” ချစ်သမီးလေးရဲ့ အင်္ဂလိပ်သီချင်းကို ပရော်ဖက်ရှင်နယ်ဆန်ဆန် သီဆိုမှုကြောင့် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ကျော်ကျော်ဗိုလ် “

နိုင်ငံကျော် မင်းသားတစ်လက်ဖြစ်ပြီး ပရိသတ်အချစ်တော် ကျော်ကျော်ဗိုလ်ကတော့ လတ်တလောမှာ ချစ်သမီးလေး ပိုင်သူခရဲ့ နိုင်ငံကျော်အဆိုတော် Kiesza ရဲ့ Hideaway သီချင်းကို ပရော်ဖက်ရှင်နယ်ဆန်ဆန် သီဆိုမှုကြောင့် ဂုဏ်ယူမဆုံးဖြစ်နေတဲ့အကြောင်းကို “That’s My Girl ” ဆိုပြီး သမီးလေးသီချင်းသီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို သူရဲ့ လူမှုကွန်ရက်စာမျက်နာမှာဖော်ပြထားပါတယ်။

ကျော်ကျော်ဗိုလ်ကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။သရုပ်ဆောင်အရည်အချင်း မှာသာမက ဟာသညဏ်ရွှင်သူ ဖြစ်တာမို့ နှင်းဆီအငြိမ့်များတွင်လည်း ပင်တိုင်လူရွှင်တော်တစ်ယောက် အဖြစ် ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်းဖြစ်ပါတယ်။”မုန်းစွဲ”ဇာတ်ကားကြီးမှာလည်း ကျော်ကျော်ဗိုလ်က သူရဲ့ဇာတ်ရုပ်ကို ပိုင်ဆိုင်စွာ သရုပ်ဆောင်ခဲ့တာကြောင့်အကောင်းဆုံးအမျိုးသားဇာတ်ပို့ အကယ်ဒမီဆုကြီးကိုလည်းရရှိခဲ့ပါသေးတယ်။

သူကတော့ နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီ ပိုင်ဖြိုးသုနဲ့အတူ ” အဟောင်း ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို တွဲဖက်ရိုက်ကူးမယ်လို့လည်း သိရပါတယ်။CeleGabar ပရိသတ်ကြီးအတွက် ကျော်ကျော်ဗိုလ်ရဲ့ ချစ်သမီးလေး ပိုင်သူခသီဆိုထားတဲ့ ဗီဒီယိုဖိုင်းလေးကိုမျှဝေပေးလိုက်ပါတယ်။

Source: Kyaw Kyaw Bo
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!