“ပုဂံကိုအလည်အပတ်ရောက်ရှိနေတဲ့ ပျော်ရွှင်စရာကောင်းတဲ့ မင်းရာဇာတို့မိသားစုလေး”

မင်းရာဇာကတော့ ဗွီဒီယိုမင်းသားလို့ပြောရလောက်အောင် ဗွီဒီယိုလောကမှာ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားတွေ အများဆုံးရိုက်လေ့ရှိသူတစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။

 

အများတကာအားကျရလောက်တဲ့ အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေကို အကောင်းဆုံးတွေပဲချပြဖို့ ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါ့အပြင် တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ အရပ်အမောင်းကြောင့် ကမ္ဘာကျော်ရုပ်ရှင်တစ်ခုဖြစ်တဲ့ line walker မြန်မာပြည်ရိုက်ကွင်းကို သွားလည်ရင်းနဲ့သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။ ဗွီဒီယိုလောကပျက်စီးသွားပြီးနောက်ပိုင်းမှာ ကွဲပြားတဲ့တင်ဆက်မှုတွေနဲ့ ပြန်လာဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။

မင်းရာဇာဟာ လက်ရှိမှာ မင်းသမီးရှုံးလောက်အောင်လှတဲ့ သမီးလေးနဲ့သားလေးတစ်ယောက်တို့ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ချစ်ဇနီးနဲ့ အေးချမ်းသာယာတဲ့ဘဝလေးကို ရရှိပိုင်ဆိုင်နေတာလည်းဖြစ်ပါတယ်။ မကြာသေးမီကကျင်းပခဲ့တဲ့ (၈၈)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲကြီးနဲ့ ကေတုမတီ(တောင်ငူ)မြို့တည် နန်းတည်(၅၀၉) နှစ်ပြည့်ပွဲတော်ကြီးမှာလည်း ပါဝင်ဆင်နွဲခဲ့ပါသေးတယ်။ အဲ့ဒါပြီးတဲ့နောက်မှာတော့ ချစ်ခင်ရတဲ့ မိသားစုနဲ့အတူ ပုဂံကိုမိသားစုလိုက် ဘုရားဖူးထွက်နေတာဖြစ်ပြီး ပျော်ရွှင်ဖွယ်ပုံရိပ်တချို့တို့ကို ပရိသတ်ကြီးအတွက် မျှဝေပေးခဲ့တာဖြစ်ပါတယ်။


Source – Min Yar Zar
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်




Source – Min Yar Zar
Rainbow- Cele Gabar

x
error: Content is protected !!