ရှောင်ကောကောတွေလို ချစ်စရာကောင်းတဲ့ ရှိန်းတင်ထူးရဲ့ Tiktok ဗီဒီယိုများ

သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိထားတဲ့ မင်းသား ရှိန်းတင်ထူးက နှုတ်ခမ်းနီမလေးတွေကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ မင်းသားတစ်ဥိီးပါ။ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပရိသတ်တွေချီးကျူးရလောက်အောင် သရုပ်ဆောင်တစ်ဥိီးဖြစ်ခဲ့အပြင် အချိန်တိုလေးမှာ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်နိုင်ခဲ့သူတစ်ယောက်ပါ။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ခပ်သွက်သွက်လှုပ်ရှားနေပြီး နောက်ထပ်ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ ပြင်ဆင်နေတာကိုလည်း မြင်တွေ့ရမှာပါ။ ဘယ်ချိန်ကြည့်ကြည့် စမတ်ကျပြီး သန့်ပြန်နေတဲ့ ပျိုမေတိုင်းကြိုက်တဲ့ ပုံစံလေးဖြစ်တာကြောင့် ရှိန်းတင်ထူးရဲ့ အကြောင်းကတော့ ပျိုမဒီတွေကြားမှာ ရေပန်းအစားဆုံးပါ။ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေနဲ့ Tiktok ဆော့တတ်တဲ့ ရှိန်းတင်ထူးရဲ့ Tiktok ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပါသေးတယ်။

တရုတ်နိုင်ငံမှာ ရေပန်းစားတဲ့ ရှောင်ကောကောတွေလို ချစ်စရာကောင်းတဲ့ ရှိန်းတင်ထူးရဲ့ Tiktok ဗီဒီယိုလေးတွေကို ပရိသတ်တွေကြည့်ဖူးကြရင်းတော့ ချစ်ဖို့ကောင်းတယ်ဆိုတာငြင်းမယ် မထင်တော့ပါဘူး။ အခုလည်း ဆွဲဆောင်မှုရှိတဲ့ ပုံစံလေးတမျိုးနဲ့ Tiktok ဆော့ထားတဲ့ ရှိန်းတင်ထူးရဲ့ ဗီဒီယိုလေးတွေကို CeleGabar ပရိသတ်တွေအတွက် ကြည့်ပြီး ချစ်နိုင်ဖို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source:Shein Tin Htoo

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)


သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိထားတဲ့ မင်းသား ရှိန်းတင်ထူးက နှုတ်ခမ်းနီမလေးတွေကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ မင်းသားတစ်ဦးပါ။ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပရိသတ်တွေချီးကျူးရလောက်အောင် သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့အပြင် အချိန်တိုလေးမှာ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်နိုင်ခဲ့သူတစ်ယောက်ပါ။



error: Content is protected !!