ယုန်လေးကို ဘောလုံးကွင်းထဲထိ သွားကန်တော့ခဲ့တဲ့ Rap ကျားကြီးနဲ့ MC ကယားလေး

ပရိသတ်တွေကြားမှာ ဟာသတစ်ခုအဖြစ် ရေပန်းစားခဲ့တဲ့ “မိုးရွာသီ အလွမ်း”သီချင်းလေးကို မှတ်မိကြအုံးမှာပါ။ ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ အဆိုဝါသနာကို ရူးသွပ်ကြတဲ့ လူငယ်နှစ်ဥိီးဖြစ်တဲ့ MC ကယားလေးနဲ့ Rap ကျားကြီးတို့ နှစ်ယောက်ရဲ့ ဖန်တီးမှုတစ်ခုဖြစ်ပေမယ့် ပရိသတ်တွေကြားမှာတော့ MTV ရိုက်ချက်တချို့ကြောင်း သီချင်းလေးကကောင်းပေမယ့် ရယ်မောပျော်ရွှင်စရာတစ်ခုဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေသိကြတဲ့အတိုင်း ဝါသနာရှင်လူငယ်တွေကို လက်တွဲခေါ်ယူနေတဲ့ ယုန်လေးက MC ကယားလေးနဲ့ Rapကျားကြီးတို့ရဲ့ သီချင်းလေးကို ပြန်လည် မွန်းမံပြီး ပရိသတ်တွေလုံးဝမယုံ ကြည်ရလောက်အောင် ပြောင်းလဲ ပေးခဲ့တာကို မြင်တွေ့ရမှာပါ။ အရမ်းကို အက်ရှင်ဆန်တဲ့ မိုးရာသီအလွမ်း သီချင်းလေးကို နားထောင်ပြီးနောက်မှာ ပရိသတ်တွေရဲ့ လေးစားမှုကို ရရှိခဲ့တဲ့အပြင် MC ကယားလေးနဲ့ Rap ကျားကြီးတို့ကလည်း ဆရာဖြစ်သူ ယုန်လေးကို ကျေးဇူးတင်မဆုံးဖြစ်ခဲ့ရပါတယ်။

ပရိသတ်တွေ ဟားစရာတစ်ခုအဖြစ် ရေပန်းစားခဲ့တဲ့ သူတို့ရဲ့ သီချင်းလေးကို ပြန်လည်မွန်းမံထားတဲ့ MTVလေးကို ပရိသတ်တွေအားပေးတာကို ကြည့်ပြီး ပျော်လွန်းလို့ ယုန်လေးဆီကို ဖုန်းဆက်ပြီး ငိုခဲ့ကြပါသေးတယ်။ အခုလည်း ရန်ကုန်ကို ရောက်တုန်း ဘောလုံးကွင်းထဲထိ ယုန်လေးကို ဂါရဝတရားအပြည့်နဲ့ သွားရောက် ကန်တော့ခဲ့တဲ့ MC ကယားလေးနဲ့ Rap ကျားကြီးတို့ကို ကြည့်ပြီး ပီတိတွေဖြစ်ခဲ့ရတဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တာပုံကို CeleGabarပရိသတ်ကြီးလည်း ထပ်တူပီတိဖြစ်နိုင်ဖို့အတွက် ပြန်လည်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

Source:Yone Lay

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)

ယုန္ေလးကို ေဘာလုံးကြင္းထဲထိ သြားကန္ေတာ့ခဲ့တဲ့ Rap က်ားႀကီးနဲ႔ MC ကယားေလး

ပရိသတ္ေတြၾကားမွာ ဟာသတစ္ခုအျဖစ္ ေရပန္းစားခဲ့တဲ့ “မိုး႐ြာသီ အလြမ္း”သီခ်င္းေလးကို မွတ္မိၾကအုံးမွာပါ။ ကိုယ္ပိုင္ဖန္တီးမႈေတြနဲ႔ အဆိုဝါသနာကို ႐ူးသြပ္ၾကတဲ့ လူငယ္ႏွစ္ဥိီးျဖစ္တဲ့ MC ကယားေလးနဲ႔ Rap က်ားႀကီးတို႔ ႏွစ္ေယာက္ရဲ႕ ဖန္တီးမႈတစ္ခုျဖစ္ေပမယ့္ ပရိသတ္ေတြၾကားမွာေတာ့ MTV ႐ိုက္ခ်က္တခ်ိဳ႕ေၾကာင္း သီခ်င္းေလးကေကာင္းေပမယ့္ ရယ္ေမာေပ်ာ္႐ႊင္စရာတစ္ခုျဖစ္ခဲ့ပါတယ္။

ပရိသတ္ေတြသိၾကတဲ့အတိုင္း ဝါသနာရွင္လူငယ္ေတြကို လက္တြဲေခၚယူေနတဲ့ ယုန္ေလးက MC ကယားေလးနဲ႔ Rapက်ားႀကီးတို႔ရဲ႕ သီခ်င္းေလးကို ျပန္လည္ မြန္းမံၿပီး ပရိသတ္ေတြလုံးဝမယုံ ၾကည္ရေလာက္ေအာင္ ေျပာင္းလဲ ေပးခဲ့တာကို ျမင္ေတြ႕ရမွာပါ။ အရမ္းကို အက္ရွင္ဆန္တဲ့ မိုးရာသီအလြမ္း သီခ်င္းေလးကို နားေထာင္ၿပီးေနာက္မွာ ပရိသတ္ေတြရဲ႕ ေလးစားမႈကို ရရွိခဲ့တဲ့အျပင္ MC ကယားေလးနဲ႔ Rap က်ားႀကီးတို႔ကလည္း ဆရာျဖစ္သူ ယုန္ေလးကို ေက်းဇူးတင္မဆုံးျဖစ္ခဲ့ရပါတယ္။

ပရိသတ္ေတြ ဟားစရာတစ္ခုအျဖစ္ ေရပန္းစားခဲ့တဲ့ သူတို႔ရဲ႕ သီခ်င္းေလးကို ျပန္လည္မြန္းမံထားတဲ့ MTVေလးကို ပရိသတ္ေတြအားေပးတာကို ၾကည့္ၿပီး ေပ်ာ္လြန္းလို႔ ယုန္ေလးဆီကို ဖုန္းဆက္ၿပီး ငိုခဲ့ၾကပါေသးတယ္။ အခုလည္း ရန္ကုန္ကို ေရာက္တုန္း ေဘာလုံးကြင္းထဲထိ ယုန္ေလးကို ဂါရဝတရားအျပည့္နဲ႔ သြားေရာက္ ကန္ေတာ့ခဲ့တဲ့ MC ကယားေလးနဲ႔ Rap က်ားႀကီးတို႔ကို ၾကည့္ၿပီး ပီတိေတြျဖစ္ခဲ့ရတဲ့အေၾကာင္း သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ ေရးသားေဖာ္ျပခဲ့တာပုံကို CeleGabarပရိသတ္ႀကီးလည္း ထပ္တူပီတိျဖစ္ႏိုင္ဖို႔အတြက္ ျပန္လည္ေဖာ္ျပလိုက္ျခင္းျဖစ္ပါတယ္။

error: Content is protected !!