“နေမကောင်းဖြစ်နေတဲ့ ချစ်သူကို ဂရုစိုက်ပေးနေတဲ့ ဝါဆို”

ပရိသတ်အချစ်တော်မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ဝါဆိုမိုးဦးကတော့ လတ်တလောမှာချစ်သူဖြစ်တဲ့ အဆိုတော်ဖြိုးလေးတစ်ယောက် နေမကောင်းဖြစ်နေတာကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ဖြိုးလေးကနေမကောင်းဖြစ်နေပြီး စိတ်မကြည်ဖြစ်နေတဲ့အကြောင်းကို “သူနေမကောင်းရင် အရစ်လုပ်ပြီ တစ်ချိန်လုံးရစ် ဘာရစ်နေမှန်းကိုမသိတာ”ဆိုပြီးလည်းဖော်ပြထားပါသေးတယ်။

ဖြိုးလေးနဲ့ ဝါဆိုတို့ နှစ်သူနှစ်ဦးဟာဆိုရင် တစ်ဦးကို တစ်ဦး နားလည်မှုအပြည့်အဝနဲ့ လက်တွဲလာတာဆိုရင် ချစ်သူသက်တမ်း (၄)နှစ်နီးပါးရှိနေပြီလည်း ဖြစ်ပါတယ်။ပျော်ရွှင်စရာကောင်းလှတဲ့ အချစ်ရေးလေးကိုတည်ဆောက်ထားနိုင်တာကြောင့် Idol Couple အဖြစ်နဲ့ သတ်မှတ်ခံနေရတဲ့ ချစ်စရာကောင်းတဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲလည်းဖြစ်ပါတယ်။

မကြာသေးမီကလည်း ဝါဆိုတစ်ယောက် ဖြိုးလေးကို စိတ်ဆိုးစိတ်ကောက်ဖြစ်ပြီး အဆိုတော်ဖြိုးလေးနဲ့ လမ်းခွဲကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကဖော်ပြခဲ့တာကြောင့် ပရိသတ်တွေက ချစ်စရာကောင်းတဲ့ စုံတွဲလေးကို ဆုံးရှုံးရပြီလားဆိုပြီး စိုးရိမ်ခဲ့ကြပါသေးတယ်။ဒါပေမဲ့လည်း ဖြိုးလေးက ဝါဆိုတစ်ယောက်စိတ်ကျေနပ်အောင်ချော့ခဲ့တာကြောင့် ပြန်လည်ပြေလည်ခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးတွေထဲမှာရော ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ အချစ်တွေတိုးနေတဲ့ စုံတွဲလေးတွေရှိလား။

Source – Warso Moe Oo
CleoPaTra – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





Source – Warso Moe Oo
CleoPaTra – CeleGabar

error: Content is protected !!