” Winner ရခဲ့ပေမယ့်လည်း ဒိုင်တွေရဲ့ ဝေဖန်မှုတွေကိုရရှိလိုက်တဲ့ ငြိမ်းချမ်း “

မကြာသေးမီကမှ ပရိသတ်အကြား ဝေဖန်မှုတွေနဲ့ပွဲဆူစေခဲ့တဲ့ The Model Academy Season (3) ကတော့ ပြိုင်ပွဲဝင်(၆)ဦးသာ ကျန်ရှိနေတာဖြစ်ပြီး ဒီပြိုင်ပွဲဝင်(၆)ဦးနဲ့ နှစ်ပတ်တိတိယှဉ်ပြိုင်ခဲ့ပါတယ်။ပထမတစ်ပတ်ရဲ့ Maybelline Runway Experience Challenge မှာတော့ ပြိုင်ပွဲဝင် ဒီဒီးက Winner ရရှိခဲ့ပြီး အိပ်ပြန်ရမယ့် ပြိုင်ပွဲဝင်ကတော့ မပေါ်ထွက်လာခဲ့ပါဘူး။ဒုတိယပတ်ရဲ့ မြန်မာ့ရိုးရာစုံတွဲအက Challenge မှာတော့ ပြိုင်ပွဲဝင်ငြိမ်းချမ်းက Winner ဆုကိုရရှိခဲ့ပြီး အိမ်ပြန်ရမယ့် ပြိုင်ဝင်တွေအနေနဲ့ကတော့ ပြိုင်ပွဲဝင် အမရာနဲ့သူရဇော်တို့ကတော့ နှုတ်ဆက်ထွက်ခွာသွားရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာ့ရိုးရာစုံတွဲအက Challengeရဲ့ Winner ဖြစ်တဲ့ ငြိမ်းချမ်းကတော့ ဆုကိုထိုက်တန်စွာရရှိခဲ့ပေမယ့်လည်း ဆုရရှိချိန်မှာ ပျော်ရွှင်မနေတဲ့ မျက်နှာအမူအရာကြောင့် ဒိုင်တွေကတော့ အားမလိုအားမရဖြစ်ခါ ဝေဖန်ခံလိုက်ရပါတယ်။ဒိုင်တစ်ဦးဖြစ်တဲ့ ဇင်အောင်ကတော့ “ငြိမ်းချမ်းရဲ့ ဖြစ်နေတဲ့ အဲဒီမျက်နှာအမှုအရာကို လုံးဝမကြိုက်ဘူး။ညီလေးတခြားသော အနုပညာနယ်ပယ်တွေမှာ ညီလေးအဲပုံစံအတိုင်းသွားမှာလား ” ဆိုပြီး ဝေဖန်ခဲ့ပါတယ်။

ဦးပီတာကလည်း “Winner ဆုရသွားတာတောင် ညီမျက်နှာမှာ အားရဝမ်းသာတဲ့ မျက်နှာလည်းမတွေ့ရဘူး စိတ်ဓာတ်ကျပြီးတော့စိတ်ပျက်နေတဲ့ပုံပေါက်နေတယ်” လို့ ဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ ငြိမ်းချမ်းကတော့ Winner ဆုရရှိခဲ့ပေမယ့်လည်း ဒိုင်တွေရဲ့ ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်။

Source: The Model Academy
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





error: Content is protected !!