“ရင်းရင်းနှီးနှီးတွေ့ဆုံရမယ့် အခွင့်အရေးလေးအတွက် ပရိသတ်တွေကို ပါဝင်ဖို့ ဖိတ်ခေါ်လိုက်တဲ့ သဇင်ထူးမြင့်”

ပရိသတ်အချစ်တော် တက်သစ်စမင်းသမီးချောလေး တစ်ယောက်ဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ လက်ရှိမှာ သူနဲ့ အတူတူပျော်ပျော်ရွှင်ရွှင်တွေ့ဆုံပြီး အစားအသောက်တွေချက်ပြုတ်ဖို့အတွက် ချစ်ရတဲ့ ပရိသတ်တွေကိုဖိတ်ခေါ်လိုက်ပြန်ပါတယ်။သဇင်ထူးမြင့်က သူပါဝင်တဲ့ ပရိုဂရမ်တစ်ခုမှာ သူနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် စားစရာသောက်စရာလေးတွေ အတူတူ ဝယ်ကြပြီး အတူတူ ချက်ပြုတ်စားသောက် ရမှာဖြစ်တာကြောင့် ပါဝင်ပေးဖို့ကို ဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်။

သဇင်ထူးမြင့်ဟာဆိုရင် (၂၀၁၉)ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ ရွှေကြိုမယ်လေးတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း ဇာတ်တိုက်ဆိုသလို လုပ်ဆောင်နေတာဖြစ်ပြီး သဇင်ထူးမြင့်ဟာ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲတွေကိုပါ ပါဝင်သရုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အပြင် စိတ်ထားလေးကလည်း ဖြူစင်ပြီး ပရိသတ်တွေအပေါ်ကိုလည်း ဖော်ဖော်ရွေရွေဆက်ဆံလေ့ရှိတာကြောင့် အားပေးတဲ့ ပရိသတ်တွေ တော်တော်များများကို ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးတွေက သဇင်ထူးမြင့်နဲ့ ရင်းရင်းနှီးနှီးပျော်ပျော် အစားအသောက်တွေချက်ပြုတ်ခွင့်ရမယ့် အခွင့်အရေးလေးဖြစ်တာကြောင့် လက်မလွတ်ရလေအောင် ပရိသတ်တွေအတွက် ဒီသတင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်။

Source – Thazin Htoo Myint
Photo Credit – Enjoy K Food in Myanmar
CleoPaTra – CeleGabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်။

“ရင္းရင္းႏွီးႏွီးေတြ႕ဆုံရမယ့္ အခြင့္အေရးေလးအတြက္ ပရိသတ္ေတြကို ပါဝင္ဖို႔ ဖိတ္ေခၚလိုက္တဲ့ သဇင္ထူးျမင့္”

ပရိသတ္အခ်စ္ေတာ္ တက္သစ္စမင္းသမီးေခ်ာေလး တစ္ေယာက္ျဖစ္တဲ့ သဇင္ထူးျမင့္ကေတာ့ လက္ရွိမွာ သူနဲ႔ အတူတူေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေတြ႕ဆုံၿပီး အစားအေသာက္ေတြခ်က္ျပဳတ္ဖို႔အတြက္ ခ်စ္ရတဲ့ ပရိသတ္ေတြကိုဖိတ္ေခၚလိုက္ျပန္ပါတယ္။သဇင္ထူးျမင့္က သူပါဝင္တဲ့ ပ႐ိုဂရမ္တစ္ခုမွာ သူနဲ႔အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စားစရာေသာက္စရာေလးေတြ အတူတူ ဝယ္ၾကၿပီး အတူတူ ခ်က္ျပဳတ္စားေသာက္ ရမွာျဖစ္တာေၾကာင့္ ပါဝင္ေပးဖို႕ကို ဖိတ္ေခၚထားတာပဲျဖစ္ပါတယ္။

သဇင္ထူးျမင့္ဟာဆိုရင္ (၂၀၁၉)ခုႏွစ္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ အကယ္ဒမီေပးပြဲမွာ ေ႐ႊႀကိဳမယ္ေလးတစ္ေယာက္အေနနဲ႔ ပါဝင္ခဲ့ၿပီး အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာခဲ့တာပဲျဖစ္ပါတယ္။လက္ရွိမွာဆိုရင္လည္း ဇာတ္တိုက္ဆိုသလို လုပ္ေဆာင္ေနတာျဖစ္ၿပီး သဇင္ထူးျမင့္ဟာ ပထမဆံုး ႐ုပ္သံဇာတ္လမ္းတြဲေတြကိုပါ ပါဝင္သ႐ုပ္ေဆာင္ေနၿပီလည္း ျဖစ္ပါတယ္။

ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ထားတဲ့ အျပင္ စိတ္ထားေလးကလည္း ျဖဴစင္ၿပီး ပရိသတ္ေတြအေပၚကိုလည္း ေဖာ္ေဖာ္ေ႐ြေ႐ြဆက္ဆံေလ့ရွိတာေၾကာင့္ အားေပးတဲ့ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားကို ရရွိပိုင္ဆိုင္ထားတာပဲျဖစ္ပါတယ္။CeleGabar ပရိသတ္ႀကီးေတြက သဇင္ထူးျမင့္နဲ႕ ရင္းရင္းႏွီးႏွီးေပ်ာ္ေပ်ာ္ အစားအေသာက္ေတြခ်က္ျပဳတ္ခြင့္ရမယ့္ အခြင့္အေရးေလးျဖစ္တာေၾကာင့္ လက္မလြတ္ရေလေအာင္ ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္။

Source – Thazin Htoo Myint
Photo Credit – Enjoy K Food in Myanmar
CleoPaTra – CeleGabar

error: Content is protected !!