အလုပ်မအားတဲ့ကြားက ယောကျာ်းဖြစ်သူဝတ်ဖို့အတွက် ကိုယ်တိုင်လက်ချုပ်ချုပ်ပေးနေတဲ့ သန္တာလှိုင်

သန္တာလှိုင်လို့ဆိုလိုက်ရင် အမိုက်စားဘော်ဒီကောက်ကြောင်းတွေနဲ့မိန်းမချင်းတောင်အားကျရလောက်အောင်စမတ်ကျလွန်းတဲ့ စူပါမော်ဒယ်တစ်ယောက်ဆိုတာကို သိကြမှာပါ။မော်ဒယ်တစ်ယောက်အနေနဲ့သာမက လက်ရှိအချိန်မှာ T Fitness ကိုတည်ထောင်ထားတဲ့အပြင် The Model Academy အစီအစဉ်မှာလည်း ဒိုင်တစ်ယောက်အနေနဲ့ပါဝင်ထားတာဖြစ်ပါတယ်။


သိပ်မကြာသေးခင်ကလက်ထပ်ထားတဲ့ခင်ပွန်းဖြစ်သူအပေါ်မှာလည်း အလိုက်တသိနဲ့ဂရုစိုက်လွန်းတာကတော့ အခြားသူတွေအားကျရလောက်အောင်ပါပဲ။သန္တာလှိုင်ကတော့ခင်ပွန်းဖြစ်သူနဲ့အတူ မင်္ဂလာဆောင်သွားဖို့အတွက် ကိုယ်တိုင်လက်ချုပ်ချုပ်ပေးနေတဲ့အကြောင်းကို”ယောက်ကျားကို လှလှလေး ဆင်မပေးဘူးလို့ မပြောပါနဲ့နော်…. အလုပ်လုပ်နေရင်းနဲ့ ကိုယ်တိုင် လက်ချုပ်ချုပ်ပေးနေတာပါ ဒီည မင်္ဂလာဆောင်သွားရင် ဝတ်ဖို့ မဝတ်ရင် ကျွန်မရဲ့ အပြစ်မဟုတ်ပါ…..”လို့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတင်ထားတာဖြစ်ပါတယ်။


သန္တာလှိုင်ဟာမြန်မာနိုင်ငံရဲ့နာမည်ကြီးစူပါမော်ဒယ်လ်တစ်ယောက်ဖြစ်သလို ထူးချွန်ထက်မြက်တဲ့ကိုယ်ရည်ကိုယ်သွေးတွေကြောင့် လူအများစုကလေးစားအားကျရတဲ့ သူတစ်ယောက်လို့ဆိုရမှာပါ။The Model Academy အစီအစဉ်မှာပါဝင်လေ့ရှိတဲ့နေရာလေးမှာထိုင်ပြီးတော့ လက်ချုပ်ချုပ်နေတာကြောင့် လုပ်ငန်းခွင်ထဲမှာတောင်မှ ခင်ပွန်းဖြစ်သူကိုဂရုတစိုက်ရှိတာကြောင့် အလုပ်ရှုပ်နေတယ်ဆိုတာကိုမြင်နေရတာပါ။ဒီလိုအပြုအမူလေးတွေကြောင့် ပရိသတ်တွေကတော့ နာမည်ကြီးတစ်ယောက်ရဲ့လက်တွေ့ဘဝထဲကဂရုစိုက်မှုလေးကိုအားကျနေရပါပြီနော်…။
Source:ThandarHlaing
Moe-CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်





Source:ThandarHlaing
Moe-CeleGabar

error: Content is protected !!