Box No.88 ရိုက်တုန်း ရင်သက်ရှုမောစရာကောင်းတဲ့ ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေးတစ်ခု

မြန်မာနိုင်ငံရဲ့ ထိပ်တန်းရုပ်ရှင်မင်းသား မင်းသမီးနှစ်ယောက်ဖြစ်တဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင် တို့နှစ်ယောက်ကတော့ သရုပ်ဆောင်ပိုင်းမှာ တွဲဖက်ညီတဲ့ သူတွေပါ။ နှစ်ယောက်လုံးက နိုင်ငံကျော်မင်းသားမင်းသမီးတွေဖြစ်တဲ့အပြင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူတွေဖြစ်ပါတယ်။ နှစ်ယောက်သားတွဲပြီး သရုပ်မဆောင်တာကြာပြီဖြစ်တဲ့ အူဝဲနဲ့ နေတိုးတို့ နှစ်ယောက်ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ တွဲဖက်ညီညီပြန်လည် တွေ့မြင်ရမယ့် Box No.88ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပရိသတ်တွေမကြာခင်မှာ ကြည့်ရှူခံစားရတော့မှာပါ။

တဖြည်းဖြည်းတိုးတက်လာတဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေနဲ့အတူ မြန်မာရုပ်ရှင်ဇာတ်ကားကြီးတွေကပိုပြီး အသက်ဝင်လာတာကို မြင်တွေ့ရမှာပါ။ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသရုပ်ဆောင်နေတဲ့ သရုပ်ဆောင်တွေရဲ့ ပရိသတ်တွေအပေါ်ထားတဲ့ စေတနာတွေကိုလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှ ကြည့်ရှူခံစားရမှာပါ။ အခုလည်း ပရိသတ်တွေကို သင်ခန်းစာတွေများစွာရရှိစေမယ့် Box No.88ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင်လည်း နေတိုးနဲ့ အူဝဲတို့ရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရှူရမှာပါ။

Box No.88ရိုက်ကူးစဉ်အချိန်က ဖုန်းလေးနဲ့ မှတ်တမ်းတင်ခဲ့တဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကို အူဝဲက ပရိသတ်တွေအတွက် တင်ပေးခဲ့တာပါ။ လေတွေ တဖြူးဖြူးတိုက်နေတဲ့ တောင်ပေါ်မှာ ရိုက်ကူးလုပ်ခဲ့တဲ့အချိန်လေးကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက်တင်ပေးခဲ့တာဖြစ်ပါတယ်။ တောင်ပေါ်ထိ လာပြီး ရိုက်ကူးမှုကို အားပေးနေတဲ့ ပရိသတ်တွေကြီးနဲ့ ဘယ်လိုကြိုးကြိုးစားစားသရုပ်ဆောင်ခဲ့လည်းဆိုတာကို CeleGabar ပရိသတ်တွေ ကြည့်ရှူနိုင်ဖို့တင်ပေးလိုက်ပါတယ်နော်။

Source:Eaindra Kyaw Zin

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)





error: Content is protected !!