“အားပေးတဲ့ပရိသတ်များလာတာကြောင့် ကြိုးစားချင်စိတ်ပြင်းပြလာမိတယ်ဆိုတဲ့ သက်ထားသူဇာ”

မြန်မာနိုင်ငံရဲ့ နိုင်ငံဂုဏ်ဆောင် အားကစားမယ်လေး သက်ထားသူဇာကိုတော့ ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။မကြာသေးမီက “Egypt International Badmintom (2019)”ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ်ဆုကြီးကို ထိုက်ထိုက်တန်တန်နဲ့ အရယူခဲ့ပြီး ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံအလံကို ထိပ်ဆုံးကလွှင့်ထူခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြန်ပါတယ်။

သက်ထားသူဇာဟာ နောက်ထပ်ပြိုင်ပွဲတွေအနေနဲ့ လာမယ့် နိုဝင်ဘာလ (၂၀)ရက်နေ့မှာ အိန္ဒိယမှာ ပြိုင်ပွဲ(၂)ပွဲကိုသွားရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး SEA Game မှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာလို့ သိရပါတယ်။ အခုပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်ဖို့ အတွက်ကိုတော့ ဒီနေ့နိုဝင်ဘာလ(၂)ရက်နေ့ကနေစတင်ပြီး မလေးရှားနိုင်ငံမှာ Trainingသွားဆင်းမှာလို့လည်း ပြောကြားထားပါတယ်။

လက်ရှိပြိုင်ပွဲတွေသွားရောက်ယှဉ်ပြိုင်တဲ့အခါမှာ ပရိသတ်တွေက သက်ထားသူဇာရယ်လို့ အားပေးလာကြတဲ့သူတွေများလာတာနဲ့ ပတ်သက်ပြီးတော့လည်း “အခုလိုအားပေးတဲ့သူတွေများလာတော့ ဝမ်းသာတာပေါ့။အားလည်းရှိတယ်။ပွဲတစ်ပွဲသွားလို့ရှိရင်လည်း အရင်တုန်းကဆိုရင် ကြက်တောင်အသိုင်းဝိုင်းကပဲသိတာ။ အခုကျတော့ ဆုတွေလည်းရလာပြီး သိတဲ့သူတွေလည်းများလာတဲ့အတွက်ကြောင့် ညီမကတော့ ကိုယ့်ပရိသတ် ကိုယ့်နိုင်ငံအတွက်ပိုပြီးတော့မှ ကြိုးစားရမယ်ဆိုတဲ့ စိတ်တစ်ခု ပြင်းပြလာတာပော့”လို့ ဖြေကြားထားပြီး အားပေးတဲ့ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်လို့လည်း ဆိုပါတယ်။


Source – Exclusive On CeleGabar
CleoPaTra – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

 

“အားေပးတဲ့ပရိသတ္မ်ားလာတာေၾကာင့္ ၾကိဳးစားခ်င္စိတ္ျပင္းျပလာမိတယ္ဆိုတဲ႔ သက္ထားသူဇာ”

ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံဂုဏ္ေဆာင္ အားကစားမယ္ေလး သက္ထားသူဇာကိုေတာ့ ပရိသတ္ေတြကို အထူးတလည္မိတ္ဆက္ေပးစရာမလိုေတာ့ဘူးထင္ပါတယ္။မၾကာေသးမီက “Egypt International Badmintom (2019)”ၿပိဳင္ပြဲႀကီးမွာ ေရႊတံဆိပ္ဆုႀကီးကို ထိုက္ထိုက္တန္တန္နဲ႕ အရယူခဲ့ၿပီး ကမ႓ာ႕အလယ္မွာ ျမန္မာႏိုင္ငံအလံကို ထိပ္ဆံုးကလႊင့္ထူခြင့္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျပန္ပါတယ္။

သက္ထားသူဇာဟာ ေနာက္ထပ္ၿပိဳင္ပြဲေတြအေနနဲ႔ လာမယ့္ ႏိုဝင္ဘာလ (၂၀)ရက္ေန႕မွာ အိႏၵိယမွာ ၿပိဳင္ပြဲ(၂)ပြဲကိုသြားေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး SEA Game မွာလည္း ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာလို႕ သိရပါတယ္။ အခုၿပိဳင္ပြဲေတြကို သြားေရာက္ယွဥ္ၿပိဳင္ဖို႕ အတြက္ကိုေတာ့ ဒီေန႕ႏိုဝင္ဘာလ(၂)ရက္ေန႕ကေနစတင္ၿပီး မေလးရွားႏိုင္ငံမွာ Trainingသြားဆင္းမွာလို႕လည္း ေျပာၾကားထားပါတယ္။

လက္ရွိၿပိဳင္ပြဲေတြသြားေရာက္ယွဥ္ၿပိဳင္တဲ့အခါမွာ ပရိသတ္ေတြက သက္ထားသူဇာရယ္လို႕ အားေပးလာၾကတဲ့သူေတြမ်ားလာတာနဲ႕ ပတ္သက္ၿပီးေတာ့လည္း “အခုလိုအားေပးတဲ့သူေတြမ်ားလာေတာ့ ဝမ္းသာတာေပါ့။အားလည္းရွိတယ္။ပြဲတစ္ပြဲသြားလို႕ရွိရင္လည္း အရင္တုန္းကဆိုရင္ ၾကက္ေတာင္အသိုင္းဝိုင္းကပဲသိတာ။ အခုက်ေတာ့ ဆုေတြလည္းရလာၿပီး သိတဲ့သူေတြလည္းမ်ားလာတဲ့အတြက္ေၾကာင့္ ညီမကေတာ့ ကိုယ့္ပရိသတ္ ကိုယ့္ႏိုင္ငံအတြက္ပိုၿပီးေတာ့မွ ႀကိဳးစားရမယ္ဆိုတဲ့ စိတ္တစ္ခု ျပင္းျပလာတာေပာ့”လို႕ ေျဖၾကားထားၿပီး အားေပးတဲ႕ပရိသတ္ေတြကိုလည္း အရမ္းေက်းဇူးတင္ပါတယ္လို႕လည္း ဆိုပါတယ္။

Source – Exclusive On CeleGabar
CleoPaTra – CeleGabar

error: Content is protected !!