ကမ္ဘာကြီးကိုကယ်တင်ဖို့ အလေ့အကျင့်ကောင်းလေးတွေ မျှဝေပေးခဲ့တဲ့ စူပါမော်ဒယ်လ်အောန်ဆိုင်း

အောန်ဆိုင်းကတော့ မြန်မာနိုင်ငံမှာ လူသိများထင်ရှားတဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။ စူပါမော်ဒယ်လ်လို့ တင်စားခေါ်ဝေါ်ကြရအောင် အမိုက်စားခန္ဓာကိုယ်ကို အမြဲထိန်းသိမ်းထားတာဖြစ်ပြီး ဖက်ရှင်ပိုင်းမှာလည်း ပြောစရာမလိုအောင် ရွေးချယ်ဝတ်စားတတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ခရီးအမြဲထွက်လေ့ရှိသူတစ်ယောက်လည်းဖြစ်ပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာဆိုရင်လည်း အလှဓာတ်ပုံလေးတွေအမြဲတင်ပေးလေ့ရှိသူတစ်ယောက်ပါ။မော်ဒယ်လ်တစ်ယောက်ရဲ့လုပ်ရပ်ဟာ မိမိနိုင်ငံကိုကိုယ်စားပြုနေတာဖြစ်ပြီး ပရိသတ်တွေအတွက်လည်း စံထားလေးစားရမယ့် ပြယုဂ်တစ်ခုဖြစ်နေဖို့ဟာ အရေးကြီးပါတယ်

အောန်ဆိုင်းကတော့ စူပါမော်ဒယ်လ်ဆိုတဲ့အတိုင်း ပရိသတ်တွေကို အလေ့အကျင့်ကောင်းလေးတွေလုပ်တတ်ဖို့ ကိုယ်ကိုတိုင်ရှေ့ကဦးဆောင်လုပ်ပြီး မျှဝေပေးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ ရာသီဥတုဖောက်ပြန်မှုတွေများပြားလာတဲ့အခါ ပညာရှင်တွေကဒီပြဿနာကို အဖြေရှာဖို့ဝိုင်းဝန်းကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ဒီပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပလတ်စတစ်သုံးစွဲမှုများပြားနေခြင်းကို လျှော့ချဖို့ကြိုးစားနေတဲ့သူတွေရှိသလို အရေးမစိုက်ပဲနေကြတဲ့သူတွေလည်း အများကြီးပဲဆိုတာကိုသိကြမှာပါ။

အောန်ဆိုင်းကတော့ သူ့ရဲ့ပလတ်စတစ်လျှော့ချနည်းလေးကို ပရိသတ်တွေကို အခုလိုမျှဝေခဲ့ပါတယ်။ “အောန်ဆိုင်းကတော့ ခုဘယ်သွားသွား ကိုယ့်ရေဘူးလေးကိုယ် အမြဲသယ်သွားတယ်(ခရီးသွားရင်တောင်)။ပလတ်စတစ်အသုံးပြုမှုကို ကိုယ်တတ်နိုင်သလောက် လျှော့ချတဲ့သဘောပေါ့။ပလတ်စတစ်က သဘာဝပတ်ဝန်းကျင်အတွက် ဘေးဥပါဒ်ဖြစ်သလို ကျန်းမာရေးအတွက်လည်းမကောင်းဘူးနော်။ခုရာသီဥတုလည်း ပူလာပြီဆိုတော့ ရေဓာတ်ပြည့်ဝအောင် ရေကိုမကြာခဏသောက်ပေးပါ။ ကိုယ်ပိုင်ရေဘူးလေးတွေဆောင်ထားတော့ ရေလည်းပိုသောက်ဖြစ်တယ်။ကိုယ့်အတွက်အကျိုးလည်းရှိသလို ပတ်ဝန်းကျင်အတွက်လည်း အကျိုးရှိအောင် ပလတ်စတစ်အသုံးပြုမှုကို တတ်နိုင်သလောက်လျှော့ချကြရအောင်နော်။ ပြီးတော့ ကိုယ့်စကားနဲ့ပြောရရင် ရေဘူးဆောင်ထားရင် ဆရာဝန်မလိုဘူး။(ရေများများသောက်ရင် အသားအရည်စိုပြေပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေကင်းစင်တယ်) ဆိုပြီး ပရိသတ်တွေကို ကောင်းတဲ့အလေ့အကျင့်လေးရအောင် မျှဝေပေးခဲ့တာဖြစ်ပါတယ်။

Source – Awn Seng-Elizabeth,Rainbow- Cele Gabar

ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ကမာၻၾကီးကိုကယ္တင္ဖို႔ အေလ့အက်င့္ေကာင္းေလးေတြ မွ်ေ၀ေပးခဲ့တဲ့ စူပါေမာ္ဒယ္လ္ေအာန္ဆိုင္း”

ေအာန္ဆိုင္းကေတာ့ ျမန္မာႏိုင္ငံမွာ လူသိမ်ားထင္ရွားတဲ့ ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္ပါတယ္။ စူပါေမာ္ဒယ္လ္လို႔ တင္စားေခၚေ၀ၚၾကရေအာင္ အမိုက္စားခႏၶာကိုယ္ကို အျမဲထိန္းသိမ္းထားတာျဖစ္ျပီး ဖက္ရွင္ပိုင္းမွာလည္း ေျပာစရာမလိုေအာင္ ေရြးခ်ယ္၀တ္စားတတ္သူတစ္ေယာက္လည္းျဖစ္ပါတယ္။ ခရီးအျမဲထြက္ေလ့ရွိသူတစ္ေယာက္လည္းျဖစ္ျပီး သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာဆိုရင္လည္း အလွဓာတ္ပံုေလးေတြအျမဲတင္ေပးေလ့ရွိသူတစ္ေယာက္ပါ။ေမာ္ဒယ္လ္တစ္ေယာက္ရဲ႕လုပ္ရပ္ဟာ မိမိႏုိင္ငံကိုကိုယ္စားျပဳေနတာျဖစ္ျပီး ပရိသတ္ေတြအတြက္လည္း စံထားေလးစားရမယ့္ ျပယုဂ္တစ္ခုျဖစ္ေနဖို႔ဟာ အေရးၾကီးပါတယ္။

ေအာန္ဆိုင္းကေတာ့ စူပါေမာ္ဒယ္လ္ဆိုတဲ့အတိုင္း ပရိသတ္ေတြကို အေလ့အက်င့္ေကာင္းေလးေတြလုပ္တတ္ဖို႔ ကိုယ္ကိုတိုင္ေရွ႕ကဦးေဆာင္လုပ္ျပီး မွ်ေ၀ေပးေလ့ရွိသူတစ္ေယာက္ျဖစ္ပါတယ္။ကမာၻၾကီးပူေႏြးလာတာနဲ႔အမွ် ရာသီဥတုေဖာက္ျပန္မွုေတြမ်ားျပားလာတဲ့အခါ ပညာရွင္ေတြကဒီျပႆနာကို အေျဖရွာဖို႔၀ိုင္း၀န္းၾကိဳးစားခဲ့ၾကတာျဖစ္ပါတယ္။ ဒီျပႆနာရဲ႕ တစ္စိတ္တစ္ပုိင္းျဖစ္တဲ့ ပလတ္စတစ္သံုးစြဲမွုမ်ားျပားေနျခင္းကို ေလွ်ာ့ခ်ဖို႔ၾကိဳးစားေနတဲ့သူေတြရွိသလို အေရးမစိုက္ပဲေနၾကတဲ့သူေတြလည္း အမ်ားၾကီးပဲဆုိတာကိုသိၾကမွာပါ။

ေအာန္ဆိုင္းကေတာ့ သူ႔ရဲ႕ပလတ္စတစ္ေလွ်ာ႔ခ်နည္းေလးကို ပရိသတ္ေတြကို အခုလိုမွ်ေ၀ခဲ့ပါတယ္။ “ေအာန္ဆိုင္းကေတာ့ ခုဘယ္သြားသြား ကိုယ့္ေရဘူးေလးကိုယ္ အျမဲသယ္သြားတယ္(ခရီးသြားရင္ေတာင္)။ပလတ္စတစ္အသံုးျပဳမွုကို ကိုယ္တတ္ႏုိင္သေလာက္ ေလွ်ာ့ခ်တဲ့သေဘာေပါ့။ပလတ္စတစ္က သဘာ၀ပတ္၀န္းက်င္အတြက္ ေဘးဥပါဒ္ျဖစ္သလို က်န္းမာေရးအတြက္လည္းမေကာင္းဘူးေနာ္။ခုရာသီဥတုလည္း ပူလာျပီဆုိေတာ့ ေရဓာတ္ျပည့္၀ေအာင္ ေရကိုမၾကာခဏေသာက္ေပးပါ။ ကိုယ္ပုိင္ေရဘူးေလးေတြေဆာင္ထားေတာ့ ေရလည္းပိုေသာက္ျဖစ္တယ္။ကိုယ့္အတြက္အက်ိဳးလည္းရွိသလို ပတ္၀န္းက်င္အတြက္လည္း အက်ိဳးရွိေအာင္ ပလတ္စတစ္အသံုးျပဳမွုကို တတ္ႏုိင္သေလာက္ေလွ်ာ့ခ်ၾကရေအာင္ေနာ္။ ျပီးေတာ့ ကိုယ့္စကားနဲ႔ေျပာရရင္ ေရဘူးေဆာင္ထားရင္ ဆရာ၀န္မလိုဘူး။(ေရမ်ားမ်ားေသာက္ရင္ အသားအရည္စိုေျပျပီး ခႏၶာကိုယ္က အဆိပ္အေတာက္ေတြကင္းစင္တယ္) ဆိုျပီး ပရိသတ္ေတြကို ေကာင္းတဲ့အေလ့အက်င့္ေလးရေအာင္ မွ်ေ၀ေပးခဲ့တာျဖစ္ပါတယ္။

 

Source – Awn Seng-Elizabeth,Rainbow- Cele Gabar

x
error: Content is protected !!