောင်းဒဏ်ရာကြောင့် ဆက်မဆော့ဖြစ်တော့ပါဘူး။ အဲ့ဒီအစား သူဟာစတိတ်စင်ပေါ်တွေမှာ သရုပ်ဆောင်ရတာတွေကို ပိုနှစ်သက်သဘောကျလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ခမ်းဟာ ဟန်စရာ့ချ်ကောလိပ်ဝင်ခွင့်ရခဲ့ပြီး စီးပွားရေးဘွဲ့ရခဲ့ပေမယ့် သူ့ရဲ့အချိန်တော်တော်များများကို ဒေလီကဇာတ်ရုံအုပ်စုမှာ အချိန်ကုန်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကဇာတ်ရုံဒါရိုက်တာရဲ့သင်ကြားပေးမှုနဲ့ သရုပ်ဆောင်ပညာကိုလေ့လာခဲ့တယ်ဆိုရမှာပါ။ရှရွတ်ခမ်းဟာ အဲ့ဒီနောက်မှာတော့ မာစတာဘွဲ့အတွက်ကျောင်းဆက်တက်ခဲ့ပေမယ့် သရုပ်ဆောင်အလုပ်ကိုပဲရူးသွပ်ခဲ့တာကြောင့် ရပ်နားခဲ့ပြီး သရုပ်ဆောင်ကျောင်းတစ်ခုကိုပဲထပ်တက်ခဲ့တာဖြစ်ပါတယ်။

ခမ်းရဲ့ပထမဆုံးအနုပညာလှုပ်ရှားမှုအနေနဲ့ (၁၉၉၈)ခုနှစ်မှစပြီး ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာ ရှရွတ်ခမ်းဟာ သူ့ကိုယ်သူ သရုပ်ဆောင်ကောင်းတယ်လို့ မခံယူထားသေးတာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်လိုစိတ်မရှိခဲ့သေးပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အလုပ်ကိုအာရုံပိုစိုက်ပြီး ခမ်းရဲ့အမေသေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးမှုတွေကို ဖြေဖျောက်ချင်တာကြောင့် ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုတော့ (၁၉၉၂)မှာ ပြသခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ခမ်းဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့အတူ ကမ္ဘာကျော်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာတာဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ ရှရွတ်ခမ်းရဲ့မွေးနေ့လေးမှာ ပရိသတ်တွေအတွက် သူ့ဘဝရဲ့ တစ်စိတ်တစ်ဒေသကို ဖော်ပြပေးလိုက်ပါတယ်နော်။


Source – Shah Rukh Khan Wikipedia
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“အသက္(၅၄)ျပည့္ၿပီျဖစ္တဲ့ ကမာၻေက်ာ္သ႐ုပ္ေဆာင္ ရွ႐ြတ္ခမ္း”

ဒီေန႔က်ေရာက္တဲ့ ေအာက္တိုဘာလ(၂)ရက္ေန႔ေလးကေတာ့ ကမာၻေက်ာ္သ႐ုပ္ေဆာင္ ရွ႐ြတ္ခမ္းရဲ႕ေမြးေန႔ေလးပဲျဖစ္ပါတယ္။ရွ႐ြတ္ခမ္းဟာ ႏိုဝင္ဘာလ(၂)ရက္၊၁၉၆၅ ခုႏွစ္ မွာေမြးဖြားခဲ့တာျဖစ္တဲ့အတြက္ ဒီေန႔မွာ အသက္(၅၄)ႏွစ္ျပည့္တာျဖစ္ပါတယ္။ ရွ႐ြတ္ခမ္းဟာ ေဘာလိဝုဒ္႐ုပ္ရွင္ေလာကမွာ အေအာင္ျမင္ခဲ့ဆုံးလို႔သတ္မွတ္ရမွာပါ။ သူဟာေဘာလိဝုဒ္႐ုပ္ရွင္ဇာတ္ကားေပါင္း (၈၀)ေက်ာ္ခန႔္မွာ သ႐ုပ္ေဆာင္ခဲ့ၿပီး ဖလင္ဖဲလ္(Flimfare Awards) ၁၄ ဆုရရွိခဲ့ၿပီးျဖစ္ပါတယ္။

ရွ႐ြတ္ခမ္းဟာ အိႏၵိယႏိုင္ငံ၊နယူးေဒလီၿမိဳ႕မွာေမြးဖြားခဲ့တာျဖစ္ၿပီး သူႀကီးျပင္းခဲ့တဲ့အရပ္ေဒသကေတာ့ ရာဂ်န္ဒရာ နာဂါမွာလို႔ဆိုရမွာပါ။ သူဟာ ေဒလီမွာရွိတဲ့ စိန႔္ကိုလန္ဘေက်ာင္းမွာတက္ခဲ့ၿပီး ေဟာ္ကီနဲ႔ေဘာလုံးအားကစားမွာ ထူးခြၽန္ခဲတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ခမ္းဟာ အားကစားဘဝနဲ႔အသက္ေမြးဖို႔စဥ္းစားခဲ့ဖူးေပမယ့္ သူရခဲ့တဲ့လက္ေမာင္းဒဏ္ရာေၾကာင့္ ဆက္မေဆာ့ျဖစ္ေတာ့ပါဘူး။ အဲ့ဒီအစား သူဟာစတိတ္စင္ေပၚေတြမွာ သ႐ုပ္ေဆာင္ရတာေတြကို ပိုႏွစ္သက္သေဘာက်လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ခမ္းဟာ ဟန္စရာ့ခ်္ေကာလိပ္ဝင္ခြင့္ရခဲ့ၿပီး စီးပြားေရးဘြဲ႕ရခဲ့ေပမယ့္ သူ႔ရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ေဒလီကဇာတ္႐ုံအုပ္စုမွာ အခ်ိန္ကုန္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီကဇာတ္႐ုံဒါ႐ိုက္တာရဲ႕သင္ၾကားေပးမႈနဲ႔ သ႐ုပ္ေဆာင္ပညာကိုေလ့လာခဲ့တယ္ဆိုရမွာပါ။ရွ႐ြတ္ခမ္းဟာ အဲ့ဒီေနာက္မွာေတာ့ မာစတာဘြဲ႕အတြက္ေက်ာင္းဆက္တက္ခဲ့ေပမယ့္ သ႐ုပ္ေဆာင္အလုပ္ကိုပဲ႐ူးသြပ္ခဲ့တာေၾကာင့္ ရပ္နားခဲ့ၿပီး သ႐ုပ္ေဆာင္ေက်ာင္းတစ္ခုကိုပဲထပ္တက္ခဲ့တာျဖစ္ပါတယ္။

ခမ္းရဲ႕ပထမဆုံးအႏုပညာလႈပ္ရွားမႈအေနနဲ႔ (၁၉၉၈)ခုႏွစ္မွစၿပီး ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အဲ့ဒီအခ်ိန္မွာ ရွ႐ြတ္ခမ္းဟာ သူ႔ကိုယ္သူ သ႐ုပ္ေဆာင္ေကာင္းတယ္လို႔ မခံယူထားေသးတာေၾကာင့္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာပါဝင္သ႐ုပ္ေဆာင္လိုစိတ္မရွိခဲ့ေသးပါဘူး။ ဒါေပမယ့္ ေနာက္ပိုင္းမွာ အလုပ္ကိုအာ႐ုံပိုစိုက္ၿပီး ခမ္းရဲ႕အေမေသဆုံးမႈအတြက္ ဝမ္းနည္းပူေဆြးမႈေတြကို ေျဖေဖ်ာက္ခ်င္တာေၾကာင့္ ဇာတ္ကားႀကီးေတြမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ပထမဆုံး႐ုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ (၁၉၉၂)မွာ ျပသခဲ့တာျဖစ္ၿပီး အဲ့ဒီေနာက္မွာေတာ့ ခမ္းဟာ သူ႔ရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔အတူ ကမာၻေက်ာ္တဲ့ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္လာတာျဖစ္ပါတယ္။ ဒီေန႔က်ေရာက္တဲ့ ရွ႐ြတ္ခမ္းရဲ႕ေမြးေန႔ေလးမွာ ပရိသတ္ေတြအတြက္ သူ႔ဘဝရဲ႕ တစ္စိတ္တစ္ေဒသကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
Source – Shah Rukh Khan Wikipedia
Rainbow- Cele Gabar
ေဇာ္ဂ်ီဗားရွင္းျဖင့္ဖတ္ရန္

error: Content is protected !!