“ဒါရိုက်တာ ညီညီထွန်းလွင်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌအသစ်အဖြစ်ခန့်အပ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁)ရက်နေ့မှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌဖြစ်တဲ့ သရုပ်ဆောင်မင်းသားကြီး ဇင်ဝိုင်းက အစည်းအရုံးဥက္ကဌ ရာထူးကနေ နှုတ်ထွက်လိုက်တဲ့ သတင်းဟာ လူမှုကွန်ရက်စာမျက်နှာထက်မှာ ဟိုလေးတစ်ကျော်ကျော်နဲ့ အတော်လေးကို ဂယက်ထခဲ့တာကြောင့် ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့လည်း ဒီသတင်းဟာ အစစ်အမှန်ဟုတ်မဟုတ်ကို ပရိသတ်တွေစိတ်ဝင်စားနေတဲ့ အချိန်မှာပဲ ဒီနေ့ နိုဝင်ဘာလ (၂)ရက်နေ့မှာတော့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌအသစ်ကို ခန့်အပ်လိုက်ပြီပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအသစ်ကတော့ ရုပ်ရှင်ဇာတ်ကားကောင်းကြီးတွေကို ဖန်တီးပုံဖော်ရိုက်ကူးတဲ့ နာမည်ကြီး ဒါရိုက်တာ ညီညီထွန်းလွင်ပဲဖြစ်ပါတယ်။ဒါရိုက်တာညီညီထွန်းလွင်ကတော့ မြန်မာနိုင်ငံရုပ်ရှင်လောကရဲ့ ဇာတ်ကားကောင်းတွေကိုရိုက်ကူးပုံဖော်နေပြီး မျိုးဇာတ်သစ်အနုပညာရှင်အသစ်တွေကိုလည်းမြေတောင်မြှောက်ပေးနေတဲ့ ဆရာကောင်းပီသသူတစ်ဦးလည်းဖြစ်ပါတယ်။

အခုလို အစည်းအရုံးဥက္ကဌအသစ်ကို ချက်ချင်းခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီးတော့လည်း တချို့သော ပရိသတ်တွေကတော့ ဥက္ကဌအသစ်ခန့်တာမြန်လိုက်ဆိုတဲ့ ဝေဖန်နေကြတာကိုလည်း တွေ့နေရပါတယ်။CeleGabar ပရိသတ်ကြီးတွေကရော ဥက္ကဌအသစ်ခန့်အပ်လိုက်တာနဲ့ ပတ်သက်ပြီး အမြင်လေးတွေကိုမျှဝေပေးသွားပါဦး။

Source – Tin Tunn Win
CleoPaTra – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Source – Tin Tunn Win
CleoPaTra – CeleGabar

error: Content is protected !!