” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူပါဝင်သွားမည် ဝီလျှံထွန်း နဲ့ ရဲရင့်သော် “

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် Project K အဖွဲ့ဝင်ဖြစ်တဲ့ ဝီလျှံထွန်းနဲ့ ရဲရင့်သော် တို့ကတော့ Laurel ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးတင်ဆက်မည့် “A (တစ်စုံတစ်ယောက်)” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်မည်လို့သိရပါတယ်။ရဲရင့်သော်ကတော့ သူ့အတွက် ရုပ်ရှင်လောကထဲကိုဝင်တဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့အကြောင်းကို “ပထမဦးဆုံးခြေလှမ်းမို့ အကောင်းဆုံးကြိုးစားသွားမှာပါ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပရိသတ်အချစ်တော် MRTV Entertainmentက ရေဒီယိုရုပ်သံဇာတ်လမ်းတွဲတွေရဲ့ ပင်တိုင်စံတွေဖြစ်တဲ့ စောယုနန္ဒာ၊ ဧငြိမ်းဖြူ၊ ဘလိတ်တို့ကလည်း ပါဝင်သရုပ်ဆောင်ထားတယ်။ “A (တစ်စုံတစ်ယောက်)” ရုပ်ရှင်ဇာတ်ကားကြီးကတော့ အကရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဇာတ်ကားအတွက်လိုအပ်တဲ့ အကပိုင်းကိုတော့ ထိုင်းနိုင်ငံမှ (I am Bazic) Crew ရဲ့ အဓိက အကဆရာ များဖြစ်ကြတဲ့ “Smart”နဲ့”Sofia” တို့က ပါဝင်ကူညီပေးထားကြပါတယ်။

ကဲ CeleGabar ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် Project K အဖွဲ့ဝင်ဖြစ်တဲ့ ဝီလျှံထွန်းနဲ့ ရဲရင့်သော် တို့ကတော့ Laurel ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးတင်ဆက်မည့် “A (တစ်စုံတစ်ယောက်)” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်တော့မှာတဲ့နော်။

Source: Ye Yint Thaw
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!