ပရိသတ်တွေမြင်ရင် လုံးဝကို အံ့သြသွားစေမယ့် မင်းသားကြီး ကျော်သူရဲ့ ၁၉၉၀တုန်းကပုံလေး
အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားကြီးကျော်သူက သရုပ်ဆောင်ကောင်းတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေရဲ့ အချစ်တွေကို ယခင်အချိန်ကတည်းက ပိုင်ဆိုင်ထားတဲ့သူတစ်ဥိီးပါ။ အကယ်ဒမီဆုတွေများစွာကိုလည်း ပိုင်ဆိုင်ထားပြီး ပရဟိတလုပ်တဲ့နေရာမှာလည်း စံထားရတဲ့ ပုဂ္ဂိုလ်တစ်ဥိီးပါ။ လက်ရှိမှာတော့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာပြီး တိုးတက်လာတဲ့‌ခေတ်နဲ့အညီ ဆန်းသစ်တဲ့ ရိုက်ချက်တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဖန်တီးနေသူ ဒါရိုက်တာတစ်ဥိီးအဖြစ် မြင်တွေ့ရမှာပါ။
ရုပ်ရှင်လောကမှာ ဝါရင့်သရုပ်ဆောင်တစ်ဥိီးပီပီ ဇာတ်ကောင်တိုင်းကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသားကြီး ကျော်သူက သူသင်ယူခဲ့ရတဲ့ သရုပ်ဆောင်ပညာရပ်တွေကို တက်သစ်စ သရုပ်ဆောင်လေးတွေကို လက်ဆင့်ကမ်းသင်ကြားပေးနေတဲ့ လူတိုင်းလေးစားအားကျရတဲ့ ဆရာတစ်ဥိီးလည်းဖြစ်ပါတယ်။ မင်းသားမှန်ရင် ဘဝမှာတစ်ခါတော့ မိန်းမလျာပုံစံ သရုပ်ဆောင်ဖူးကြပါတယ်။
အခုလည်း မင်းသားကြီးကျော်သူက သူ့ရဲ့ ငယ်ဘဝပုံရိပ်တွေထဲက ပရိသတ်တွေတခါမှ မမြင်ဖူးသေးတဲ့ ပုံလေးကို ထုတ်ပြခဲ့တာပါ။ မိန်းကလေးတစ်ယောက်လို ပြင်ဆင်ထားတဲ့ မင်းသားကြီး ကျော်သူရဲ့ ၁၉၉၀ ဝန်းကျင်လောက်က ပုံလေးက ပရိသတ်တွေအမြင်မှာတော့ အထူးအဆန်းဖြစ်နေမှာပါ။ မိန်းကလေးလို တစ်ခါမှ မမြင်ဖူးတဲ့ မင်းသားကြီးကျော်သူရဲ့ မိန်းကလေးပုံစံလေးကို CeleGabar ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။
Source:Kyaw Thu
NORA:CeleGabar
(Zawgyi ဖြင့်ဖတ်ရန်)
အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသားကြီးကျော်သူက သရုပ်ဆောင်ကောင်းတဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေရဲ့ အချစ်တွေကို ယခင်အချိန်ကတည်းက ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပါ။ အကယ်ဒမီဆုတွေများစွာကိုလည်း ပိုင်ဆိုင်ထားပြီး ပရဟိတလုပ်တဲ့နေရာမှာလည်း စံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ လက်ရှိမှာတော့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာပြီး တိုးတက်လာတဲ့‌ခေတ်နဲ့အညီ ဆန်းသစ်တဲ့ ရိုက်ချက်တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဖန်တီးနေသူ ဒါရိုက်တာတစ်ဦးအဖြစ် မြင်တွေ့ရမှာပါ။
error: Content is protected !!