Tiktok ကို ခပ်မိုက်မိုက်လေး ဆော့တတ်နေပြီဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေ အချစ်တော် စိုင်းစိုင်း

နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ လူပျိုကြီး စိုင်းစိုင်းကတော့ ယခုအချိန်ထိ အသက် ၂၀ကျော်လူငယ်လေးလို အရမ်းကို တက်ကြွ နုပျိုနေဆဲဖြစ်တာကြောင့်‌ ယောကျာ်းလေးပရိသတ်တွေကလည်း အားကျရတဲ့ သူတစ်ဦးပါ။ ဘက်ပေါင်းစုံမှာ အရမ်းကိုတော်ပြီး စမတ်ကျတဲ့ သူတစ်ဦးဖြစ်တဲ့ လူပျိုကြီး စိုင်းစိုင်းရဲ့ အချစ်ရေးကတော့ လက်ရှိအချိန်ထိ တည်ငြိမ်နေပြီး ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေတဲ့ အကြောင်းအရာတစ်ခုပါ။

အနုပညာရှင်တွေကြားမှာ ရေပန်းစားတဲ့ Tiktok ဗီဒီယိုလေးတွေကနေ တဆင့် သူတို့ချစ်တဲ့ ပရိသတ်တွေကို အပျော်တွေကူးစက်စေတာမို့ အနုပညာရှင်တော်တော်များများက Tiktok ဆော့ကြပါတယ်။ တစ်နိုင်ငံလုံးရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းရဲ့ Tiktokတွေကော ပရိသတ်တွေ ကြည့်ဖူးလိမ့်မယ်မထင်ပါဘူး။

 

အခုဆိုရင် ပရိသတ်တွေအရမ်းကို ဆော့စေချင်တဲ့ Tiktokလေးတွေကို ကြိုးစားဆော့နေတဲ့ စိုင်းစိုင်းရဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ အခုမှဆော့ပေမယ့်လည်း အထာကျကျနဲ့ ဆော့တတ်တဲ့ စိုင်းစိုင်းရဲ့ ဗီဒီယိုလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေက အချစ်ပိုနေရပါပြီနော်။ ဒီတော့ CeleGabar ပရိသတ်ကြီးလည်း ခေတ်နောက်မကျအောင် စိုင်းစိုင်းရဲ့ Tiktokဗီဒီယိုလေးတွေကို တင်ပေးလိုက်ပါပြီနော်။

Source:Sai Sai

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)





 

error: Content is protected !!