” Voting အများဆုံးဖြင့် နောက်တစ်ဆင့်ကို တတ်ရောက်ခွင့်ရခဲ့တဲ့ ဆုန်ဆုန် “

Myanmar Idol Season (4) ရဲ့ Top Finalist (၁၁)ယောက်ရဲ့ ပထမဆုံး Performance Show ရဲ့ Voating ကိုကြောငြာပေမယ့် Result Show မှာတော့ ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန်ကတော့ Voating အများဆုံးရရှိတဲ့ ပြိုင်ပွဲအဖြစ်နဲ့ နောက်တစ်ဆင့်ကို တတ်ရောက်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဆုန်ဆုန်ကတော့ Performance Show မှာတော့ နိုင်ငံကျော်အဆိုတော် ချောစုခင်ရဲ့ ” ကိုယ်အတွက်အိမ်မက် မင်းမက်လား” သီချင်းကို သီဆိုကာ သူရဲ့အဆိုစွမ်းရည်တွေကို ချပြခဲ့ပါတယ်။

ချစ်ခင်တဲ့ ပရိသတ်တွေကိုယ်တိုင်ဖွဲ့ထားတဲ့ ” We love esther dawt chin sung (ဆုန်ဆုန်) ” ဆိုတဲ့ We Love Group ဟာဆိုရင်လည်း အဖွဲ့ဝင်ပေါင်း (၃)သိန်းကျော်သွားပြီဖြစ်ပြီး ပြိုင်ပွဲဝင်အာလုံးထဲမှာ ပရိသတ်အများဆုံး ပြိုင်ပွဲဝင်တစ်ယောက်လည်းဖြစ်ပါတယ်။သူကတော့ အခုလို Voting အများဆုံးရရှိခဲ့တဲ့အပေါ်မှာတော့ “Estherနဲ့ အပြင်မှာမတွေ့ဖူးမမြင်ဖူးကြပေမယ့်ချစ်ခင်အားပေးကျတဲ့ we love တွေကိုအတိုင်းမသိဝမ်းသာပါတယ် ဆက်လက်ပီးတော့အတက်နိုင်ဆုံးကြိုးစားပါ့မယ် Love You All & May God Bless You မပြုံးတဲ့ပုံလေးကိုwe love တို့မြင်ဖူးအောင်လို့ ” ဆိုပြီး သူမရဲ့မပြုံးနေတဲ့ပုံလေးနဲ့အတူ We Love Group ထဲမှာ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြေထားပါတယ်။

ဆုန်ဆုန်ကတော့ ပြိုင်ပွဲဝင်တစ်ယောက်အတွက် အရေးကြီးဆုံးအချိန်ဖြစ်တဲ့ Result Show မတိုင်မီ ဖေ့စ်ဘွတ်ခ် အကောင့် ဟက်ခံခဲ့ရပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ အတိုက်အခံတွေပြည့်နှက်နေပေမယ့်လဲ အားပေးတဲ့ ပရိသတ်က အခိုင်အမာမို့ ဆုန်ဆုန်တို့ကတော့ Voting အများဆုံးဖြင့် နောက်တစ်ဆင့်ကို တတ်လှမ်းသွားပါပြီနော်။

Source:Myanmar Idol, Esther Dawt Chin Sung
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

 





error: Content is protected !!