လက်မှတ်ရေးထိုးပွဲအတွက် ပြည်ကိုရောက်တုန်း တန်ခိုးကြီးဘုရားတွေဝင်ဖူးခဲ့ကြတဲ့ ခီမောင်နှံ

ပရိသတ်တွေ အားပေးကြမ်းနေတဲ့ Now and Everရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်ခဲ့ကြတဲ့ ခီမောင်နှံတို့ နှစ်ယောက်ကတော့ မြန်မာရုပ်ရှင်လောကကို အချိုးတကွေ့မှာ ပြောင်းလဲ ပေးခဲ့ကြတဲ့ သူတွေအဖြစ် ပရိသတ်တွေရဲ့ အမာခံအားပေးမှုများစွာကို ရရှိပိုင်ဆိုင်ထားတဲ့ စုံတွဲလေးဖြစ်ပါတယ်။ စမတ်ကျတဲ့ ပြီး တည်ငြိမ်တဲ့ ပုံစံနဲ့ သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းရှိတဲ့ မင်းသားဇာဏ်ခီနဲ့အတူ professional ဆန်တဲ့ ရိုက်ချက်တွေနဲ့ ဇာတ်ကားကောင်းတစ်ကားထွက်လာအောင် ရိုက်ကူးပုံဖော်နိုင်ခဲ့ ခီမောင်နှံတို့ နှစ်ဥိီးက အနုပညာမှာ ဘက်စုံအရည်အချင်းရှိတဲ့ သူတွေပါ။

ခီမောင်နှံရဲ့ ပထမဇာတ်ကားနှစ်ကားဟာလည်း ပရိသတ်တွေကြားမှာ ချီးကျူးစရာကောင်းလွန်းတဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ ဝက်ဝက်ကွဲအားပေးမှုတွေကို ရရှိခဲ့တဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ယခု ၂နှစ်ကျော်မှာ ထက်ပြီး ထွက်ရှိလာတဲ့ Now and Everရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးမှုတွေနဲ့ တကယ့်ကို အားရကျေနပ်စရာကောင်းပါတယ်။

 

အနုပညာပိုင်းမှာ တော်ရုံသာမက စိတ်ဓာတ်ပိုင်းမှာပါ အရမ်းကို ရင့်ကျက်တဲ့ ခီမောင်နှံတို့နှစ်ယောက်ရဲ့ ပြောပုံဆိုပုံလေးတွေကြောင့် ပရိသတ်တွေက ပိုပြီး လေးစားအားကျရတဲ့ စံပြစုံတွဲတစ်တွဲဖြစ်နေတာပါ။ အခုလည်း Now and Ever ရုပ်ရှင်ဇာတ်ကား လက်မှတ်ထိုးပွဲတွေအတွက် မြို့တိုင်းက ပရိသတ်တွေဆီကို သွားရောက်ခဲ့ရင်း ပြည်မြို့ကိုရောက်တုန်း ပြည်ဆံတော်ရှင်ဘုရားကြီးကို သွားရောက်ဖူးမျှော်ခဲ့ကြတဲ့ ခီမောင်နှံတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးကို CeleGabar ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

 

 

Source:Zenn kyi

NORA:CeleGabar
(Zawgyi ဖြင့်ဖတ်ရန်)

လက္မွတ္ေရးထိုးပြဲအတြက္ ျပည္ကိုေရာက္တုန္း တန္ခိုးႀကီးဘုရားေတြဝင္ဖူးခဲ့ၾကတဲ့ ခီေမာင္ႏွံ

ပရိသတ္ေတြ အားေပးၾကမ္းေနတဲ့ Now and Ever႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ိုက္ကူးပုံေဖာ္ခဲ့ၾကတဲ့ ခီေမာင္ႏွံတို႔ ႏွစ္ေယာက္ကေတာ့ ျမန္မာ႐ုပ္ရွင္ေလာကကို အခ်ိဳးတေကြ႕မွာ ေျပာင္းလဲ ေပးခဲ့ၾကတဲ့ သူေတြအျဖစ္ ပရိသတ္ေတြရဲ႕ အမာခံအားေပးမႈမ်ားစြာကို ရရွိပိုင္ဆိုင္ထားတဲ့ စုံတြဲေလးျဖစ္ပါတယ္။ စမတ္က်တဲ့ ၿပီး တည္ၿငိမ္တဲ့ ပုံစံနဲ႔ သ႐ုပ္ေဆာင္ပိုင္းမွာ အရည္အခ်င္းရွိတဲ့ မင္းသားဇာဏ္ခီနဲ႔အတူ professional ဆန္တဲ့ ႐ိုက္ခ်က္ေတြနဲ႔ ဇာတ္ကားေကာင္းတစ္ကားထြက္လာေအာင္ ႐ိုက္ကူးပုံေဖာ္ႏိုင္ခဲ့ ခီေမာင္ႏွံတို႔ ႏွစ္ဥိီးက အႏုပညာမွာ ဘက္စုံအရည္အခ်င္းရွိတဲ့ သူေတြပါ။

ခီေမာင္ႏွံရဲ႕ ပထမဇာတ္ကားႏွစ္ကားဟာလည္း ပရိသတ္ေတြၾကားမွာ ခ်ီးက်ဴးစရာေကာင္းလြန္းတဲ့ ဇာတ္ကားေတြျဖစ္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ ဝက္ဝက္ကြဲအားေပးမႈေတြကို ရရွိခဲ့တဲ့ ဇာတ္ကားေတြျဖစ္ပါတယ္။ ယခု ၂ႏွစ္ေက်ာ္မွာ ထက္ၿပီး ထြက္ရွိလာတဲ့ Now and Ever႐ုပ္ရွင္ဇာတ္ကားႀကီးကလည္း ပရိသတ္ေတြရဲ႕ ႐ုံျပည့္႐ုံလွ်ံအားေပးမႈေတြနဲ႔ တကယ့္ကို အားရေက်နပ္စရာေကာင္းပါတယ္။

အႏုပညာပိုင္းမွာ ေတာ္႐ုံသာမက စိတ္ဓာတ္ပိုင္းမွာပါ အရမ္းကို ရင့္က်က္တဲ့ ခီေမာင္ႏွံတို႔ႏွစ္ေယာက္ရဲ႕ ေျပာပုံဆိုပုံေလးေတြေၾကာင့္ ပရိသတ္ေတြက ပိုၿပီး ေလးစားအားက်ရတဲ့ စံျပစုံတြဲတစ္တြဲျဖစ္ေနတာပါ။ အခုလည္း Now and Ever ႐ုပ္ရွင္ဇာတ္ကား လက္မွတ္ထိုးပြဲေတြအတြက္ ၿမိဳ႕တိုင္းက ပရိသတ္ေတြဆီကို သြားေရာက္ခဲ့ရင္း ျပည္ၿမိဳ႕ကိုေရာက္တုန္း ျပည္ဆံေတာ္ရွင္ဘုရားႀကီးကို သြားေရာက္ဖူးေမွ်ာ္ခဲ့ၾကတဲ့ ခီေမာင္ႏွံတို႔ရဲ႕ ၾကည္ႏူးစရာပုံရိပ္ေလးကို CeleGabar ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

 

error: Content is protected !!