“ အကြောင်းတစ်ခုကြောင့် မေဦးနဲ့ ပြတ်ဖို့အတွက် စဉ်းစားထားတဲ့ ဟန်လင်း”

မေဦးနဲ့ဟန်လင်းကတော့ မြန်မာနိုင်ငံမှာ လူသိများထင်ရှားတဲ့ လိင်တူချစ်သူစုံတွဲဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ လိင်တူချစ်သူစုံတွဲတွေများပြားလာတာဖြစ်ပြီး မေဦးတို့အတွဲကတော့ မြန်မာနိုင်ငံမှာ ပွင့်ပွင့်လင်းလင်းချပြခဲ့တဲ့ ပထမဆုံးစုံတွဲလို့တောင်ပြောလို့ရပါတယ်။ လိင်တူချစ်သူတွေဖြစ်ပေမယ့် သူတို့ရဲ့တစ်ယောက်နဲ့တစ်ယောက် အရမ်းဂရုစိုက်ချစ်တတ်ပုံတွေကြောင့် ပရိသတ်ကြားမှာရေပန်းစားပြီး အားပေးဝန်းရံမှုအပြည့်အဝရရှိနေတဲ့ စုံတွဲဆိုလည်း မမှားပါဘူး။

ဝေဖန်တိုက်ခိုက်သူတချို့ရှိပေမယ့် အပြုံးမပျက်ပဲ ကိုယ်ရွေးချယ်ထားတဲ့လမ်းကြောင်းပေါ်မှာသာ အကောင်းဆုံးလျှောက်လှမ်းပြီး အောင်မြင်မှုရရှိနေကြသူတွေလည်းဖြစ်ပါတယ်။ မေဦးဟာ မြန်မာနိုင်ငံက ထိပ်တန်းမိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ရပ်တည်နေတာဖြစ်ပြီး ဟန်လင်းကတော့ ပန်းအလှဆင်ပညာရှင်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

အရမ်းချစ်တတ်ကြတဲ့သူအချင်းချင်းဖြစ်တာကြောင့် အချစ်ခရီးလမ်းက သာယာဖြောင့်ဖြူးနေတယ်ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် အချိုကြီးပဲမကြိုက်တဲ့ ဟန်လင်းတစ်ယောက်ကတော့ မေဦးကို ခဏလောက်ပြတ်ကြရအောင်ဆိုပြီး ပြောခဲ့တာကို “လခွမ်း ဘာပြောတယ်မှတ်လဲ? ချစ်ရေ မလွမ်းတာ မဆွေးရတာကြာပြီတဲ့ ကိုယ်တို့ခဏပြတ်ကြမလားတဲ့…ကဲဘယ်လိုလုပ်ရမလဲပြော” ဆိုပြီး မေဦးက သူချစ်ရတဲ့ပရိသတ်တွေကို ပြန်လည်ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။


Source – May Oo
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ အေၾကာင္းတစ္ခုေၾကာင့္ ေမဦးနဲ႔ ျပတ္ဖို႔အတြက္ စဥ္းစားထားတဲ့ ဟန္လင္း”

ေမဦးနဲ႔ဟန္လင္းကေတာ့ ျမန္မာႏိုင္ငံမွာ လူသိမ်ားထင္ရွားတဲ့ လိင္တူခ်စ္သူစုံတြဲျဖစ္ပါတယ္။ ေျပာင္းလဲလာတဲ့ေခတ္ႀကီးမွာ လိင္တူခ်စ္သူစုံတြဲေတြမ်ားျပားလာတာျဖစ္ၿပီး ေမဦးတို႔အတြဲကေတာ့ ျမန္မာႏိုင္ငံမွာ ပြင့္ပြင့္လင္းလင္းခ်ျပခဲ့တဲ့ ပထမဆုံးစုံတြဲလို႔ေတာင္ေျပာလို႔ရပါတယ္။ လိင္တူခ်စ္သူေတြျဖစ္ေပမယ့္ သူတို႔ရဲ႕တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းဂ႐ုစိုက္ခ်စ္တတ္ပုံေတြေၾကာင့္ ပရိသတ္ၾကားမွာေရပန္းစားၿပီး အားေပးဝန္းရံမႈအျပည့္အဝရရွိေနတဲ့ စုံတြဲဆိုလည္း မမွားပါဘူး။

ေဝဖန္တိုက္ခိုက္သူတခ်ိဳ႕ရွိေပမယ့္ အၿပဳံးမပ်က္ပဲ ကိုယ္ေ႐ြးခ်ယ္ထားတဲ့လမ္းေၾကာင္းေပၚမွာသာ အေကာင္းဆုံးေလွ်ာက္လွမ္းၿပီး ေအာင္ျမင္မႈရရွိေနၾကသူေတြလည္းျဖစ္ပါတယ္။ ေမဦးဟာ ျမန္မာႏိုင္ငံက ထိပ္တန္းမိတ္ကပ္ပညာရွင္တစ္ေယာက္အေနနဲ႔ရပ္တည္ေနတာျဖစ္ၿပီး ဟန္လင္းကေတာ့ ပန္းအလွဆင္ပညာရွင္အေနနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။

အရမ္းခ်စ္တတ္ၾကတဲ့သူအခ်င္းခ်င္းျဖစ္တာေၾကာင့္ အခ်စ္ခရီးလမ္းက သာယာေျဖာင့္ျဖဴးေနတယ္ဆိုလည္း မမွားပါဘူး။ ဒါေပမယ့္ အခ်ိဳႀကီးပဲမႀကိဳက္တဲ့ ဟန္လင္းတစ္ေယာက္ကေတာ့ ေမဦးကို ခဏေလာက္ျပတ္ၾကရေအာင္ဆိုၿပီး ေျပာခဲ့တာကို “လခြမ္း ဘာေျပာတယ္မွတ္လဲ? ခ်စ္ေရ မလြမ္းတာ မေဆြးရတာၾကာၿပီတဲ့ ကိုယ္တို႔ခဏျပတ္ၾကမလားတဲ့…ကဲဘယ္လိုလုပ္ရမလဲေျပာ” ဆိုၿပီး ေမဦးက သူခ်စ္ရတဲ့ပရိသတ္ေတြကို ျပန္လည္ေရးသားမွ်ေဝခဲ့တာျဖစ္ပါတယ္။
Source – May Oo
Rainbow- Cele Gabar

error: Content is protected !!