“သရဲခြောက်ခံခဲ့ရဖူးတဲ့အကြောင်းကို ဖောက်သည်ချလိုက်တဲ့ ပိုင်ဖြိုးသု”

သရုပ်ဆောင်မင်းသမီးချောလေး ဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ ငယ်စဉ်ကတည်းက သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်မှာ အောင်မြင်မှုတွေရဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့် အဝရရှိနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဇာတ်တိုက်ဆိုသလို ရိုက်ကူးနေပြီး မကြာမီအချိန်မှာလည်း “အဟောင်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားဦးမှာဖြစ်ပါတယ်။

“အဟောင်း”ရုပ်ရှင်ဇာတ်ကားကြီးကတော့ ထိတ်လန့်ခြောက်ခြားဖွယ် သရဲကားဆန်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးဖြစ်တယ်လို့လည်း သိရပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ကျော်ကျော်ဗိုလ်၊အောင်ရဲထိုက်၊ပိုင်ဖြိုးသု၊Mary တို့အပြင်အခြားသောအနုပညာရှင်တွေလည်း ပါဝင်ပြီး ဒါရိုက်တာ သီဟစိုးကရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။ပိုင်ဖြိုးသုကတော့ အရင်က သရဲကားတွေရိုက်ကူးရင်း သရဲခြောက်ခံခဲ့ရတဲ့ အမှတ်တရတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

“သရဲလို့ထင်ရတယ်ပေါ့လေ။ကြည့်လိုက်တော့လူလိုပဲ။အမှောင်ကြီးထဲပျောက်သွားပြီးတော့ နောက်နေ့ကျတော့ သရဲလားလူလား သိချင်လို့ တစ်ခေါက်သွားပြန်စပ်စုတယ်။အဲ့ဒီနေရာကို သွားပြန်ကြည့်တယ်။ဘာမှမရှိဘူး အဲ့တော့မှ သရဲအခြောက်ခံရတာပဲလို့သိတာ”ဆိုပြီး ဖောက်သည်ချလာတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေထဲမှာရော သရဲအခြောက်ခံရဖူးရင် အတွေ့အကြုံလေးတွေမျှဝေပေးခဲ့ပါဦး။

Source – Exclusive On CeleGabar
CleoPaTra – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။





CleoPaTra – CeleGabar

x
error: Content is protected !!