“ငယ်ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေကို သမီးဖြစ်သူနဲ့ခရီးသွားရင်း ပြန်လည်ပြောပြခဲ့တဲ့ Lဆိုင်းဇီရဲ့မေမေ”

L ဆိုင်းဇီကတော့ ဂီတလောကမှာ အခိုင်အမာနေရာတစ်ခုနဲ့ရပ်တည်နေခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်လာခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့အချိန်တွေတုန်းက မိန်းကလေးတွေရဲ့ပါးစပ်ဖျားက သူ့ရဲ့သီချင်းတွေကိုပဲ စွဲနေစေတဲ့အထိ အောင်မြင်မှုရရှိခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အဒေါ်ဖြစ်သူ Lခွန်းရီက အောင်မြင်ကျော်ကြားခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့အတွက် ဂီတမျိုးရိုးကဆင်းသက်လာသူတစ်ယောက်ဆိုလည်းမမှားပါဘူး။

ဒါ့အပြင် အစ်ကိုဖြစ်သူ Lလွန်းဝါကလည်း သီချင်းအေးအေးလေးတွေသီဆိုတတ်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး မောင်နှမနှစ်ယောက်လိုက်ဖက်ညီစွာ ဂီတခရီးလမ်းကို လျှောက်လှမ်းနေတယ်ဆိုရမှာပါ။ L ဆိုင်းဇီဟာ လက်ရှိမှာ “မိုးကောင်းကင်ခရီး”ဆိုတဲ့ သီချင်းခွေလေးကိုထွက်ရှိထားပြီး ဒီသီချင်းခွေကတော့ အဒေါ်ဖြစ်သူ Lခွန်းရီရဲ့သီချင်းလေးတွေကို ပြန်လည်ခံစားသီဆိုထားတာပဲဖြစ်ပါတယ်။

မိခင်ဖြစ်သူကို အရမ်းချစ်တဲ့သူတစ်ယောက်ဖြစ်ပြီး အမေဖြစ်သူနဲ့ခရီးထွက်ဖြစ်တဲ့အခါမှာ ပျော်စရာအချိန်လေးတွေရရှိခဲ့ပြီး မိခင်ဖြစ်သူက ငယ်ဘဝအကြောင်းလေးတွေ ပြန်လည်ပြောပြခဲ့ကြောင်းကို“မိခင်ကြီး ကျွန်မနဲ့အတူခရီးမထွက်တာကြာတော့…သူနဲ့အတူဒီတစ်ခါ ခရီးသွားဖြစ်တယ်ပေါ့…တလမ်းလုံး သားအမိနှစ်ယောက်ဟာသတွေပြောပြီး ရီနေရတာ..ဖားကန့်လမ်းတစ်လျှောက်လည်း သူအသက် (၂၀)နှစ်နဲ့ မိသားစု၊ကျွန်မတို့ အားလုံးကိုဘယ်လို ရုန်းကန်ရှာဖွေကျွေးမွေးခဲ့ရကြောင်းနှင့်…ဖားကန့်လမ်း အဲ့ခေတ်အဲ့အခါက လမ်းမကောင်းလို့ လမ်းလျှောက်ပြီး ၃၊၄၊၅ ရက် ခြေလျှင်သွားပြီး တက်ခဲ့ရကြောင်း… လမ်းဘေးရွာတွေမှာခွင့်တောင်းပြီး အိပ်ခဲ့ရ..ရုန်းကန်ရှာဖွေခဲ့ရတဲ့ သူ့ဘဝဇာတ်ကြောင်းတွေပြောရင်း သတိရကြောင်းနဲ့သူ့ငယ်ဘဝမှာ..မိန်းမသားတစ်ယောက်ထဲ အသက် (၂၀)(၂၁) ကျောက်ကျင်းတွေတူး၊ မိသားစုကိုရှာဖွေကျွေးမွေးခဲ့တဲ့အကြောင်း”ကို သမီးဖြစ်သူ Lဆိုင်းဇီနဲ့ခရီးသွားရင်းပြောပြခဲ့တာဖြစ်ပြီး Lဆိုင်းဇီက သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။


Source – L Seng Zi
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်




Source – L Seng Zi
Rainbow- Cele Gabar

error: Content is protected !!