” အခန်းဖော်ဖြစ်တဲ့ ညီမလေး အေးမြဖြူ အပေါ်ထားတဲ့ အက်စတာရဲ့ သဘောထား “

တေးချစ်ပရိသတ်ကြား ရေပန်းစားနေတဲ့ Myanmar Idol ပြိုင်ပွဲဝင် မိန်းမချောလေး (၂)ယောက်ဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်နဲ့ အေးမြဖြူတို့ကတော့ ပြိုင်ပွဲတစ်လျှောက် တစ်ခန်းထဲအတူနေရတဲ့ အခန်းဖော်တွေပဲဖြစ်ပါတယ်။အက်စတာကတော့ အခန်းဖော်ဖြစ်တဲ့ အေးမြဖြူကို ” သူကအရမ်းတော်တာ၊သူကိုအရမ်းချစ်တဲ့ အဖွဲ့ထဲမှာသူနဲ့က တစ်ခန်းထဲလည်းဆိုတော့ သူကို့အရမ်းချစ်တယ်။သူကလည်း အမလိုပဲသဘောထားတော့လေ သူကသီချင်ဆိုတဲ့အခါမှာ အမြဲတမ်းလေ အဲဒီကာရိုက်တာထဲကို အမြဲထဲဝင်နိုင်တယ်။သူကို့အရမ်းကြိုက်တယ်၊ဒီ Rock Week မှာဆို အရမ်းကောင်းတယ် ” လို့ညီမလေး အေးမြဖြူ အပေါ်ထားတဲ့ သူရဲ့ သဘာထား ကို ပြောထားပါတယ်။

နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ Myanmar Idol ပြိုင်ပွဲကြီးမှာတော့ Winner တစ်ယောက်ဖြစ်ဆိုတာကတော့ တကယ်ကိုမလွယ်ကူတဲ့ကိစ္စ ဖြစ်ပါတယ်။ပြိုင်ပွဲဝင်တွေကတော့ Rock သီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတာဖြစ်ပြီး ပြိုင်ပွဲဝင် (၁)ယောက်ခြင်းစီရဲ့ သီချင်းရွေးချယ်မှုတွေနဲ့ အမိုက်စားသီဆိုဖျော်ဖြေခဲ့ပြီး အေးမြဖြူကတော့ “မြင်သောငိုသောမျက်လုံးများ” သီချင်းကို အကောင်းဆုံး ဖျော်ဖြေခဲ့ပါတယ်။အက်စတာကလည်း “ရင်ကိုဖွင့်လိုက်စမ်း” သီချင်းလေးနဲ့ အမိုက်သီဆိုပြီး Rock Mood အပြည့်နဲ့ ဖျော်ဖြေခဲ့တာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ အက်စတာနဲ့အေးမြဖြူတို့ကတော့ ချစ်တဲ့ပရိသတ်တွေကြား အပြိုင်အဆိုင်အားပေးမှုတွေပြင်းထန် ပြိုင်ဆိုင်နေပေမဲ့ သူတို့နှစ်ဦးကတော့ အရမ်းချစ်ကြတဲ့ အခန်းဖော်တွေပါတဲ့နော်။

Source: Exclusive on CeleGabar
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!