“သားသားလေးရဲ့ မွေးနေ့ကို ရိုးရိုးရှင်းရှင်းလေးပဲကျင်းပခဲ့တဲ့ သဉ္ဇာနွယ်ဝင်း”

သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာ သာယာပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားပါတယ်။အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး ခင်ပွန်းဖြစ်သူအတွက် ဇနီးကောင်း သားဖြစ်သူအတွက် မိခင်ကောင်းပီသတဲ့ သူတစ်ယောက်အနေနဲ့သာ မိသားစုဘဝလေးကို အချိန်ပေးဖြတ်သန်းနေတာလည်း တွေ့ရပါတယ်။

သဉ္ဇာနွယ်ဝင်းက ချစ်စရာကောင်းတဲ့ သားသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အပြင် နောက်ထပ်မီးမီးလေးတစ်ယောက်ကိုလည်း ကိုယ်ဝန်လွယ်ထားရပြီး မကြာမီအချိန်မှာ မီးမီးလေးကလည်း လူ့လောကထဲကို ရောက်ရှိလာတော့မှာပါ။မီးမီးလေးရဲ့ ကိုယ်ဝန်ကိုလွယ်ထားရပြီး မွေးဖွားဖို့အချိန်ကနီးကပ်နေပြီဖြစ်တာကြောင့်မနေ့ကနိုဝင်ဘာလ (၇)ရက်နေ့မှာ ကျရောက်တဲ့ သားသားလေးရဲ့ မွေးနေ့ပွဲလေးကိုတော့ ရိုးရိုးရှင်းရှင်းလေးပဲကျင်းပပေးခဲ့ပါတယ်။

အခုလို မွေးနေ့ပွဲကို ရိုးရိုးရှင်းရှင်းလေးပဲကျင်းပခဲ့တဲ့ အကြောင်းကိုတော့ “သားသား(၂)နှစ်ပြည့်မွေးနေ့ ကို မိသားစုသုံးယောက်ထဲ ပဲလုပ်ဖြစ်တယ် မေမေကမွေးတော့မှာဆိုတော့ နောက်နှစ်မှမွေးနေ့လုပ်ပေးတော့မယ်နော်”ဆိုပြီး မေမေသဉ္ဇာနွယ်ဝင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ သားသား Peach လေးရဲ့ မွေးနေ့အတွက် ဆုမွန်ကောင်းလေးတွေတောင်းပေးသွားပါဦး။

Source – Thinzar Nwewin
CleoPaTra – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

“သားသားေလးရဲ႕ ေမြးေန႔ကို ႐ိုး႐ိုးရွင္းရွင္းေလးပဲက်င္းပခဲ့တဲ့ သၪၨာႏြယ္ဝင္း”

သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလးတစ္ေယာက္ျဖစ္တဲ့ သၪၨာႏြယ္ဝင္းကေတာ့ လက္ရွိမွာ သာယာေပ်ာ္႐ႊင္ေအးခ်မ္းတဲ့ မိသားစုဘဝေလးကို ဖန္တီးတည္ေဆာက္ထားပါတယ္။အိမ္ေထာင္က်ၿပီးေနာက္ပိုင္းမွာ အႏုပညာအလုပ္ေတြကို ရပ္နားလိုက္ၿပီး ခင္ပြန္းျဖစ္သူအတြက္ ဇနီးေကာင္း သားျဖစ္သူအတြက္ မိခင္ေကာင္းပီသတဲ့ သူတစ္ေယာက္အေနနဲ႔သာ မိသားစုဘဝေလးကို အခ်ိန္ေပးျဖတ္သန္းေနတာလည္း ေတြ႕ရပါတယ္။

သၪၨာႏြယ္ဝင္းက ခ်စ္စရာေကာင္းတဲ့ သားသားေလးတစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့အျပင္ ေနာက္ထပ္မီးမီးေလးတစ္ေယာက္ကိုလည္း ကိုယ္ဝန္လြယ္ထားရၿပီး မၾကာမီအခ်ိန္မွာ မီးမီးေလးကလည္း လူ႔ေလာကထဲကို ေရာက္ရွိလာေတာ့မွာပါ။မီးမီးေလးရဲ႕ ကိုယ္ဝန္ကိုလြယ္ထားရၿပီး ေမြးဖြားဖို႕အခ်ိန္ကနီးကပ္ေနၿပီျဖစ္တာေၾကာင့္မေန႔ကႏိုဝင္ဘာလ (၇)ရက္ေန႕မွာ က်ေရာက္တဲ့ သားသားေလးရဲ႕ ေမြးေန႔ပြဲေလးကိုေတာ့ ႐ိုး႐ိုးရွင္းရွင္းေလးပဲက်င္းပေပးခဲ့ပါတယ္။

အခုလို ေမြးေန႕ပြဲကို ႐ိုး႐ိုးရွင္းရွင္းေလးပဲက်င္းပခဲ့တဲ့ အေၾကာင္းကိုေတာ့ “သားသား(၂)ႏွစ္ျပည့္ေမြးေန႔ ကို မိသားစုသုံးေယာက္ထဲ ပဲလုပ္ျဖစ္တယ္ ေမေမကေမြးေတာ့မွာဆိုေတာ့ ေနာက္ႏွစ္မွေမြးေန႔လုပ္ေပးေတာ့မယ္ေနာ္”ဆိုၿပီး ေမေမသဥၨာႏြယ္ဝင္းက သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနေဖာ္ျပထားတာပဲဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေရ သားသား Peach ေလးရဲ႕ ေမြးေန႕အတြက္ ဆုမြန္ေကာင္းေလးေတြေတာင္းေပးသြားပါဦး။

Source – Thinzar Nwewin
CleoPaTra – CeleGabar

error: Content is protected !!