Halloween Night မှာ အနမ်းခြွေနေတဲ့ ပုံလေးတွေ တင်ခဲ့တဲ့ သင်ဇာ

ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ သင်ဇာက လက်ရှိအချိန်မှာ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေကို သိမ်းပိုက်ထားတဲ့ မင်းသမီးတစ်လက်ပါ။ သင်ဇာလို့ ပြောလိုက်တာနဲ့ Sexy ကျလွန်းတဲ့ ပုံလေးတွေနဲ့ အရမ်းကို ဆွဲဆောင်မှုရှိလွန်းတဲ့သင်ဇာ့ရဲ့ ပုံလေးတွေကိုပဲ အရင်ပြေးမြင်မိကြမှာပါ။ ချစ်စရာလည်း ကောင်းသလို တခါတလေလည်း သူမချစ်တဲ့ အနုပညာကို စိတ်တိုင်းကျပုံဖော်တတ်လို့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သူလေးတစ်ယောက်ပါ။

လက်ရှိမှာဆိုရင်လည်း ဒါရိုက်တာညိုမင်းလွင်ရဲ့ အပြင်းစားရိုက်ကူးမှုတွေ မြင်တွေ့ရအုံးမယ့် မြမြရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သင်ဇာက မြမြနေရာကနေ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေတာဖြစ်ပါတယ်။ သင်ဇာရဲ့ ပြင်းရှလွန်းတဲ့ အိုက်တင်တွေကို မြင်တွေ့ရမှာဖြစ်လို့ ပရိသတ်တွေက အရမ်းကို စိတ်ဝင်တစားနဲ့ စောင့်မျှော်နေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အေးအေးဆေးဆေးနဲ့ လုပ်ကိုင်နေသလို Professional ဆန်လွန်းတဲ့ သင်ဇာကို မြင်တွေ့ရမှာပါ။

Halloween Night မှာတုန်း အရမ်းကို ဆွဲဆောင်မှုတွေပြင်းနေတဲ့ Sexy Bunny ပုံစံလေးနဲ့ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်ခဲ့တဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ကြရမှာပါ။ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သင်ဇာက သူငယ်ချင်းမလေးနဲ့ အတူ အနမ်းခြွေနေတဲ့ ပုံလေးကို အပြောင်သဘောရိုက်ကူးထားတဲ့ ပုံလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မကြာသေးခင်အချိန်က တင်ခဲ့တာဖြစ်ပါတယ်။ CeleGabarက သင်ဇာ့ရဲ့ ပရိသတ်တွေအတွက် သူငယ်ချင်းတွေနဲ့ အတူ ပျော်ရွှင်နေတဲ့ သင်ဇာ့ရဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Source:CeleGabar

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)





error: Content is protected !!